မြရိပ်ညိုဟိုတယ်ဝင်းအတွင်းတည်ဆောက်မည့် အဆင့်မြင့်စီမံကိန်းနှင့်ပတ်သက်၍ မည်သည့်ခွင့်ပြုချက်မှ မရသေးဟုဆို - Property News in Myanmar from iMyanmarHouse.com
1698 Views

မြရိပ်ညိုဟိုတယ်ဝင်းအတွင်းတည်ဆောက်မည့် အဆင့်မြင့်စီမံကိန်းနှင့်ပတ်သက်၍ မည်သည့်ခွင့်ပြုချက်မှ မရသေးဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြရိပ်ညိုဟိုတယ်ဝင်းအတွင်း၌ တည်ဆောက်မည့် Yangon New World အဆင့်မြင့်စီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဝန်ကြီးချုပ် မစ္စတာ He Bao Xiang နှင့် စီးပွားရေးပညာရှင်များ လာရောက်ကြည့်ရှုလေ့လာခဲ့သော်လည်း ယင်းစီမံကိန်းနှင့်ပတ်သက်၍ မည်သည့်ခွင့်ပြုချက်မှ မရရှိသေးကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းထွဋ်က ပြောသည်။

''အခု လောလောဆယ်တော့ ဒီစီမံကိန်းကိုတားထားတယ်။ ဆောက်လုပ်မှုနဲ့ပတ်သက်လို့လည်း ဘာတခုမှ ခွင့်ပြုချက် မရသေးဘူး။ တရုတ်ပြည်ယူနန်က ဒုတိယဝန်ကြီးချုပ်နဲ့ စီးပွားရေးပညာရှင်တွေ လာရောက်တာက လည်း စီမံကိန်းပုံစံကိုလာကြည့်တာပါ။ ကြည့်လည်း ဘာမှဖြစ်လာမှာမဟုတ်ပါဘူး''ဟု ဦးသောင်းထွဋ်က ဆိုသည်။

ယင်းစီမံကိန်းသည် ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက်မှတ်တမ်းများ ရယူခြင်းမရှိခဲ့သလို စည်ပင်သာယာရေးကော်မတီသို့ တင်ပြထားသည့်အဆင့်သာရှိပြီး တရားဝင်ခွင့်ပြုချက်မရသေး ကြောင်း ၎င်းက ပြောသည်။

''ကျွန်တော်ကတော့ ပြောပိုင်ခွင့်မရှိပေမဲ့ ဥက္ကဋ္ဌကြီးပြောတဲ့ သတင်းတွေမှာပါတဲ့အတိုင်းပါပဲ''ဟု ဇေကမ္ဘာ ကုမ္ပဏီ မြရိပ်ညိုဟိုတယ်ဝင်းစီမံကိန်မှ ဒါရိုက်တာကိုထွန်းဝင်းဟန်က ပြောသည်။

အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်မည့် ရန်ကုန်မြို့၏ အကြီးဆုံးစီမံကိန်း တခုဖြစ် လာမည့် Yangon New World စီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိပါက အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းမြေ ၁၄ ဧကအပေါ်တွင် ဈေးဝယ်စင်တာများ၊ လူနေအိမ်များ၊ ကြယ်ငါးပွင့်အဆင့်ဟိုတယ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

'' စီမံကိန်းနဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုကို အခုလောလောဆယ်စိစစ်နေပါ တယ်''ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူတဦးက ပြောသည်။

တရုတ်နိုင်ငံ China State Construction Engineering Corporation နှင့် ဇေကမ္ဘာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည့်အဆိုပါစီမံကိန်းတွင် တရုတ်ကုမ္ပဏီက ၆ဝ ရာခိုင်နှုန်း၊ ဇေကမ္ဘာကုမ္ပဏီမှ ၄ဝ ရာခိုင်နှုန်း ပါဝင်ကြကြောင်း သိရသည်။

'' ဒီမြရိပ်ညိုဟိုတယ်နေရာက တပ်မတော်ပိုင်ဖြစ်ပြီး တပ်မတော်က ဇေကမ္ဘာကုမ္ပဏီကို နှစ်ပေါင်း ၇ဝ ငှားလိုက် တယ်။ ၂ဝဝ၉ ခုနှစ်ကတည်းက တနှစ်ကိုဘယ်လောက်နဲ့ ငှားတယ်ဆိုတာတော့ မသိဘူး။ ပြီးတော့ ဆောက် လုပ်မယ့်နေရာနားမှာ ရေဂါလန်ပေါင်း သန်း ၂ဝ ကျော်တဲ့ ရေလှောင်ကန်ကြီးလည်းရှိတယ်။ နောက်ပြီးတော့ အင်္ဂလိပ်ခေတ်က မြို့တော်ဝန်နေထိုင်သွားတဲ့ အိမ်ရာအချို့လည်း ဖြိုချခဲ့တာလည်းရှိတယ်''ဟု ရွှေတောင်ကြား ၂ ရပ်ကွက်နေ ဦးဝင်းဗိုလ်က ပြောသည်။

အဆိုပါ ရေလှောင်ကန်ကြီးကို ၁၉၂၅-၁၉၂၆ ခုနှစ်တွင် တည်ဆောက်ပြီး RC ကွန်ကရစ်ဖြစ်ကာ ရေဂါလန်ပေါင်း သန်း ၂ဝ ကို ရန်ကုန်မြို့အတွင်း အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ လူနေရပ်ကွက်များသို့ အဓိကရေပေးဝေနေကြောင်း သိရသည်။

Credit: News Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service