Local Property News | Posted by Aye Myat Thu
ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ယူတည်ဆောက်မည့်တန်ဖိုးနည်းအိမ်ရာတိုက်ခန်းအတွက် အခန်းတန်ဖိုးနှင့်တည်ဆောက်စရိတ်များမှာ အစိုးရချထားပေးသည့်ဘက်ဂျက်ပေါ်မူတည်ကာ သတ်မှတ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဌဦးရှိန်ဝင်းက ပြောသည်။
"တည်ဆောက်စရိတ်နဲ့ပတ်သတ်ပြီးအဖွဲ့လေးဖွဲ့ ကိုတင်ဒါပေးထားတယ် ကုန်ကျစရိတ်အခန်းတန်ဖိုးတွေကတော့ အစိုးရဘက်ကချထားပေးတဲ့ဘက်ဂျက်ကျလာမှသိရမယ် အဲ့အချိန်ကျရင်ဒေါ်လာဈေးကျသွားရင်တော့ပိုအဆင်ပြေနိုင်မယ်''လို့ ၎င်းကရှင်းပြသည်။
အစိုးရကသတ်မှတ်ထားသည့်တန်ဖိုးနည်းအိမ်ရာများသည် ကျပ်သိန်းတစ်ရာအောက်သာစရိတ်သတ်မှတ်ရောင်းချရန်ညွန်ကြားထားသောကြောင့် လက်ရှိကုန်ကျစရိတ်များကိုပြန်လည်တွက်ချက်ကာ အခန်းတန်ဖိုးနှင့်ကုန်ကျစရိတ်ပြန်လည်တောင်းခံရမည် ဖြစ်သည်။
လက်ရှိအစိုးရသည် တန်ဖိုးနည်းအိမ်ရာများကို ကျပ်၉၈သိန်းဝန်းကျင်မှကျပ်သိန်း၁၂၅သိန်းအထိဈေးနှုန်းသတ်မှတ်ရောင်းချ လျက်ရှိပြီးလှိုင်သာယာမြို့နယ် ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ တောင်ဒဂုံမြို့နယ်တို့မှ အိမ်ရာများကိုရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com