မန္တလေးစက်မှုဇုန်ဝန်းကျင်မြေကွက်များတွင် ဂိုဒေါင်ငှားရမ်းမှုမြင့်တက် - Property News in Myanmar from iMyanmarHouse.com
720 Views

မန္တလေးစက်မှုဇုန်ဝန်းကျင်မြေကွက်များတွင် ဂိုဒေါင်ငှားရမ်းမှုမြင့်တက်

မန္တလေးစက်မှုဇုန်ဝန်းကျင်ရှိ မြေကွက်များတွင် ဂိုဒေါင်ဆောက်လုပ်၍ စီးပွားရေးလုပ်ငန်းရှင်များကို ငှားရမ်းမှု မြင့်တက်လာကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များအသိုင်းအဝိုင်းထံမှ သိရသည်။

စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြေကွက်လပ်များကို အုတ်တံတိုင်းကာရံခြင်း၊ ဝင်းခြံကာရံခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ကြရန်နှင့် လိုက်နာခြင်းမရှိသူထံမှ မြေကွက်ပြန်သိမ်းမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပထမအကြိမ်သတိပေးခဲ့ပြီး ယခုနှစ်မေလ ၁၈ ရက်နေ့တွင် နောက်ဆုံးအကြိမ် အသိပေးကြေညာချက် ထုတ်ပြန်ထားသောကြောင့် ယခုကဲ့သို့ ဆောက်လုပ်လာကြခြင်းဖြစ်သည်။

မြေကွက်လွတ်များပေါ်တွင် အဆောက်အအုံများဆောက်လုပ်ရန် အစိုးရကညွှန်ကြားထားမှုကို လိုက်နာပြီးသာဖြစ်သလို ကျူးကျော်နေထိုင်သူများ၏ အန္တရာယ်မှလည်း ကာကွယ်ပြီးဖြစ်သောကြောင့် မြေကွက်ပိုင်ရှင်အချို့က ဂိုဒေါင်များဆောက်လုပ်၍ ပြန်လည်ငှားရမ်းလာကြခြင်းဖြစ်ကြောင်း ဝသုနြေ္ဒ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးမျိုးမြင့်အောင်က ပြောကြားသည်။

“စက်မှုဘက်မှာငှားချင်လို့ဆိုပြီး လာစုံစမ်းနေတဲ့လူကလည်း နေ့စဉ်ရှိနေတယ်။ မိုနိုပိုလီကစားပွဲလိုပဲ။ မြေကွက်အငှားဈေးကွက်ဖြစ်တဲ့နေရာမှာ အဆောက်အအုံဆောက်ပြီးငှားတော့ မြေရှင်အတွက်လည်း ပိုက်ဆံပြန်ဝင်တာပေါ့”ဟု ၎င်းက ရှင်းပြသည်။

စက်မှုဇုန်အတွင်း စက်ရုံနှင့်ဂိုဒေါင် အကြီးစားများ ပါဝင်သောမြေကွက်များကို ငှားရမ်းလိုသူများလည်းရှိရာ အငှားဈေးကွက်ကောင်းမွန်လာသည့်အပေါ် မြေကွက်ပိုင်ရှင်အချို့က အဆောက်အအုံများ ဆောက်လုပ်ကာ ငှားရမ်းလာကြခြင်းဖြစ်ကြောင်း ပတ္တမြားနန်းတော် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးဝင်းကျော်ဇောက ဖြည့်စွက်ပြောကြားသည်။

“မြေဝယ်ထားတဲ့သူက ပြန်ရောင်းရှုံးမယ်ဆိုတော့ ဒီအတိုင်းပစ်ထားမယ့်အတူတူ ဂိုဒေါင်ဆောက်ပြီး ငှားစားရင် ပိုအဆင်ပြေတော့ အများစုက ဂိုဒေါင်တွေ ဆောက်လာကြတယ်”ဟု ၎င်းက ပြောဆိုသည်။

စက်မှုဇုန်တွင် မြေကွက်ငှားရမ်းလိုသူအများစုမှာ တရုတ်နိုင်ငံသားဖြစ်ပြီး အသီးအနှံနှင့် စက်ပစ္စည်းများ သိုလှောင်ရန် ဂိုဒေါင် (အကြီးစား) များကိုသာ ငှားရမ်းလေ့ရှိကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

စက်မှုဇုန်ပတ်ဝန်းကျင်ရှိ ဂိုဒေါင်ပါ မြေကွက်များ၏ ငှားရမ်းခမှာ အကျယ်အဝန်းနှင့် လမ်းအနေအထားပေါ်မူတည်၍ ကျပ်သိန်း ၂၀ မှ ကျပ်သိန်း ၁၀၀ ဝန်းကျင် အထိရှိကြောင်း ပြည်ကြီးတံခွန် မြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အချို့ထံမှသိရသည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

Upcoming Property Events

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service