Local Property News | Posted by Aye Myat Thu
အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ)က ကန်ဒေါ်လာဈေးကစားသူများကို ခေါ်ယူစစ် ဆေးနေချိန်တွင် တရားမဝင်ငွေကြေးဈေးကွက်ရပ်နားပြီး လေးရက်အတွင်း ဒေါ်လာလဲနှုန်းသည် ၅၅ ကျပ်ခန့် ကျဆင်းလာသည်။
ပြည်တွင်း ဈေးကွက်တွင် စက်တင်ဘာ ၂၁ ရက်က အမြင့် ဆုံး တစ်ဒေါ်လာ ၁,၆၃၀ ကျပ်အထိ မြင့်တက်ပြီး စက်တင်ဘာ ၂၅ ရက်တွင် တစ်ဒေါ်လာ ၁,၅၇၅ ကျပ်ခန့်သို့ ကျဆင်းလာသည်။
ပြင်ပငွေကြေးဈေးကွက်တွင် ဒေါ်လာဈေး ဖွင့်ရောင်းဝယ်ခြင်းမရှိဘဲ ငွေလဲကောင်တာများနှင့် ပုဂ္ဂလိကဘဏ်များရှိ ငွေလဲကောင်တာများ ဈေးဖွင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
‘‘ဘယ်သူမှ ဒေါ်လာကို အရောင်းအဝယ်မလုပ်ရဲကြဘူး။ ဒီနေ့ ဈေးပိတ်တယ်ပဲ ပြောနေရ တယ်’’ဟု ငွေလဲဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးက စက်တင်ဘာ ၂၅ ရက် ပြင်ပငွေကြေးဈေးကွက် အခြေအနေကို ပြောသည်။
‘‘ဒေါ်လာဈေးတက်လိုက်၊ ကျလိုက်နဲ့ စီးပွားရေးလုပ်ဖို့က တော်တော်ခက်ပါတယ်’’ ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။
ဒေါ်လာဈေး ကစားသူများ ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးခြင်းကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ဆက်လက်ကျဆင်းနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က မှန်းဆ နေသည်။ ပြည်တွင်း ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးကျဆင်း လာသကဲ့သို့ ဗဟိုဘဏ်၏ ရည် ညွှန်းငွေလဲနှုန်းသည် တစ်ဒေါ်လာ ၁,၅၉၀ ကျပ်မှ ၁,၅၈၂ ကျပ်သို့ ကျဆင်းလာသည်။
Credit: 7Daydaily