ရွှေတင်သွင်း၊ တင်ပို့မှု One Stop Service ၀န်ဆောင်မှုကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီတစ်ခုအား လုပ်ကိုင်ခွင့်ပေး၍ ကန့်ကွက် - Property News in Myanmar from iMyanmarHouse.com
1216 Views

ရွှေတင်သွင်း၊ တင်ပို့မှု One Stop Service ၀န်ဆောင်မှုကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီတစ်ခုအား လုပ်ကိုင်ခွင့်ပေး၍ ကန့်ကွက်

ရွှေတင်သွင်း၊ တင်ပို့ ခြင်းကို တစ်နေရာတည်းအပြီး ဆောင်ရွက်ပေးမည့် (One Stop Service) စင်တာကို စက်တင်ဘာ ၂၄ ရက်တွင်စတင်ဖွင့်ခဲ့ပြီး ၀န် ဆောင်မှုအတွက် တင်ဒါမခေါ်ဘဲ ကုမ္ပဏီတစ်ခုတည်းအား သက် တမ်းအကန့်အသတ်မရှိ လုပ်ကိုင် ခွင့်ပေးအပ်ခြင်းကို မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌက ကန့်ကွက်ခဲ့သည်။

ထို One Stop Service စင်တာသည် နိုင်ငံအတွင်း ရွှေတင်ပို့၊ တင်သွင်းခြင်းကို စစ်ဆေးကြီး ကြပ်ဆောင်ရွက်ပြီး တစ်နေရာ တည်း၌ ခွင့်ပြုပေးမည့်နေရာဖြစ် ကာလုပ်ငန်းရှင်များထံမှ ၀န် ဆောင်ခကောက်ယူမည်ဟု ရွှေ လုပ်ငန်းရှင်အသင်းက ကြေညာ သည်။

အဆိုပါလုပ်ငန်းကို မြန်မာ ရွှေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီအားလုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။

‘‘ ကုမ္ပဏီက ဘယ်လိုလုပ် ပိုင်ခွင့်ရသွားလဲ သိဖို့လိုတယ်။ အိတ်စပို့လုပ်ရင်ဝန်ဆောင်ခကို သူတို့ကို အမြဲတမ်းပေးနေရမယ်။ တစ်သက်လုံးလား။ လုပ်ကိုင်ခွင့် ဘယ်နှနှစ်ရထားတာလဲ။ မြန်မာ နိုင်ငံကြီး တည်ရှိသရွေ့ရထားတာ လား။ ဘယ်လိုရထားတာလဲ။ ကျွန်မတို့ကလုပ်ငန်းရှင်ဖြစ်တဲ့အ တွက်ကြောင့် ဒီစင်တာကြီးကိုအ သုံးပြုရမယ်’’ ဟု မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဒေါ်ကလျာပြည့်ဝေလျှံက ပြောသည်။

အဆိုပါကုမ္ပဏီသည် အသင်းတွင်ပါဝင်သည့် လုပ်ငန်းရှင် အချို့က ကိုယ်ကျိုးအတွက် တည်ထောင်ထားခြင်းဖြစ်ပြီး ပြည်တွင်းရှိ ရွှေအသင်းများနှင့် တစ်စုံတစ်ရာ ပတ်သက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ပြီး ထိုကုမ္ပဏီ ဒါရိုက်တာဦးအုန်း မြိုင်က ကုမ္ပဏီသည် ၀န်ဆောင်ခ အနည်းငယ်နှင့် အစိုးရ၏လုပ်ငန်း ကိုထောက်ပံ့ရန်သာဖြစ်ပြီး ၀န် ဆောင်ခနှင့် လုပ်ကိုင်ခွင့်သက် တမ်း သတ်မှတ်ထားခြင်းမရှိသေး ဟုဆိုသည်။ ထိုလုပ်ငန်းလုပ်ရန် ကုမ္ပဏီကို ၂၀၁၃ တွင်ဖွဲ့စည်းခဲ့ ကြောင်း ဦးအုန်းမြိုင်ကဆိုသည်။

ရွှေလောကအတွက် One Stop Service စင်တာဖွင့်လှစ် ရခြင်းမှာ ရွှေလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးဖြစ်ပြီး အစိုးရ၏ ကြိုးနီစနစ်များဖြေလျှော့ကာ ရွှေတင်ပို့၊တင်သွင်းခြင်းကို တစ်နေရာတည်း အပြီးဆောင်ရွက်ပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

အစိုးရက ရွှေပြည်ပတင်ပို့၊ တင်သွင်းခြင်းကို ယခုနှစ် ဇန်န၀ါ ရီတွင် ပထမဆုံး တရားဝင်ခွင့် ပြုကြောင်း ကြေညာပြီး One Stop Service ကိုရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Culture Valley ၌ စက်တင်ဘာ ၂၄ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

 

Credit: 7Daydaily

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service