မန္တလေးဝန်းကျင် အကွက်ရိုက်မြေအချို့ အရစ်ကျလျှော့ဈေး ရောင်းချ - Property News in Myanmar from iMyanmarHouse.com
1473 Views

မန္တလေးဝန်းကျင် အကွက်ရိုက်မြေအချို့ အရစ်ကျလျှော့ဈေး ရောင်းချ

မန္တလေးမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေက အကွက်ရိုက်မြေအချို့ အခြေခံဝန်ထမ်းတွေ တတ်နိုင်လောက်တဲ့ တစ်လချင်းအရစ်ကျပေးသွင်းရတဲ့ပုံစံကို ပြောင်းလဲရောင်းလာကြတယ်လို့ သိရပါတယ်။ အရင်က လက်ငင်းစနစ်နဲ့ ရောင်းချနေရာကနေ အခုအခါ လျှော့ဈေး အရစ်ကျစနစ်နဲ့ အရောင်းအဝယ် ပြုလာကြတယ်။

 

ပုသိမ်ကြီးမြို့နယ်ထဲက မြေကွက်အချို့မှာ (၃၀x၄၀)ပေ မြေတစ်ကွက်ကို ကျပ်သိန်း (၄၀)ဝန်းကျင်ခန့်နဲ့ အရောင်းသတ်မှတ်ကာ ပထမအရစ်ပေးချေရတဲ့ ငွေဟာ ကျပ် (၅)သိန်းဝန်းကျင်ခန့်နဲ့ တစ်လကို ကျပ် (၁)သိန်းမှ (၃)သိန်းနှုန်းခန့်နဲ့ ပေးသွင်းရတယ်လို့ မြေဝယ်လက် တစ်ဦးဆီက သိရပါတယ်။ တရားမဝင် ကွက်သစ်ရိုက် လုပ်ဆောင်နေမှုတွေအပေါ် အာဏာပိုင်တွေဘက်က တားဆီးမှုတွေ ပြုလုပ်နေပြီးနောက် အဆိုပါဒေသတွေရှိ မြေအရာင်းအဝယ်ဈေးကွက် ရပ်တန့်သွားရုံသာမက အရောင်းအဝယ်ဖြစ်ပြီးသား မြေအချို့ပါ အရောင်းအဝယ်ပျက်လာပြီးနောက်မှာ အခုလိုပုံစံပြောင်းလဲရောင်းဝယ်လာတာ ဖြစ်ပါတယ်။ မန္တလေးမြို့နဲ့ အနီးပတ်ဝန်းကျင်ရှိ တန်ဖိုးနည်းရွာမြေ၊ လယ်ယာမြေတွေမှာ ဝယ်ယူရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းဟာ စီးပွားရေးအရ တွက်ခြေအကိုက်ဆုံးလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် ရင်းနှီးမြှုပ်နှံသူတွေ မျက်စိကျစရာ ဖြစ်ခဲ့ပါတယ်။

 

အထူးသဖြင့် မြို့နဲ့မနီးမဝေးမှာရှိတဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာဘက်တွေရှိ တန်ဖိုးနည်းရွာမြေ လယ်မြေတွေ ဈေးကောင်းရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ သည်လိုရွာမြေတွေနဲ့ အကွက်ရိုက် မြေဝယ်လက်တွေထဲမှာ အများစုက အခြေခံလူလတ်တန်းစားတွေနဲ့ ဝန်ထမ်းတွေဖြစ်တယ်လို့ ဒေသခံအချို့ကို မေးမြန်းမှုတွေအရ သိရပါတယ်။

 

မြေဈေးနှုန်း အဆမတန်သက်သာတဲ့အပြင် မြို့နဲ့ မနီးမဝေးမှာရှိတာ၊ ဝယ်သူများပြားလာတာနဲ့အမျှ လူနေအကွက်အကွင်း ကောင်းမွန်လာတာ စတာတွေကြောင့် မန္တလေး ပုသိမ်ကြီးမြို့နယ်အတွင်းက မြေယာတွေကို ဝယ်လက်တွေ စိတ်ဝင်စားမှုမြင့်တက်လာနေပြီး အဆိုပါနေရာတွေဟာ မကြာသေးခင် လပိုင်းလောက်ကအထိ အရောင်းအဝယ် ကောင်းမွန်နေခဲ့ပါတယ်။

 

Credit: The Kumudra

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service