ရန်ကုန်နဲ့ မန္တလေးမြို့ရှိ ဆောက်လုပ်ဆဲ ကွန်ဒိုတွေရဲ့ပြီးစီးမှုနဲ့ ငွေပေးချေမှုစနစ် (သင်္ဃန်းကျွန်း အဆင့်မြင့်ကွန်ဒို၊ Khayae Residence) - Property News in Myanmar from iMyanmarHouse.com
1154 Views

ရန်ကုန်နဲ့ မန္တလေးမြို့ရှိ ဆောက်လုပ်ဆဲ ကွန်ဒိုတွေရဲ့ပြီးစီးမှုနဲ့ ငွေပေးချေမှုစနစ် (သင်္ဃန်းကျွန်း အဆင့်မြင့်ကွန်ဒို၊ Khayae Residence)

ရန်ကုန်နဲ့ မန္တလေးမြို့ရှိ ဆောက်လုပ်ဆဲဖြစ်တဲ့ တိုက်ခန်းကွန်ဒိုတွေရဲ့ ဆောက်လုပ်ပြီးစီးမှုနဲ့ အရစ်ကျငွေပေးချေမှုပုံစံတွေကို ဖော်ပြပေးပါမယ်။

 

သင်္ဃန်းကျွန်း အဆင့်မြင့်ကွန်ဒို

သင်္ဃန်းကျွန်းမြို့နယ်ရှိ ဇေယျာသုခလမ်းနဲ့ အောင်တံခွန်လမ်းထောင့်ရှိ အဆင့်မြင့်ကွန်ဒိုရှိ အခန်းတွေကို ကျပ်သိန်း (၁၆၀၀)နဲ့ ဝယ်ယူနိုင်ပါပြီ။ မြေအကျယ် (၁၁,၀၀၀) စတုရန်းပေမှာ ပိုင်ဖောင်ဒေးရှင်းစနစ်နဲ့ ဆောက်လုပ်ထားပါတယ်။ (၆)ခန်းတွဲ Room အမျိုးအစား အခန်းစနစ်ဖြစ်ပြီး တစ်ခန်းဧရိယာ (၁၆၁၃)စတုရန်းပေ ကျယ်ဝန်းပါတယ်။ အခန်းတစ်ခန်းစီမှာ 2-master bed, 1-double bed, လူနေခန်း၊ ထမင်းချက်ခန်းနဲ့ မီးဖိုချောင် ပါဝင်ပါတယ်။ တစ်ခန်းကို ကားတစ်စီးနှုန်း ရပ်နားနိုင်တဲ့ နေရာရှိပြီး (၁၅)ယောက်စီး ဓာတ်လှေကား(၂)စင်း ပါဝင်ပါတယ်။

 

လေဝင်လေထွက်နဲ့ အလင်းရောင်ကောင်းစွာ ရရှိနိုင်သလို လုံခြုံစိတ်ချရတဲ့ မီးကြိုးနဲ့ ခလုတ်တွေ အသုံးပြုထားပြီး မီးဘေးအန္တရာယ်၊ လုံခြုံရေးစနစ်တွေ ပါဝင်ပါတယ်။ မီးစက်၊ ထရန်စဖော်မာ၊ မြေအောက် ရေလှောင်ကန်၊ အပေါ် ရေလှောင်ကန်၊ ကိုယ်ပိုင်ရေစက်၊ ကိုယ်ပိုင်မီတာ၊ (၂၄)နာရီလုံခြုံရေးစနစ်တွေ ပါဝင်ပါတယ်။ အခန်းဈေးနှုန်းတွေမှာ ကျပ်သိန်း (၁၆၀၀)ဖြစ်ပြီး အသင့်နေ RC ခင်း၊ ရေ၊ မီး၊ ဘိုထိုင်၊ မီးသတ်အချက်ပေးစနစ်တွေ ပါဝင်ပြီး ဘဏ်၊ ရှော့ပင်းစင်တာတွေ၊ သုဝဏ္ဏဘောလုံးကွင်း၊ မြန်မာပလာဇာတွေရဲ့အနီးမှာ တည်ရှိပြီး သွားလာရလွယ်ကူတဲ့ လမ်းပေါ် တည်ရှိပါတယ်။

 

Khayae Residence

Khayae Residence အဆင့်မြင့် ကွန်ဒိုကို လက်ငင်းပေးချေစနစ်နဲ့ ဝယ်ယူရင် (၁၀)ရာခိုင်နှုန်းကနေ (၁၅)ရာခိုင်နှုန်းအထိ လျှော့ပေးမှာ ဖြစ်ပါတယ်။ ၄င်းကွန်ဒိုကို ဝယ်ယူနိုင်ဖို့ အရစ်ကျငွေပေးချေစနစ်တွေ စီစဉ်ပေးထားပြီး ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ်၊ Developer တွေနဲ့ တိုက်ရိုက်ပဲဖြစ်ဖြစ် ပေးချေဝယ်ယူနိုင်ပါတယ်။ ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ဝယ်ယူမယ်ဆိုရင် Higher Purchase နဲ့ ဝယ်ယူရမှာဖြစ်ပြီးတော့ (၃၀)ရာခိုင်နှုန်းကို လက်ငင်းပေးချေကာ ကျန် (၇၀)ရာခိုင်နှုန်းကို လပေါင်း (၆၀) အရစ်ကျ ပေးချေနိုင်ပါတယ်။ ကုမ္ပဏီက တိုက်ရိုက်ဝယ်ယူရင် (၁၈)လ အရစ်ကျပေးချေရမှာ ဖြစ်ပါတယ်။ Khayae Residence အဆင့်မြင့် ကွန်ဒိုကို ဧက (0.23)ကျယ်ဝန်းတဲ့ ကိုယ်ပိုင်မြေပေါ်မှာ တည်ဆောက်ထားပြီး (၁၂)ထပ်အထိ ပါရှိပြီး ပန့်ဟောက်စ်(၂)ခန်း အပါအဝင် စုစုပေါင်း လူနေခန်း (၄၃)ခန်း ပါရှိပါတယ်။ အခန်းအကျယ်မှာ (၁၁၅၈)စတုရန်းပေကနေ (၃၉၀၀)စတုရန်းပေအထိ ကျယ်ဝန်းပါတယ်။

 

မန္တလေးမြို့ရဲ့ အချက်အချာနေရာပေါ်တည်ရှိပြီး နိုင်ငံတကာအဆင့်မီဝန်ဆောင်မှုတွေ ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး သားစဉ်မြေးဆက် မြေပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ အဆင့်မြင့်လုံခြုံရေးစနစ်တွေပါရှိပြီး အလိုအလျောက် မီးသတ်စနစ်ပါရှိပါတယ်။ ဓာတ်လှေကားပါရှိပြီး (၂၄)နာရီ ရေနဲ့ လျှပ်စစ်မီး ရရှိနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အားကစားခန်းမကျယ်၊ ရုပ်မြင်သံကြားစနစ်၊ တယ်လီဖုန်းနဲ့ အင်တာနက်စနစ်၊ (၂၄)နာရီလုံခြုံရေးအပြည့် ရရှိပြီး နိုင်ငံတကာအဆင့်မီရေးကူးကန်၊ အမှိုက်ပစ်စနစ်၊ ရေဆိုးရေသန့်စနစ်၊ ခေတ်မီအဆောက်အအုံစီမံခန့်ခွဲမှုစနစ်တွေ ပါရှိပါတယ်။

 

Khayae Residence ကို စင်ကာပူ ဗိသုကာပညာရှင်တွေရဲ့ ဆန်းသစ်တဲ့ဒီဇိုင်းဖန်တီးမှုနဲ့ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ အရစ်ကျ ငွေပေးချေမှုစနစ်နဲ့ ပိုင်ဆိုင်နိုင်မှာပါ။ မဟာမြတ်မုနိဘုရား၊ ကျွဲဆယ်ကန်ကားဂိတ်၊ ဘဏ်၊ ဈေးဝယ်စင်တာအနီးတည်ရှိပြီး အချက်အချာကျတဲ့ ချမ်းမြသာစည်၊ မန္တလေးတိုင်းမှာ တည်ရှိပါတယ်။

 

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service