ရွှေတစ်ကျပ်သား ကျပ် ၁၀ သိန်းနီးပါးဖြင့် ဈေးပိတ် - Property News in Myanmar from iMyanmarHouse.com
2132 Views

ရွှေတစ်ကျပ်သား ကျပ် ၁၀ သိန်းနီးပါးဖြင့် ဈေးပိတ်

ဩဂုတ်လဆန်းပိုင်းမှ စတင်မြင့်တက်လာသော ပြည်တွင်းရွှေဈေးသည် စက်တင်ဘာလ ၁၃ ရက်နေ့၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၀ သိန်းနီးပါးသို့ ရောက်ရှိပြီး စံချိန်တင်ဈေးနှုန်းတစ်ရပ်ဖြင့် ဈေးပိတ်သွားကြောင်း ရွှေလက်ကား ဈေးကွက်အတွင်းမှ သိရသည်။

ပြည်တွင်းရွှေဈေးမှာ အမေရိကန် ဒေါ်လာငွေလဲနှုန်း မြင့်တက်နေခြင်းကြောင့် အမြင့်ဆုံးအထိ စံချိန်တင်မြင့်တက်လာခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

ရွှေဈေးတက်နေသော်လည်း ရွှေလက်ကားဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ပင်ဖြစ်ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ အမေရိကန် တစ်ဒေါ်လာလျှင် ၁၅၆၀ ဒေါ်လာ နီးပါးအထိ မြင့်တက်နေပြီး ဒေါ်လာဈေး ဆက်လက်မြင့်တက်ပါက ရွှေဈေးဆက်တက်နိုင်ကြောင်း ရွှေလက်ကားကုန်သည်ကြီးများက သုံးသပ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းမှာ စက်တင်ဘာလ ၁ ရက်နေ့က ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၂၀၁ ဒေါ်လာဖြစ်ပြီး စက်တင်ဘာလ ၁၃ ရက်နေ့က တစ်အောင်စလျှင် ၁၂၀၆ ဒေါ်လာဖြစ်ကြောင်း ရွှေလက်ကားဈေး ကွက်အတွင်းမှ သိရသည်။

ပြည်တွင်းအခေါက်ရွှေဈေးမှာ စက်တင်ဘာလ ၁ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၇၇,၂၀၀ ကျပ်မှ စက်တင်ဘာလ ၁၃ ရက်နေ့၌ အခေါက် ရွှေတစ်ကျပ်သားလျှင် ၉၉၆,၂၀၀ ကျပ်အထိ မြင့်တက်လာပြီး သီတင်းနှစ်ပတ်အတွင်း တစ်ကျပ်သားလျှင် ကျပ်နှစ်သောင်းနီးပါး ဈေးတက်ခြင်းဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့

Upcoming Property Events

mya-nandar
cherry-condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service