အင်းလေးကန်ရှိရေပေါ်ကျွန်းတွင် ဟိုတယ်ဆောက်မည့် အစီအစဉ်ကိုဒေသခံများမှ ကန့်ကွက် - Property News in Myanmar from iMyanmarHouse.com
4665 Views

အင်းလေးကန်ရှိရေပေါ်ကျွန်းတွင် ဟိုတယ်ဆောက်မည့် အစီအစဉ်ကိုဒေသခံများမှ ကန့်ကွက်

ရှမ်းပြည်နယ် ညောင်ရွှေမြို့အင်းလေးကန်အနီးနားမှာ နေထိုင်ကြတဲ့ကျေးရွာနေပြည်သူတွေက အင်းလေးကန်ရဲ့ ဂေဟစနစ်ကိုထိခိုက်မှာစိုးတဲ့အတွက် ကန်ရှိရေပေါ်ကျွန်းတွင် ဟိုတယ်တည်ဆောက်မည့် ဆောက်လုပ်ရေးစီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်လျက်ရှိနေတယ် လို့ အင်းလေးအရပ်ဘက်အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ခင်စိုးဝင်း ကပြောပါတယ်။

အင်းလေးကန်ဟာ သဘာဝအတိုင်းဖြစ်နေတည်တာဖြစ်ပြီး ရေပေါ်ကျွန်းဟာလည်း ရေသတ္တဝါတို့နဲ့ဌက်မျိုးစိတ်အများစုတို့ရဲ့ ခိုနားရာနေရာဖြစ်နေတဲ့အတွက် အဆိုပါရေပေါ်ကျွန်းပေါ်မှာ ဟိုတယ်ဆောက်လုပ်မယ့် စီမံကိန်းကို ကျေးရွာနေပြည်သူအယောက် ၁၀၀၀ ကျော်မှ ကန့်ကွက်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဒေါ်ခင်စိုးဝင်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

အင်းလေးကန်ပတ်ဝန်းကျင်တစ်ဝိုက်မှာ ကျေးရွာပေါင်း ၄၀၀ ကျော်တည်ရှိပြီး ကျေးရွာနေပြည်သူအစုအဖွဲ့ပေါင်း ၃၅ ဖွဲ့ကျော်တည်ရှိပါတယ်။အဆိုပါ ဟိုတယ်စီမံကိန်းကိုတော့ နိုင်ဂရု ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်မှာဖြစ်ပါတယ်။

“ ဒီကိစ္စကို ပြည်နယ်အဆင့်က တိုက်ရိုက်တာဝန်ယူကိုင်တွယ်သွားမယ်ဆိုရင်တော့ အင်းလေးကန်နဲ့ပတ်သက်လို့ တိကျသေချာတဲ့ ဥပဒေတစ်ခုထုတ်ပြန်ဖို့လိုပါတယ်၊ ဒါက ဒီပြဿနာကိုဖြေရှင်းဖို့တစ်ခုတည်းသော နည်းလမ်းပါပဲ”လို့ ဒေါ်ခင်စိုးဝင်းက ထပ်မံပြောကြားခဲ့ပါတယ်။

၂ဝ၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေတုန်းကလည်း သမ္မတရုံးကို ခွင့်ပြုမိန့်တင်သွင်းထားတဲ့ ဟိုတယ်ဆောက်လုပ်ရေးစီမံကိန်းတွေကို ဒေသခံတွေက ကန့်ကွက်လက်မှတ်ရေးထိုးခဲ့ကြသေးတယ်လို့ သူမက ပြောပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လက မိုင်းသောက်ဘုန်းကြီးကျောင်းမှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးကို ဒေသခံ အယောက် ၅ဝဝကျော်တက်ရောက်ခဲ့ပြီး အင်းလေးကန်ကို ထိန်းသိမ်းစောင့်ရှောက်မှုတွေပြုလုပ်သွားဖို့ ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အစည်းအဝေးကို တက်ရောက်ခဲ့ကြတဲ့ ဒေသခံတွေဟာ ဟိုတယ်တည်ဆောက်ရေးစီမံကိန်းကို ဆန့်ကျင်ဖို့ သဘောတူခဲ့ကြပြီး တကယ်လို့နိုင်ငံတော်အနေနဲ့ ခွင့်ပြုမိန့်ပေးခဲ့မယ်ဆိုရင်တော့ ဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်လို့ သတိပေးခဲ့ကြပါတယ်။

“ အင်းလေးမှာရှိတဲ့ ဘေးမဲ့တောနဲ့ မြေကွက်တွေကို သိမ်းယူမခံရအောင် ကာကွယ်ဖို့ ဆရာတော်တို့ ဒီဟိုတယ်တည်ဆောက်ရေး စီမံကိန်းကို ကန့်ကွက်ပါတယ်” လို့ မိုင်းသောက်ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးဝိသဒ္ဓဉာဏ ကမိန့်ကြားတော်မူခဲ့ပါတယ်။

ဒီဘေးမဲ့တောကို သစ်တောဝန်ကြီး ဦးသိန်းအောင် လက်ထက်တုန်းက ဘေးမဲ့တောအဖြစ်မှ ပုဂ္ဂလိကပိုင်မြေနေရာအဖြစ်ပြောင်းလဲပြီး နိုင်ဂရု ပိုင်မြေအဖြစ်လွှဲပြောင်းပေးခဲ့တာကို ကြားသိခဲ့ရတယ်လို့ အဖွဲ့ ၄၄ ဖွဲ့ပါဝင်ဖွဲ့စည်းထားတဲ့ အင်းလေးအရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမြတ်မင်းစိုးက ဆိုပါတယ်။

“ ဟိုတယ်ဆောက်ဖို့ ခွင့်ပြုမိန့်သာရခဲ့မယ်ဆိုရင်တော့ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ မိုင်းသောက်ရွာကို ဖြိုဖျက်ပစ်ရမှာပါ၊ ဒ့ါကြောင့် ကျွန်တော်တို့ ကန့်ကွက်ပါတယ်” လို့ ဦးမြတ်မင်းစိုးက ထပ်မံပြောကြားထားပါတယ်။

အဆိုပါ ဘေးမဲ့တောကို ပုဂ္ဂလိကပိုင်မြေအဖြစ် ပြောင်းလဲခဲ့တဲ့အပေါ် ဖြေရှင်းချက်ပေးရန် ဒေသခံတွေက ပြည်နယ်ဥပဒေအဖွဲ့အစည်းကို တောင်းဆိုထားတယ်လို့သိရပါတယ်။ ထပ်မံပြီး ဒေသခံတွေက အဆိုပါစီမံကိန်းနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုလည်း စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုသွားမယ်လို့ သိရပါတယ်။

 

Credit :The Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service