ရန်ကုန်မြို့ရှိ ဆောက်လုပ်ဆဲတိုက်ခန်းကွန်ဒိုတွေရဲ့ ပြီးစီးမှုနဲ့ ငွေပေးချေမှုစနစ် - Property News in Myanmar from iMyanmarHouse.com
1489 Views

ရန်ကုန်မြို့ရှိ ဆောက်လုပ်ဆဲတိုက်ခန်းကွန်ဒိုတွေရဲ့ ပြီးစီးမှုနဲ့ ငွေပေးချေမှုစနစ်

ရန်ကုန်မြို့ရှိ ဆောက်လုပ်ဆဲတိုက်ခန်းကွန်ဒိုတွေရဲ့ ပြီးစီးမှုနဲ့ အရစ်ကျငွေပေးချေမှုပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။

Grand Nawaday Condo

အမှတ်(၅)၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်၊ ကွန်ဒိုကို ဘဏ်နဲ့ချိတ်ဆက်ပြီး (၅)နှစ်ကနေ (၂၅)နှစ်အတွင်း အရစ်ကျစနစ်နဲ့ ဝယ်နိုင်ပါတယ်။ ဂရန်မြေအမျိုးအစားဖြစ်ပြီး မြေအကျယ်အဝန်း (၁၀,၀၀၀)စတုရန်းပေ ရှိပါတယ်။ အခန်းအကျယ်တွေမှာ (၂၁၀၀)စတုရန်းပေကျယ်ဝန်းပြီး အခန်းဈေးနှုန်းတွေက (၁)စတုရန်းပေကို ကျပ် (၁၅၀,၀၀၀) ဖြစ်ပါတယ်။ အခန်းတိုင်း (၁၁)ပေ အမြင့်ရှိပြီး ရေချိုးခန်း၊ အိမ်သာတွဲ၊ နှစ်ယောက်အိပ်ခန်း (၄)ခန်း ပါဝင်ပါတယ်။ ငွေပဒေသာပင် ကျပ်သိန်း (၂၀၀)၊ မီးစက်၊ ထရန်စဖော်မာ၊ ဓာတ်လှေကား(၁)စင်း၊ မြေညီထပ် ကားပါကင်၊ ထမင်းစားခန်း၊ မီးဖိုခန်း၊ ဧည့်ခန်း၊ လေကောင်းလေသန့် ရရှိအောင် ဘေးပြတင်းပေါက်တွေ ထားရှိပါတယ်။ ရေချိုးခန်း၊ အိမ်သာ၊ ကြွေပြားကပ်၊ အခန်းလုံခြုံမှုအတွက် Security Control (CCTV System) Internal PABX Phone for Security, Satellite System, အမိုးပေါ်ရေကန်လီတာ (၁၀၀၀)၊ မြေအောက်ရေကန် (၁၀၀၀)ဂါလန် ပါရှိပါတယ်။

ရန်ကုန်မြို့ ဆူးလေ၊ သမ္မတ္တရုပ်ရှင်ရုံအနီး၊ ယောမင်းကြီးလမ်းအနီးဆုံးမှာရှိပြီး ယူအေဘီဘဏ်၊ ရန်ကုန်ဘူတာကြီး၊ ဒဂုံ(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဆူးလေရှန်ဂီလာဟိုတယ်၊ သမ္မတ္တရုပ်ရှင်ရုံအနီးတွင် တည်ရှိပါတယ်။

Luxury Type Mini Condo

အမှတ်(၄)၊ မင်္ဂလာလမ်း၊ (၁၆)ရပ်ကွက်၊ ဘောက်ထော်မှာတည်ရှိပြီး လက်ငင်း (၁၀)ရာခိုင်နှုန်းနဲ့ ကျန် (၉၀)ရာခိုင်နှုန်းကို အတိုးမပါ လပေါင်း (၄၅)လ ပေးသွင်းနိုင်ပါတယ်။ မြေအကျယ် (၈၃x၇၃)ပေပေါ်မှာ တည်ဆောက်ထားပြီး အခန်းအကျယ်မှာ (၇၆x၅၈)ပေ (၆)လက်မ (၂)ယူနစ် တည်ဆောက်မှာဖြစ်ပြီး အခန်းအကျယ်မှာ (၃၇x၅၈)ပေ (၆)လက်မ (၂၂၂၃)စတုရန်းပေ ကျယ်ဝန်းပါတယ်။ Master Bedroom (3)ခန်းပါရှိပြီး ရောင်းချမယ့် အခန်းတွေမှာ Ground Floor (မြေညီထပ်) ကျပ်သိန်း (၃၇၀၀)၊ 4th floor (၅)လွှာ ကျပ်သိန်း (၂၇၅၀)၊ 6th floor (ခုနှစ်လွှာ) ကျပ်သိန်း (၂၇၅၀) ဖြစ်ပါတယ်။ ရေကူးကန်၊ အားကစားခန်းမပါဝင်ပြီး အခန်းကျယ်၊ နေရာသန့်၊ ဆိတ်ငြိမ်ရပ်ကွက်နေလိုသူတွေအတွက် Nhm ဆောက်လုပ်ရေးက တည်ဆောက်မယ့် စီမံကိန်း ဖြစ်ပါတယ်။ ဓာတ်လှေကား(၂)စင်း၊ မြေညီထပ်မှာ ကားပါကင်ပါဝင်ပြီး (၈)ထပ်ခွဲတိုက် ဖြစ်ပါတယ်။

 

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service