ရန်ကုန် စတော့အိတ်ချိန်းတွင် နိုင်ငံခြားသား ရှယ်ယာဝယ်ယူခွင့် နှစ်ကုန်တွင် စတင်နိုင်ရန် ဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
1066 Views

ရန်ကုန် စတော့အိတ်ချိန်းတွင် နိုင်ငံခြားသား ရှယ်ယာဝယ်ယူခွင့် နှစ်ကုန်တွင် စတင်နိုင်ရန် ဆောင်ရွက်နေ

ရန်ကုန် စတော့အိတ်ချိန်းတွင် နိုင်ငံခြားသား ရှယ်ယာဝယ်ယူခွင့်ကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ခွင့်ပြုနိုင်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှသိရသည်။

သြဂုတ် ၁ ရက်က စတင်အသက်ဝင်ခဲ့သည့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်အရ ရန်ကုန်စတော့အိတ်ချိန်းတွင်လည်း နိုင်ငံခြားသားများရှယ်ယာ ဝယ်ယူခွင့်ရှိမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံချေးငွေ သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) က လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်စတော့အိတ်ချိန်းအနေဖြင့် ၃၅ ရာခိုင်နှုန်းမကျော်အောင် ထိန်းကျောင်းနိုင်မည့် ပရိုဂရမ်များ ရေးဆွဲနေကာ စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီငါးခုကလည်း အထူးအစည်းအဝေးများ ပြုလုပ်၍ နိုင်ငံခြားသားများ ပါဝင်နိုင်ရေးကို ဆွေး နွေးမှုများကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နေကြောင်း ရန်ကုန်စတော့အိတ်ချိန်း၊ Administration DeparmentrS Executive Senior Manager ဦးသက်ထွန်းဦးက ပြောသည်။

ယခင်က မြန်မာနိုင်ငံသားအများပိုင်ကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားတစ်ဦးပါဝင်လျှင် နိုင်ငံခြားကုမ္ပဏီသို့ ပြောင်းလဲသတ်မှတ်ခဲ့ရာမှ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်တွင် နိုင်ငံခြားသား ၃၅ ရာခိုင်နှုန်းကျော်မှသာ နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ်သည်ဟု ပြောင်းလဲပြင်ဆင်ပြဋ္ဌာန်းထား ကြောင်းသိရသည်။ ''ရန်ကုန်စတော့အိတ်ချိန်းမှာ နိုင်ငံခြားသားတွေ ရှယ်ယာဝယ်ယူနိုင်ရေးအတွက် အဖွဲ့အစည်းသုံးခုက တစ်ပြိုင်တည်းသွားနေတယ်။ ဘယ်အချိန်မှာ ဝယ်ယူခွင့် ပြုမယ်ဆိုတာကို အတိအကျပြောလို့မရသေးဘူး။ သုံးလလောက်တော့ကြာနိုင်ဦးမယ်။ ဒီနှစ်ကုန်ပိုင်းလောက်တော့မှာ ဖြစ်နိုင်ဖို့ တော့ ခန့်မှန်းထားတယ်''ဟု ၎င်းကပြောသည်။

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကို ဖွင့်ပေးထားမှသာ ငွေကြေးအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် မြန်မာအများပိုင်ကုမ္ပဏီများအနေဖြင့်လည်း ပါဝင်ခွင့်ရရှိအောင်လမ်း ဖွင့်ထားပေးရန်လိုအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဦးအောင်နိုင်ဦးက စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ပြုလုပ်သည့် YSX EXPO 2018 အခမ်းအနားတွင်ပြောသည်။ ဥပဒေသစ်အရ နိုင်ငံခြားသားအများပိုင်ကုမ္ပဏီများသည် ရန်ကုန်စတော့အိတ်ချိန်း၏ သတ်မှတ်ချက်များနှင့်ကိုက်ညီလျှင် စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်ခွင့်ရရှိမည်ဖြစ် ကြောင်းသိရသည်။

 

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service