လူထုမြေယာဆွေးနွေးပွဲမှ ရလဒ် ၁၂ ချက် လွှတ်တော် တင်ပြမည် - Property News in Myanmar from iMyanmarHouse.com
947 Views

လူထုမြေယာဆွေးနွေးပွဲမှ ရလဒ် ၁၂ ချက် လွှတ်တော် တင်ပြမည်

ဖက်ဒရယ်မြေယာအုပ်ချုပ်ရေးဖြင့် မြေယာအခွင့်အရေးနှင့်ရပိုင်ခွင့်ကို အာမခံနိုင်ရန် ရည်ရွယ်ချက်ဖြင့်ပြုလုပ်သည့် လူထုမြေယာဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ် ၁၂ ချက်ကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း Ethnic Concern အရပ်ဘက်အဖွဲ့အစည်းမှ ဒါရိုက်တာဖြစ်သူ ကိုဆလိုင်းဂျင်မီက ပြောကြားသည်။

၂၀၁၂ လယ်ယာမြေဥပဒေ၊ မြေလွတ် မြေလပ်မြေရိုင်းဥပဒေများကို ပြင်ဆင်ရာတွင် ပိုမိုဆိုးရွားသည့်အချက်များကို တွေ့ရှိရသည့်အတွက် ယခုဆွေးနွေးပွဲတွင် ရရှိလာသည့်အချက်များကို အသစ်ပြင်ဆင်သည့် ဖက်ဒရယ်လယ်ယာမြေဥပဒေအသစ်တွင် ထည့်သွင်းစဉ်းစားရန် တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တိုင်းနဲ့ပြည်နယ် ၁၄ ခုက ပညာရှင်တွေ၊ တောင်သူလယ်သမားကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ၊ ဆွေးနွေးပွဲက ရရှိလာတဲ့အချက်တွေကို ဖက်ဒရယ် မြေယာဥပဒေမှာ ထည့်သွင်းရမယ့် အခြေခံမူတွေကို သက်ဆိုင်ရာ လွှတ်တော်၊ အစိုးရများမှ တာဝန်ယူ တာဝန်ခံမှုနဲ့ဆောင်ရွက် ပေးဖို့တင်ပြတောင်းဆိုသွားမယ်”ဟု ကိုဆလိုင်းဂျင်းမီက ဆိုသည်။

လူထုဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် အချက်များတွင် မြန်မာနိုင်ငံတွင် ဖက်ဒရယ်မြေယာဥပဒေရေးဆွဲရာတွင် တောင်သူလယ်သမားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ကိုယ်စားလှယ်များပါဝင်ခွင့်ရရန်၊ ဖက်ဒရယ်မြေယာဥပဒေအသစ်တစ်ရပ် မပေါ်ပေါက်မီအချိန်အထိ လွှတ်တော်ထဲတွင် လက်ရှိရောက်နေသော မြေယာဥပဒေများ ဆွေးနွေးခြင်းများကို ရပ်ဆိုင်းထားရန်နှင့် သိမ်းဆည်းခံလယ်ယာမြေ ပြဿနာများကို အမြန်ဆုံးဖြေရှင်းပေးရန်နှင့် သိမ်းဆည်းခံလယ်ယာမြေများကို မူလပိုင်ရှင်များလက်သို့ ပေးအပ်ရန်တို့ပါဝင်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လက်ရှိမူဝါဒနှင့် တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ယန္တရားများသည် လက်ရှိ ကြုံတွေ့နေသော မြေယာအငြင်းပွားမှုပြဿနာများကို ပြေလည်အောင် မဖြေရှင်းနိုင်သဖြင့် လွှတ်တော်တွင် မြေယာပြဿနာများ၊ မြေယာဥပဒေများအတွက် အစိုးရကို ထိန်းညှိရန်နှင့် ဆုံးဖြတ်ဖြေရှင်းပေးနိုင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန်နှင့် ကော်မတီ၏ စီမံခန့်ခွဲမှုများကို လိုက်နာမှုမရှိပါက အရေးယူအပြစ်ပေးနိုင်သည့် ပြစ်ဒဏ်ချမှတ်ရန် စသည့်အချက်များလည်း ပါဝင်ခဲ့သည်။

လူထုမြေယာဆွေးနွေးပွဲကို တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ လယ်ယာမြေအရေး တက်ကြွလှုပ်ရှားသူများ အယောက် ၆၀၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝါးပိုးရေ ကျေးရွာရှိ အာရှအလင်းရောင်ကျောင်းတိုက်တွင် စက်တင်ဘာ ၅ နှင့် ၆ ရက်က ပြုလုပ်ခဲ့သည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service