ပုသိမ်ကြီးမြို့နယ် လယ်မြေအပေါင်တွေ များနေ - Property News in Myanmar from iMyanmarHouse.com
1488 Views

ပုသိမ်ကြီးမြို့နယ် လယ်မြေအပေါင်တွေ များနေ

မန္တလေး ပုသိမ်ကြီးမြို့နယ်က လယ်မြေတွေမှာ အရောင်းအဝယ်ထက် အပေါင်တွေသာ အဖြစ်များနေတယ်လို့ နယ်ခံအချို့ဆီက သိရပါတယ်။ လယ်မြေတွေနဲ့ပက်သက်လို့ ငွေကြေးအရှုပ်အရှင်း ပြဿနာတွေဖြစ်ပွားမှုရှိနေတာကြောင့် သည်လပိုင်းတွေမှာ အရောင်းအဝယ်မရှိသလောက် ဖြစ်နေတယ်။

အပေါင်သဘောမျိုးထားကာ မတန်တဆဈေးနဲ့ အရောင်းအဝယ်စာချုပ်ချုပ် အပေါင်အနှံကိစ္စတွေသာ ဖြစ်နေတာ ရှိတယ်လို့ အကျိုးဆောင်တွေက ဆိုပါတယ်။ ' အရောင်းအဝယ်တော့ မဖြစ်ဘူး၊ မဖြစ်ဘူးဆိုတာကလဲ ဝယ်လက်က အပေါင်လောက်ပဲထားလို့ရတယ်၊ ဒါတောင် ငွေရှင်က သေချာအရှုပ်အရှင်းကင်း၊ သေချာစစ်ထုတ်ပေးတာ ' လို့ နယ်ခံတစ်ဦးက ပြောပါတယ်။ လယ်ယာမြေဝယ်လက်အများစုဟာ အကွက်ရိုက်ပြန်ရောင်းဖို့သာ ဝယ်တာများတယ်။ မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ လယ်ယာမြေအကွက်ရိုက်ရောင်းချမှုနဲ့ ပက်သက်ပြီး ငွေကြေးအရှုပ်အရှင်းပြဿနာတွေ ယခုလပိုင်းတွေမှာ အဖြစ်များနေတာက ယခုလို မြေအရောင်းအဝယ်ရပ်တန့်စေပြီး အပေါင်အနှံတွေသာ ဖြစ်စေတယ်လို့ ဒေသခံအကျိုးဆောင်အချို့က ပြောပါတယ်။

' ကြားနေရတာတွေရော လက်တွေ့တွေမြင်နေတာတွေရောဆိုရင် အများကြီးပဲ၊ ခုနောက်ပိုင်း ပိုကျယ်လာတာ၊ ဖြစ်ပုံကကွက်စိတ်ဝယ်ထားတဲ့သူနဲ့ရောင်းသူ၊ နောက် လယ်ရှင် သုံးပင်လိမ်ရှုပ်နေတာ၊ အဲဒါမျိုးတွေပွထနေအောင်ဖြစ်တာ ' လို့ ဒေသခံအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ မြေဝယ်ရောင်းအချို့ဟာ လယ်မြေယာမြေတွေကို အကွက်ရိုက်ကွက်စိတ်လုပ်ရောင်းချဖို့ မူလ လယ်ရှင်ထံက မြေဝယ်ယူရာမှာ စရံသဘောမျိုးလောက်သာ ငွေပေးတယ်၊ အကွက်ရိုက်ရောင်းချလို့ရမှ ရောင်းရငွေကို လယ်ရှင်ဆီ အရစ်ကျငွေသွင်းစနစ်နဲ့ ရောင်းဝယ်တဲ့ပုံစံမျိုးပြုလုပ်တယ်၊ လယ်ယာမြေကွက်စိတ်တွေ အရောင်းအဝယ်ကောင်းခဲ့စဉ်က ပြဿနာတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိပေမဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကစပြီး လယ်မြေကွက်စိတ်အရောင်းအဝယ် သိသိသာသာကျဆင်းသွားချိန်မှာတော့ မူလမြေပိုင်ရှင်နဲ့ကွက်စိတ်ရိုက်ရောင်းသူ၊ ကွက်စိတ်တစ်ဆင့်ခံ ဝယ်သူတွေ ကြားထဲမှာ မြေယာနဲ့ပက်သက်လို့ သုံးပွင့်ဆိုင်ငွေကြေးအရှုပ်အရှင်းတွေ ပေါ်ပေါက်လာတယ်လို့ ဒေသခံအကျိုးဆောင်က ဆိုပါတယ်။

ပုသိမ်ကြီးမြို့နယ်တွင်းရှိ လယ်ယာမြေကွက်စိတ်တစ်ခုရဲ့ တန်ဖိုးဟာ မြေအကျယ်အဝန်း၊ လမ်းအနေအထား၊ မန္တလေးမြို့နဲ့ အနီးအဝေးကိုလိုက်ပြီး မျက်နှာစာတစ်ပေ ကျပ်(၁၈၀,၀၀၀)ကနေ ကျပ် (၁၅)သိန်း ဝန်းကျင်အထိ ပေါက်ဈေးရှိနေပါတယ်။ ခန့်မှန်းပြောဆိုမှုတွေအရ ငွေကြေးအရှုပ်အရှင်းပြဿနာဖြစ်ပွားနေတဲ့ လယ်ဧကအမြောက်အများရှိပြီး ငွေပမာဏ ကျပ်သိန်း သောင်းချီအထိ ရှိနိုင်တယ်လို့ ဒေသခံအကျိုးဆောင်အချို့က ဆိုပါတယ်။ ပြဿနာတွေဖြစ်ပွားနေတဲ့ ကြားထဲမှာ အကွက်ရိုက်ကွက်စိတ်မြေဝယ်ထားသူအများစုသာ ထိခိုက်နစ်နာရနေတယ်လို့ သိရပါတယ်။

' အဲဒီလိုဖြစ်နေတာတွေ အများကြီးပဲ၊ ကျွန်တော့်ဟာကျတော့ လယ်ရှင်က အကွက်ရိုက်ထားတဲ့ သံဆူးကြိုးတွေပါ အကုန်ဖြုတ်သိမ်းပစ်တာ၊ ကြားထဲက ရောင်းထားတဲ့သူကလဲ သူရှင်းပေးပါမယ်ပြောတယ်၊ ခုဆို (၆)လလောက်ရှိပြီ၊ ဘာမှန်းမသိသေးဘူး ' လို့ ပုသိမ်ကြီးမြို့နယ်ထဲမှာ ကွက်စိတ်မြေဝယ်ယူထားတဲ့ ဦးမျိုးဇော်က ပြောပါတယ်။

မြေအရောင်းအဝယ်နဲ့ပက်သက်ပြီး ငွေကြေးအရှုပ်အရှင်း ပြဿနာတွေကြောင့် လယ်ယာမြေကွက်စိတ်အရောင်းအဝယ် ဈေးကွက်မှာ အရောင်းအဝယ်ရပ်သန့်လုနီးပါး ကျဆင်းနေတယ်လို့ သိရပါတယ်။

 

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service