အိမ်ခြံမြေရောင်းဖို့ စည်ပင်နဲ့ စာချုပ်ရုံးကို လိုက်ပေးဖို့ အခက်အခဲရှိနေသလား - Property News in Myanmar from iMyanmarHouse.com
1734 Views

အိမ်ခြံမြေရောင်းဖို့ စည်ပင်နဲ့ စာချုပ်ရုံးကို လိုက်ပေးဖို့ အခက်အခဲရှိနေသလား

အခုတစ်လော အိမ်ခြံမြေ အရောင်းအ၀ယ်တွေမှာ လိုက်ပါပြီး စာချုပ်ပေးရတာ အခက်အခဲ တွေနဲ့ ကြုံရတာများတယ်။ မြေအမည် ပေါက်တွေ အသက်ထင်ရှားရှိသေးလို့ အဲဒီအမည်ပေါက်တွေထံက တိုက်ရိုက် ၀ယ်ယူနိုင်တယ်ဆိုတာ တော်တော်ရှားနေ တယ်။ အင်းလေ... ဖြစ်မယ်ဆိုရင်လည်း ဖြစ်လောက်စရာပါပဲ။ ဘာကြောင့်လဲဆို တော့ မြေနဲ့အိမ်တွေ ရောင်းကြ ၀ယ်ကြ တာတွေ အများဆုံးပွဲဖြစ်တာကလည်း ရန်ကုန်မြို့တွင်းပိုင်နက် ရပ်ကွက်တွေမှာ ပဲ အဖြစ်များတာကို တွေ့ရတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း မှာပါတဲ့ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ဒဂုံမြောက်ပိုင်းတို့ရဲ့ လမ်းသွယ်များမှာ အိမ်ရှာသူများတာကို တွေ့ရတယ်။ အိမ်ရှာ ၀ယ်သူတွေကလည်း ပြန်ရောင်းဖို့ဝယ်ကြ တာမဟုတ်ပါဘူး။ နေဖို့အတွက် ၀ယ်ကြ တာများပါတယ်။ အမှန်တကယ်နေဖို့ အတွက် ၀ယ်တာဆိုတော့ အဘက်ဘက်က စဉ်းစားရတာပေါ့။

လူဆိုတာကလည်း အစွဲအလမ်း ကြီးကြတယ်။ ဘ၀ပေးအခြေအနေအရ နေရာအနှံ၊ ဒေသအနှံ၊ သွားလာနေထိုင် လုပ်ကိုင်ကြပေမယ့် အရွယ်ရလာလို့ နေရာတစ်ခုမှာ အတည်တကျအခြေချ တော့မယ်ဆိုရင် ပထမဆုံး အစွဲအလမ်း ကြီးတာ မိမိမွေးရပ်မြေ၊ မိမိရပ်ကွက်တို့ မှာ ပြန်လည်ပြီး အခြေချချင်ကြသူကများ ပါတယ်။ အဲဒီလို အစွဲအလမ်းကြီးသူတွေ မှာ ကိုချစ်ဦးတစ်ယောက်လည်း ပါဝင်ပါ တယ်။

ကိုချစ်ဦးရဲ့ငယ်စဉ်ဘ၀ စခဲ့ရ တာက တောင်ဥက္ကလာပမြို့နယ်မှာပါ။ အရွယ်ရောက်လာလို့ ဘ၀ပေးအခြေအနေ အရ မြန်မာပြည်အနှံ့အပြား စီးပွားရှာဖွေ ရင်းနေထိုင်ခဲ့ရပေမယ့် တစ်သက်တာ အခြေချဖို့ ငွေကြေးစုဆောင်းမိလာတဲ့အခါ မိမိကြီးပြင်းခဲ့ရာ တောင်ဥက္ကလာမြို့နယ် မှာ ပြန်လည်အခြေချဖို့ ဆုံးဖြတ်ကာ မြေ နဲ့အိမ်ဝယ်ဖို့ နေရာရှာပါတော့တယ်။

မြေနေရာရှာတဲ့အခါ ရတာမလို၊ လိုတာမရ မဖြစ်ရအောင် မိမိနှစ်သက်တဲ့ ရပ်ကွက်တစ်ခုမှာ ပွဲစားအချင်ချင်းချိတ် ဆက်ပြီး ရှာတဲ့အခါ ပွဲစားတွေကလည်း သူတို့လက်ထဲမှာ အပ်ထားတဲ့မြေကွက် (၅)နေရာလောက် လိုက်ပြကြပါတယ်။ ပွဲစွားတွေ လိုက်ပြတဲ့မြေကွက်တွေအားလုံး က ခြောက်ပစ်ကင်း သဲလည်းစင် တွေ့ရ တာမရှိသလောက်ပါဘဲ။ တစ်ကွက်မဟုတ် တစ်ကွက် အားနည်းချက်တွေရှိကြတာကို တွေ့ရတယ်။ ဂရန်အမည်ပေါက်ပိုင်ရှင်နဲ့ တိုက်ရိုက်တွေ့ရပေမယ့် တကယ်ဝယ်ဖို့ စာရွက်စာတမ်းပြပါလို့တောင်းကြည့်တဲ့ အခါ ဂရန်က ဘဏ်မှာခေတ္တပေါင်ထား တယ်လို့သိရတယ်။

တချို့မြေကွက်ကြတော့လည်း ပွဲစားလက်ထဲအပ်ထားပေမယ့် ပိုင်ရှင်တွေ က စင်ကာပူနိုင်ငံမှာသွားပြီးအလုပ်လုပ်နေ ကြတယ်။ အချို့မြေကွက်ကြတော့လည်း မောင်နှမအမည်ပေါက် ဂရန်ဆိုပေမယ့် ညီမဖြစ်သူက သားရန်ကုန်မှာအခြေချနေ ထိုင်ပြီး အစ်ကိုကြီးဖြစ်သူက အမေရိကန် နိုင်ငံသားခံယူထားသူဖြစ်လို့ သူလာမှ အရောင်းအ၀ယ် စကားပြောလို့ရမယ် စသဖြင့် အမျိုးစုံတွေ့ရပါတယ်။

ဒါပေမယ့်လည်း မေးပါများ စကားရ သွားပါများ ခရီးရောက်ဆိုသလို ကိုချစ်ဦးနေချင်တဲ့ ရပ်ကွက်တစ်ခုက လမ်းသွယ်အတွင်းမှာ ဂရန်အမည်ပေါက် သူကိုယ်တိုင် ရောင်းမယ့်သတင်းရလို့ သွားကြည့်တဲ့အခါ ရောင်းဈေးကတစ်နိုင် တစ်ပိုင်ဖြစ်လို့ စိတ်ဝင်စားသွားပါတယ်။ လမ်းသွယ်ဆိုပေမယ့် လမ်းမကြီးနဲ့နီး၊ ဈေး၊ ကျောင်းတို့နဲ့နီးလို့ ၀ယ်ဖို့ဆုံးဖြတ် လိုက်ပါတယ်။ မြေကွက်အတွင်းမှာကြည့် လိုက်တော့ (ပေ၂၀ x ပေ၆၀) မြေကွက်ထဲ မှာ (၁၀ပေ x ပေ၆၀)၊ အိမ်နှစ်လုံးရှိနေ တာကို တွေ့ရတယ်။ ဘယ်လိုဖြစ်ရတာ လည်း မေးကြည့်တော့ ဂရန်တစ်ခုထဲမှာ မြေအမည်ပေါက်သူက နှစ်ဦးဖြစ်နေတယ်။ ခေါင်းရင်းဘက် အိမ်ကလေးကတော့ ရိုးရိုးပျဉ်ထောင် ပျဉ်ခင်းအိမ်ကလေးပါ။ လူမနေဘဲ သော့ပိတ်ထားတာကိုတွေ့ရ တယ်။ ခြေရင်းဘက်ခြမ်းအိမ်ကျတော့ အုပ်ညှပ်(၂)ထပ်တိုက်ကလေးပါ။ နှစ်အိမ် စလုံး ရေမီးအစုံရှိတာကိုတွေ့ရတာ။ တိုက်အိမ်လေးမှာတော့ လူနေတာကို တွေ့ရတယ်။

(ပေ၂၀ x ပေ၆၀) မြေတစ်ကွက် ထဲမှာ ၁၀ပေ အိမ်နှစ်လုံးဖြစ်နေရခြင်းက လည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ နှစ်ယောက်ပေါင်းပြီး ၀ယ်တာမဟုတ်ဘူး။ နှစ်ယောက်ပေါင်းပြီးမှ တစ်ကွက်ရတာတဲ့ လွတ်လပ်ရေးမရမီက တော်လှန်ရေးပန်းခြံ (ယခု) တပ်မတော်ပန်းခြံမှာနေထိုင်ခဲ့ကြ ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ပန်းခြံနေရာဖြစ်လို့ ဖယ်ခိုင်းလို့ ယခုနေရာ တွေကို အစားထိုးပေးတာလို့သိရတယ်။ ရွှေ့ပြောင်းရတဲ့လူချင်းအတူတူ အချို့က တော့ (ပေ၂၀ x ပေ၆၀)ရပေမယ့်။ သူတို့ ကျတော့ ဘာလို့ ၁၀ပေစီပေါင်းနေရတာ လဲလို့ မေးကြည့်မိပြန်တယ်။ ယခင်နေခဲ့ တဲ့ မြေနေရာက (ပေ၂၀ x ပေ၆၀) တစ် ကွက်စာမရှိလို့ အခုလို နှစ်ယောက်ပေါင်း တစ်ကွက်ရရှိခြင်းဖြစ်ကြောင်း သိရပြန် တယ်။ အော် ဒီလိုဆိုတော့လည်း အခုခေတ် ကျူးတွေလို မြို့သစ်တွေမှာနေရာချထား ပေးသလိုပါလားလို့ သဘောပေါက်သွား တယ်လေ။

ခက်တာက တကယ်ကြိုက်လို့ တကယ်ဝယ်မှဖြစ်တဲ့အတွက် စာရွက်စာ တမ်းတွေကြည့်လိုက်တဲ့အခါ ရှေ့နေစိတ် ညစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂရန်အမည်ပေါက်တစ်ဦးက သီလရှင်ဝတ် သွားပြီ။ ကျန်တစ်ဦးကလည်း သေသွား တာ (၁၀)နှစ်လောက်ရှိပြီလို့ သိရတယ်။ အင်း ၀ယ်လိုတော့ရပါတယ်။ ဒါပေမယ့် ဂရန်အမည်ပေါက် နှစ်ဦးအသက်ထင်ရှား ရှိလို့ သူတို့ထံက ကိုယ်စားလှယ်လွှဲစာ ယူထားလိုက်ရင် အရောင်းအ၀ယ်လုပ်လို့ ရတဲ့ကိစ္စ၊ အခုတော့ အရောင်းအ၀ယ်လုပ် ရမှာ ပေရှည်ကုန်တာပေါ့။

ဒါပေမယ့် အခြေအနေက ၀ယ် သူကလည်း ကြိုက်နေတယ်။ ရောင်းသူ ကလည်း ရောင်းထွက်အောင် ရှေ့နေထံမှာ နည်းလမ်းတောင်းလာတယ်။ ပွဲစားတွေက တော့ သူတို့အတွေ့အကြုံကို အကြံပေး ကြတာပေါ့။ ဒါပေမယ့် ဒီလိုမြေကွက်ရောင်း တာမျိုးက အခုမှ ကြုံရလို့ သူတို့လည်း ဟိုလိုလို ဒီလိုလို ဝေ့လည်ကြောင်ပတ် ပြောကြတယ်။ နောက် ဆုံးတော့လည်း ကျွန်ုပ်ကိုပဲ ရောင်းသူ ၀ယ်သူ နှစ်ဘက် စလုံးအတွက် ဆောင်ရွက်ပေးဖို့ အလုပ် အပ်ကြတော့တယ်။

နှစ်ဖက်စလုံးကလည်း ကိုယ့်ရဲ့ ဖောက်သည်တွေဖြစ်သွားကြတယ်လေ။ အဲဒီတော့လည်း သီလရှင်နဲ့ သေသူရဲ့ ဇနီးထံက ကျွန်ုပ်က အထွေထွေကိုယ်စား လှယ်ယူပြီး အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ပေးရမယ်။ အခွန်ရုံးမှာ ကာလ အတန်ကြာ တန်ဖိုးဖြတ်ခိုင်းရမယ်။ ပြီး တော့မှ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ချုပ်ရမယ်။ ပြီးတော့ ၀ယ်သူအမည်ပြောင်း ပေးရမယ်။ ဒါတွေအားလုံး မောင်ကောင်း ဖေလုပ်ပေးပါဆိုလို့ တာဝန်ယူလိုက်ရပါ တော့တယ်။

မြို့တော်စည်ပင်မှာ ပိုင်ဆိုင်/ အရောင်း မြေပုံနှစ်မျိုးကူးဖို့ ကိစ္စ ၊ စာချုပ် ရုံးမှာ ပိုင်ဆိုင်ကြောင်း စာချုပ်ဖို့ကိစ္စ၊ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ်ဖို့ကိစ္စ၊ စည်ပင်မှာ ၀ယ်သူအမည်ပြောင်းကိစ်္စ အားလုံးဆောင်ရွက်နိုင်ဖို့အတွက် ရောင်း သူတွေဘက်က အခက်အခဲတွေရှိရင် အခြားသူ တစ်ဦးဦးကို ၎င်းတို့က အထွေ ထွေ/အထူး ကိုယ်စားလှယ်လွှဲစာပေးပြီး အစအဆုံး လုပ်ခိုင်းလို့ရပါတယ်ခင်ဗျား။

 

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

Upcoming Property Events

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service