ရန်ကုန်မြို့ရှိ ဆောက်လုပ်ဆဲတိုက်ခန်းကွန်ဒိုတွေရဲ့ပြီးစီးမှုနဲ့ ငွေပေးချေမှုစနစ် - Property News in Myanmar from iMyanmarHouse.com
1729 Views

ရန်ကုန်မြို့ရှိ ဆောက်လုပ်ဆဲတိုက်ခန်းကွန်ဒိုတွေရဲ့ပြီးစီးမှုနဲ့ ငွေပေးချေမှုစနစ်

ရန်ကုန်မြို့ရဲ့ ဆောက်လုပ်ဆဲတိုက်ခန်းကွန်ဒိုတွေရဲ့ ဆောက်လုပ်ပြီးစီးမှုနဲ့ အရစ်ကျငွေပေးချေမှု အခြေအနေတွေကို ဖော်ပြပေးပါမယ်။

 

Grand Khattar Condo

စမ်းချောင်းမြို့နယ်ရဲ့ အချက်အချာကျတဲ့ Grand Khattar Condo ကို (၅၀)ရာခိုင်နှုန်းပေးချေပြီး (၂၅)ရာခိုင်နှုန်း (၂)လနဲ့ အသင့်နေထိုင်နိုင်သလို ကမ္ဘောဇ၊ ဧရာဝတီ၊ ရိုးမဘဏ်တွေနဲ့လည်း (၅)နှစ်ကနေ (၂၅)နှစ်အထိ အရစ်ကျဝယ်နိုင်ပါတယ်။ အမှတ် (၂၃/၂၅)၊ ခတ္တာလမ်း၊ စမ်းချောင်းမြို့နယ်မှာ တည်ရှိပြီး အခန်းအကျယ်မှာ (၂၆၀၈)စတုရန်းပေရှိပြီး အမြင့်(၁၀)ပေ (၆)လက်မ ရှိပါတယ်။ အခန်းဈေးနှုန်းမှာ (၁)စတုရန်းပေကို ကျပ်(၁၅၀,၀၀၀)ဖြစ်ပြီး ဓာတ်လှေကား(၂)စင်း ပါဝင်ပါတယ်။ ဂရန်အမည်ပေါက် မြေအမျိုးအစား ဖြစ်ပါတယ်။ ငွေပဒေသာပင် သိန်း (၂၀၀)၊ တစ်ခန်းမှာ နှစ်စီးစာရပ်နိုင်တဲ့ မြေအောက်ကားပါကင်၊ အလိုအလျောက်မီးစက်၊ ထရန်စဖော်မာ၊ မြေအောက်ရေကန်၊ အမိုးပေါ်စတီးရေကန်၊ အော်တိုရေပန့်၊ အလိုအလျောက်လုံခြုံရေးအချက်ပေးစနစ်(ဗီဒီယို)၊ အလူမီနီယံကွန်ပို့ဆစ်၊ စတီးဝရန်တာလက်ရန်း၊ ပြတင်းပေါက်တံခါးခြင်ဆန်ခါပါ၊ လှေကား စတီးလက်ရန်း၊ လှေကားအခင်း ဂရင်းနိုက်ကျောက်ပြား၊ (၂၄)နာရီလုံခြုံရေးရရှိဖို့ စီစီတီဗီတွေ ထားရှိထားပါတယ်။ ရွှေတိဂုံစေတီတော်၊ စီးတီးမတ်၊ နိုဗိုတယ်ဟိုတယ်၊ ဂျန်းရှင်းစကွဲ၊ ပြည်သူ့ရင်ပြင်(People Park)၊ ဒဂုံစင်တာ၊ တော်ဝင်စင်တာ၊ Parkson ရှော့ပင်းစင်တာ၊ အရိုးဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံ၊ အာရှတော်ဝင်ဆေးရုံအပြင် ကမ္ဘောဇ၊ ဧရာဝတီ၊ ရိုးမ၊ စီဘီဘဏ်တွေနဲ့ အနီးဆုံးမှာရှိပြီး စာရင်းပေးသွင်းသူ ပထမဆုံး (၂၀)ဦးကို Ngapali Construction က အထူးပရိုမိုးရှင်းတွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

 

အမှတ် (၅၅/၅၇)

စမ်းချောင်းမြို့နယ် ဓမ္မိကဝတီလမ်းမှာ တည်ဆောက်မယ့် ရွှေရောင်လမ်းအဆင့်မြင့် Service Apartment အတွက် ငွေပေးချေမှုပထမအရစ် ကျပ်သိန်း (၂၀၀)ကို ကနဦးပေးသွင်းရမှာဖြစ်ပြီး ကျန်ငွေကို ဘဏ်ကိုသွားရောက်လျှောက်ရန်မလိုဘဲ လ(၃၀)အရစ်ကျ ဒါမှမဟုတ် လ(၅၀)အရစ်ကျနဲ့ ဝယ်နိုင်ပါတယ်။ ပထမအရစ် (၅၀)ရာခိုင်နှုန်း ပေးသွင်းရင် (၂၀)ရာခိုင်နှုန်းအထူးလျှော့ဈေးပေးမှာ ဖြစ်ပါတယ်။ အမှတ် (၅၅/၅၇)၊ ဓမ္မိကဝတီလမ်း၊ သံတံတားရပ်ကွက်၊ စမ်းချောင်းမြို့နယ်မှာဖြစ်ပြီး (၂၀၂၀)ပြည့်နှစ် နှစ်ပိုင်းမှာ အခန်းအပ်နှံမှာ ဖြစ်ပါတယ်။

Early Bird Promotion အနေနဲ့ ပထမဆုံးအခန်းဝယ်ယူသူ (၃)ဦးကို Fully Furnished+Fully Decorated (၂၈)ချက် မေတ္တာလက်ဆောင်ထည့်ပေးမှာ ဖြစ်ပါတယ်။ ဘုရားခန်းမှာ ဉာဏ်တော် (၉)လက်မရှိ မဟာမြတ်မုနိကြေးဆင်းတုတော်၊ ဘုရားကျောင်းဆောင်၊ ရောင်ခြည်စက်ဝန်းနဲ့ Spot Light တွေ၊ ဧည့်ခန်းမှာ (42)Digital TV, Home Theater, CHIGO Stand Air Con 2HP, Sofa, Coffee Table, ကော်ဇော, Security Door Lock System, CCTV Monitoring System, အိပ်ခန်းတွေမှာ နှစ်ယောက်အိပ်ခုတင်၊ နှစ်ယောက်အိပ်ကင်းဆိုက်မွေ့ရာ၊ ဗီရို၊ မှန်တင်ခုံ၊ Bathtub, Basin With Tab, Water Closet, Mirror, Toilet Paper Holder,. Water Heater, Chigo Air Con 1.5 HP ထမင်းစားခန်းနဲ့ မီးဖိုခန်းမှာ Dining Table+Charis, Kitchen Cabinet, Kitchen Counter, 2Door System, LG Refrigerator, Exhaust System, CHIGO Air Con 1 HP တွေ မေတ္တာလက်ဆောင်ထည့်ပေးမှာ ဖြစ်ပါတယ်။ ပါရှိမယ့်အခန်းတွေမှာ ဘုရားခန်းနဲ့ ဧည့်ခန်းတွဲ၊ Master Bedroom (၁)ခန်း၊ Single Bedroom (၁)ခန်း၊ ကြမ်းခင်းကြွေပြားခင်း၊ Kitchen Counter နဲ့ Kitchen Cabiner မီးဖိုခန်းနဲ့ ထမင်းစားခန်းကြွေပြားအလှဆင်၊ WC ကြွေပြားအလှဆင်၊ အဆောက်အအုံအရေးပေါ် မီးစက်တပ်ဆင်၊ (၈)ယောက်စီးဓာတ်လှေကား၊(၂၄)နာရီလုံခြုံရေးဆားဗစ်၊ ဘေစင်၊ ဘိုထိုင်၊ ရေပန်းတွေကို Japan Brand, ဝရန်တာတွေမှာ Landscape Area အဖြစ် အပင်တွေ၊ မြက်ခင်းတုတွေ အလှဆင်၊ လုံခြုံရေးတွေပါရှိမှာဖြစ်ပြီး ဥပဒေနဲ့အညီ ခိုင်ခိုင်မာမာ စာချုပ်ချုပ်၊ လစဉ်စီမံကိန်းရဲ့ တည်ဆောက်ရေး အစီရင်ခံမှုရှိခြင်း၊ ဝယ်ယူထားသူရဲ့ ငွေမဆုံးရှုံးမှု (၁၀၀)ရာခိုင်နှုန်း အာမခံရှိပါတယ်။

 

ကိုးထပ်ကြီးဘုရား၊ အာရှတော်ဝင်ဆေးရုံ၊ လှည်းတန်းစိန်ဂေဟာ၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ Max ဆီဆိုင်၊ ဂွဈေး၊ ကြည့်မြင်တိုင်ညဈေးနဲ့ နီးကပ်စွာ တည်ရှိပါတယ်။

 

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service