ကမ်းနားလမ်းအငှားအိမ်ရာတွင် နေခွင့်ရသူများ သုံးပုံတစ်ပုံသာ အမှန်တကယ်နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
1255 Views

ကမ်းနားလမ်းအငှားအိမ်ရာတွင် နေခွင့်ရသူများ သုံးပုံတစ်ပုံသာ အမှန်တကယ်နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိ

မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီက တည်ဆောက်ပေးထားသည့် အငှား အိမ်ရာတွင် နေထိုင်ခွင့်ပြုထားသူ ၁,၅၀၀ ကျော်အနက် အမှန်တကယ်နေထိုင်သူ ၅၀၀ ကျော်သာ ရှိကြောင်း ကော်မတီတာဝန်ရှိသူများက ပြောသည်။

ကျူးကျော်များကို စည်ပင်သာယာကစာရင်းကောက်၍ အိမ်ထောင်စုဇယား ပြသနိုင်သူ ၁,၅၀၀ ကျော်အား တိုက်ခန်းတွင် နေထိုင်ခွင့်ပေးပြီး အမှန်တကယ် နေထိုင်ခြင်းရှိ၊ မရှိ သြဂုတ် ၂၁ ရက်မှ ၂၃ ရက်အထိ စစ်ဆေးခဲ့ ရာ နေထိုင်ခွင့်ရရှိသူများက ပြန်လည်ငှားရမ်းထားခြင်း၊ ရောင်းချ ခြင်းများ ပြုလုပ်ထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း မန္တလးမြို့ တော်စည်ပင်သာယာရေးကော်မ တီ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

‘‘ စစ်လိုက်တဲ့အခါမှာ ၅၀၀ လောက်ပဲ အမှန်နေထိုင်တာတွေ့ ရတယ်။ ကျန်တာကတော့ ငှား စားထားတာတွေ၊ ပြန်ရောင်းစား ထားတာတွေ့ရတယ်။ ဒါတွေက ရောင်းလို့မရဘူးလေ။ စည်ပင်က ငှားပေးထားတာ’’ ဟု အကြီးတန်း အရာရှိက ပြောသည်။

စည်ပင်သာယာ၏ ကွင်း ဆင်းစစ်ဆေးချက်အရ အခန်းအ ရေအတွက် ၁,၅၈၄ ခန်းအနက် မူလအမည်ဖြင့် နေထိုင်သူ ၅၆၈ ခန်း၊ အမည်လွှဲ/ဝယ်ယူနေထိုင် သူ ၅၀၆ ခန်း၊ အငှားဖြင့်နေထိုင် သူ ၅၁၁ ခန်း တွေ့ရှိခဲ့ကြောင်း မန္တလေး စည်ပင်ကော်မတီ မှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့အပြင် အငှားအိမ်ရာ တိုက်ခန်းများတွင် အဖီဆွဲနေထိုင်ခြင်းနှင့် တဲထိုး၍နေထိုင်သည့် နေ အိမ် ၂၀၅ လုံးကို စစ်ဆေးတွေ့ရှိ ရာ ဖျက်ဆီးမည်ဖြစ်ကြောင်းယင်းမှတ်တမ်းတွင် ဖော်ပြသည်။

ကမ်းနားလမ်းတွင် ကျူး ကျော်များအတွက် ၂၀၁၆ မတ်လ က အခန်း ၁,၅၈၄ ခန်း ဆောက် လုပ်၍ အိမ်ထောင်စု ဇယားပြနိုင် သူများကိုသာ တစ်လလျှင်ကျပ် သုံးသောင်းဖြင့် ငှားရမ်းပေးခြင်း ဖြစ်ကာ နေထိုင်ခွင့်ရထားသူများ က နေထိုင်ခြင်းမရှိဘဲတစ်ဆင့် ပြန်လည်ငှားရမ်း၊ ရောင်းချခြင်းများရှိနေကြောင်း စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

‘‘စစ်ဆေးလိုက်တဲ့အခါမှာ အခန်းအတွေရဲ့ ထက်ဝက်ကျော် က ငှားရမ်း၊ ရောင်းချထားတာ တွေ တွေ့ရတယ်။ မူလနေထိုင်ခွင့်ပေးတဲ့လူတွေ နေထိုင်နေတာ မတွေ့ရဘူး။ ပြန်ပြီးအခြားသူနေ ထိုင်နေတာကို တွေ့ရတယ်။ ဒါ တွေကိုတော့ စည်ပင်က ပြန်သိမ်းမယ်။ လွတ်သွားတဲ့အခန်းတွေကို တော့ ပြန်စီစဉ်မယ်။ ကျူးတွေအတွက်တော့ မဟုတ်တော့ဘူး။ သူ တို့နေထိုင်စရာမရှိလို့ စည်ပင်က စီစဉ်ပေးခဲ့တာလေ။ ဝန်ထမ်းတွေ ကို နေထိုင်ခွင့်ပေးတာတစ်မျိုးပြန် စဉ်းစားမယ်’’ ဟု ကော်မတီဝင်ဦး ကျော်ဆန်းမြင့်က ပြောသည်။

၂၀၁၇ က စည်ပင်သာယာ စစ်ဆေးချက်အရ တိုက်ခန်းလခပေးဆောင်ပြီး လူနေထိုင်မှု မရှိသည့် သော့ခတ်၊ ပစ္စည်းမရှိသည့် အခန်း ၈၁ ခန်း၊ နေ့ခင်းတွင် အလုပ်သွားလာပြီး ညပိုင်းတွင်သာ နေထိုင်သည့် လူနေသော့ ပိတ် ၂၈၄ ခန်း၊ အမှန်တကယ်နေ ထိုင်ခွင့်ရရှိသူအချင်းချင်း သ ဘောတူ လဲလှယ်နေထိုင်သည့် အခန်း ၁၂၀ ခန်း စစ်ဆေးတွေ့ရှိခဲ့ သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

Upcoming Property Events

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service