ပုဂံယဉ်ကျေးမှုနယ်မြေတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ထားရန်ညွှန်ကြား - Property News in Myanmar from iMyanmarHouse.com
1085 Views

ပုဂံယဉ်ကျေးမှုနယ်မြေတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ထားရန်ညွှန်ကြား

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း အဆောက်အအုံဆောက်လုပ်နေမှုများကို ရပ်ဆိုင်းထားရန် ညွန်ကြားထားကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် ပုဂံကွန်ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က အတည်ပြုပြောကြားသည်။

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး ပုဂံအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေး မှတ်တမ်းဆုံးဖြတ်ချက် အပိုဒ် ၁၉ (ဆ) တွင် သတ်မှတ်ထားသည့် ဇုန်ဧရိယာနှင့် ကာကွယ်ထိန်းသိမ်းထားသည့် ဧရိယာမျာအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းများ၏ တည်ဆောက်ရေးပစ္စည်းများကို ဩဂုတ်လကုန် နောက်ဆုံးထား၍ လမ်းများပေါ်နှင့် လူမြင်ကွင်းများမှ ရှင်းလင်းပေးထားရန်နှင့် ဩဂုတ်လကုန်မှ စက်တင်ဘာလကုန်ထိ တည်ဆောက်ရေး လုပ်ငန်းခွင်များ ခေတ္တရပ်ဆိုင်းထားရန်ဟု ဖော်ပြထားသည်။

အဆိုပါညွန်ကြားချက်ကို သိရှိလိုက်နာနိုင်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်၊ တည်းခိုခန်းများထံသို့ ပုဂံအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက အသိပေးအကြောင်းကြားစာများ ဖြန့်ဝေခဲ့သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ကမ္ဘာ့အမွေအနှစ်ဖြစ်ရေး အဆိုပြုစာတွဲကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ယူနက်စကိုအဖွဲ့ထံ မြန်မာအစိုးရက တင်ပြထားပြီးဖြစ်သည်။

ပုဂံကို ယူနက်စကိုဝင်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ တင်ပြထားမှုများကို လာရောက်အကဲဖြတ်ရန် အမွေအနှစ်နှင့် ယဉ်ကျေးမှုဒေသများဆိုင်ရာ နိုင်ငံတကာ ကောင်စီမှ တာဝန်ရှိသူများ စက်တင်ဘာလအတွင်း ပုဂံသို့လာရောက်ရန်ရှိနေကြောင်း ယူနက်စကိုမြန်မာရုံးခွဲ၊ စီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးက ပြောကြားသည်။“ သူတို့ကနေပြီး အစီရင်ခံစာကို ယူနက်စကိုကို တင်ပြမယ်။ ပုဂံဒေသဟာ ယူနက်စကို ဝင်သင့်တယ်၊ မဝင်သင့်ဘူးဆိုတာကို တင်ပြမယ်ပေါ့။ မြန်မာနိုင်ငံက တင်ပြထားတဲ့ အချက်အလက်တွေ မှန်ကန်မှုရှိမရှိ၊ ပြည်သူနဲ့အစိုးရက တကယ် ကျင့်သုံးနေမသုံးဆိုတာ အကဲလာဖြတ်မှာ ”ဟု ၎င်းကပြောဆိုသည်။

ထိုသို့ လက်ရှိဆောင်ရွက်ဆဲလုပ်ငန်းများ၏ တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများကို ယခုလကုန်နောက်ဆုံးထား၍ လမ်းများပေါ်နှင့် လူမြင်ကွင်းများမှ ရှင်းလင်းပေးထားရန်နှင့် အဆောက်အအုံ ဆောက်လုပ်နေမှုများကို ဩဂုတ်လ ၃၁ ရက်နေ့မှစက်တင်ဘာ ၃၀ ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြားထားခြင်းကို ပုဂံဒေသခံအချို့က ဝေဖန်လျက်ရှိသည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

Upcoming Property Events

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service