Local Property News | Posted by Aye Myat Thu
ရန်ကုန်တိုင်းဒေသကြီး ဟာ စီးပွားရေးမြို့တော်တည်ရှိရာနေရာ ဖြစ်တာကြောင့် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရာမှာလည်း လူစိက်ဝင်စားမှု အမြင့်ဆုံး နေရာတွေ ဒီနေ့ ထိရပ်တည်နေပါတယ်။
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဇူလိုင်လအထိ ပြည်ပရင်းနှီးမြုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ(၂၉၂)သန်း ရှိပါတယ်။ ဘဏ္ဍာရေး နှစ်အလိုက် အရ ဆို ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်မှာ အမေရိကန်ဒေါ်လာ(၂၁၁၃)သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ(၃၈၃၃)သန်း၊၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ (၃၁၇၈)သန်း ရင်းနှီးမြုပ်နှံထားကြတာ တွေ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မှာ ရင်းနှီးမြုပ်နှံမှု အများဆုံးကတော့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ကဏ္ဍ ဖြစ်ပြီး လေးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ(၂၉၃၇) သန်း အထိ ရင်းနှီးမြုပ်နှံထားကြတာ တွေ့ရပါတယ်။
ဆက်သွယ်ရေး ကဏ္ဍမှာ အများဆုံး ရင်းနှီးမြုပ်နှံမှု ဖြစ်ပြီး အင်တာနတ် ၀န်ဆောင်မှု၊ဆက်သွယ်ရေးစနစ် ပိုမိုကောင်းမွန်လာမှု နှင့် ဒေတာအရွှေ့အပြောင်း မြန်ဆန်လာမှု နဲ့ အတူ ဆက်သွယ်ရေးအတွက် အများပြည်သူ ကုန်ကျစရိက်အတွက် ရွှေးချယ်စရာ ပိုမို များပြားလာတာကို တွေ့ရှိရပါတယ်။
ဒုတိယရင်းနှီးမြုပ်နှံမှု အများဆုံးက အိမ်ခြံမြေ ကဏ္ဍ ဖြစ်ပြီး လေးနှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ(၂၃၄၅)သန်း အထိ ရင်းနှီးမြုပ်နှံထားပါတယ်။
အိမ်ခြံမြေ ဥပဒေသစ် အရ နိုင်ငံခြားသား ပိုင်ဆိုင်ခွင့် အခြေအနေ၊ထူထပ်လာသော ရန်ကုန် လူနေမှု အခြေအနေများ အရ ရင်းနှီးမြုပ်နှံမှုတွေကို နှစ်စဉ် တိုးမြင့်လာတာ တွေ့ရပြီး ဆက်ပြီး အရှိန်အဟုန် တိုးနေမယ့် အခြေအနေပါ။
ကုန်ထုက်လုပ်ရေး ကဏ္ဍာမှာလည်း ရင်းနှီးမြုပ်နှံမှုအများအပြား ပြုလုပ်ထားတာ တွေ့ရတာမို့ ရန်ကုန်စီးပွားရေး အခြေအနေများကို ဖော်ပြရာမှာ အိမ်ခြံမြေ၊ဆက်သွယ်ရေး နဲ ကုန်ထုက်လုပ်ရေး ကဏ္ဍတွေက ဦးဆောင်ပေးနေတာ တွေ့ရပါတယ်။
နောက်ပိုင်းမှာ စီးပွားရေးအဆောက်အအုံတည်ဆောက်မှုနဲ့ အိမ်ရာထုတ်လုပ်ရေးအပိုင်းမှာ ပိုမို ထုတ်လုပ်လာနိုင်မယ်လို့ ကျွမ်းကျင်သူတွေကခန့် မှန်းထားကြပါတယ်။ ရန်ကုန်တစ်ခုထဲမဟုတ်ဘဲ တစ်နိုင်ငံလုံးရင်းနှီးမြှပ်နှံမှုကိုကြည့်ရှုပါက ၂၀၁၈ ကြားကာလ ဘတ်ဂျက်နှစ်တွင် ဧပြီမှ ဩဂုတ်လလယ်အထိ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုကန်ဒေါ်လာတစ်ဘီလီယံ ၀င် ရောက်ထားတာလည်းဖြစ်ပါတယ်။
ဒီရင်းနှီးမြှပ်နှံမှုတွေထဲမှာ ရန်ကုန်မြို့ က အားအကောင်းဆုံးဖြစ်ပြီး ရင်းနှီးမြှပ်နှံသူတွေ စိတ်အဝင်စားဆုံးမြို့ တစ်မြို့ လည်းဖြစ်နေတာပါ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၅ ခုဝင်ရောက်ထားပြီး စင်ကာပူ၊ တရုတ်နှင့်ဂျပန်နိုင်ငံတို့က အစဉ်လိုက် ပမာဏအများဆုံးလာရောက်ရင်းနှီးမြှုပ်နှံထားသည်ဟုဆိုသည်။
စင်ကာပူနိုင်ငံက စုစုပေါင်း ကန်ဒေါ်လာ ၃၂၀ ကျော်တန်လုပ်ငန်းစီမံကိန်းခုနစ်ခု၊ တရုတ်နိုင်ငံ က ကန်ဒေါ်လာသန်း ၁၅၀ တန် စီမံကိန်းလုပ်ငန်း ၂၃ ခုနှင့်ဂျပန် နိုင်ငံက စုစုပေါင်းတန်ဖိုး ၁၂၇ သန်းတန် စီမံကိန်းလေးခုတို့ဖြင့် အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထားတာလည်းဖြစ်ပါတယ်။
အစိုးရက ကြားကာလဘတ် ဂျက်နှစ်ဧပြီမှ စက်တင်ဘာအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကန်ဒေါ် လာသုံးဘီလီယံဝင်ရောက်ရန် ခန့်မှန်းထားပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com