ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ မူဘောင်သဘောတူစာချုပ် စက်တင်ဘာတွင် လက်မှတ်ရေးထိုးမည် - Property News in Myanmar from iMyanmarHouse.com
1713 Views

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ မူဘောင်သဘောတူစာချုပ် စက်တင်ဘာတွင် လက်မှတ်ရေးထိုးမည်

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန်  တရုတ်အစိုးရပိုင် ကုမ္ပဏီနှင့် မြန်မာအစိုးရကြား မူဘောင် သဘောတူညီမှု စာချုပ်ကိုလာ မည့် စက်တင်ဘာအတွင်း လက် မှတ်ရေးထိုးမည်ဟု ယင်းအထူး စီးပွားရေးဇုန်အကောင်အထည် ဖော်ရေးဆိုင်ရာ တာဝန်ရှိသူတစ် ဦးက ပြောသည်။

ထို့အပြင် အကောင်အထည် ဖော်ရာတွင် တရုတ်နိုင်ငံမှ ရေးဆွဲထားသည့် စီမံကိန်းပုံစံအတိုင်း မဟုတ်ဘဲ ဇုန်၏အရွယ်အစားကို လျှော့ချပြီး အပိုင်းလိုက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘စီမံကိန်းကို လျှော့ချမယ်၊ Phase by Phase (အပိုင်းလိုက်) သွားမယ်။ စီမံကိန်းကဖို့က မကြာတော့ဘူး။ ရှေ့လထဲမှာ စာချုပ်တွေ ဘာတွေစဖြစ်မယ်’’ဟု အထက်ပါတာဝန်ရှိသူကဆိုသည်။အပိုင်းလိုက်ခွဲ၍ အကောင် အထည်ဖော်ရာတွင် မြန်မာနိုင်ငံဘက်က ရင်းနှီးမြှုပ်နှံနိုင်သည့် ပမာဏ၊ မြန်မာလုပ်ငန်းရှင်ပါဝင် နိုင်သည့် အနေအထားနှင့် မြန်မာဘက်က စီမံခန့်ခွဲနိုင်သည့်အရွယ် အစားအတိုင်းသာ အကောင်အ ထည်ဖော်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောထားသည်။

အဆိုပါ စီမံကိန်းတန်ဖိုးကို တရုတ်နိုင်ငံက ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံဟု သတ်မှတ်ပြီး မြန်မာဘက်ကမူ ထိုပမာဏကို လျှော့ချရန် စီစဉ်ခဲ့သည်။ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂ္ဂိုလ်၏ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာရှောင်တာနဲလ်က ကျောက်ဖြူအထူးစီးပွားဇုန်၏ ပထမစတင်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြစ် သင့်သည်ဟု ဆိုထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဦးစိုးဝင်းက Nikkei Asian Review သတင်းဌာနနှင့် ဇူလိုင် ၃ ရက်က အထူးတွေ့ဆုံမေးမြန်း ခန်းတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအရွယ်အစား လျှော့ချရေး တရုတ်ထံတောင်းဆို ကြိုးပမ်းမည်ဟု ပြောကြားထား သည်။

‘‘မလိုအပ်တဲ့ ကုန်ကျစရိတ် တွေအားလုံးကို ကျွန်တော်တို့ လျှော့ချသင့်ပါတယ်။ စီမံကိန်း တွေကြီးလေ ပြန်ပေးရဖို့က တာ ၀န်ပိုကြီးလေပါပဲ’’ဟု ဦးစိုးဝင်းက ပြောသည်။ မြန်မာဘက်က မည် မျှလျှော့ချလိုသည်ဆိုသော ကိစ္စ သည် ညှိနှိုင်းမှုအပေါ် မူတည်နေ ပြီး အတိအကျမပြောနိုင်သေးဟု ဦးစိုးဝင်းက ပြောသည်။

၂၀၁၅ က တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ CITIC အုပ်စုဦးဆောင်သည့် လုပ်ငန်းစု တစ်ခုက ယင်းဇုန်ကို ဖော်ဆောင် ခွင့်  ရရှိခဲ့သည်။

အဆိုပါ စီမံကိန်းအတွက် ရှယ်ယာအချိုးကို တရုတ်ကုမ္ပဏီ က ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်မည် ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်းသည် တရုတ်နိုင်ငံ၏ OBOR (ရပ်ဝန်းတစ်ခု၊ လမ်း ကြောင်းတစ်ခု) ၏ အဓိကကျ သည့် အစိတ်အပိုင်းဖြစ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုနှင့်တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ ထွက်ပေါက် လည်းဖြစ်ကြောင်း ဒေါက်တာ သန်းမြင့်က ဆိုသည်။

ထိုစီမံကိန်းသည် အိန္ဒိယ သမုဒ္ဒရာဘက် မျက်နှာမူထား သော ကျောက်ဖြူမြို့တွင် အထူး ဇုန်တစ်ခု ဖန်တီးရန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံး ဆိပ် ကမ်းဖြစ်လာမည့် ယင်းစီမံကိန်း လျာထားမှုတွင် ကုန်တင်သင်္ဘော ကြီးများ ဆိုက်ကပ်နိုင်သော ဆိပ် ကမ်းအနီး ၁,၀၀၀ ဟက်တာ ကျယ်သော စက်မှုဇုန်တစ်ခု ပါဝင်မည် ဖြစ်သည်။

Credit:  7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service