ဒေါ်လာဈေးနှုန်း ရက်ပိုင်းအတွင်း ပြန်လည်ငြိမ်သက်မည်ဟု မျှော်လင့် ၊ ယခုလကုန်ပိုင်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် စီးပွားရေး နယ်ပယ်မှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
2820 Views

ဒေါ်လာဈေးနှုန်း ရက်ပိုင်းအတွင်း ပြန်လည်ငြိမ်သက်မည်ဟု မျှော်လင့် ၊ ယခုလကုန်ပိုင်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် စီးပွားရေး နယ်ပယ်မှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံရန် စီစဉ်နေ

အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်ရာတွင် မတည်မငြိမ်ဖြစ်နေသည့် ပြဿနာများ ရက်ပိုင်းအတွင်း ပြန်လည် တည်ငြိမ်လာမည်ဟု မျှော်လင့်ထားပြီး ယခုလကုန်ပိုင်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် စီးပွားရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ နှင့်တွေ့ရန် စီစဉ်လျက်ရှိဟု နိုင်ငံတော် သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက သြဂုတ် ၁၆ ရက် နေပြည်တော်၌ သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

'' အတိုင်ပင်ခံပုဂ္ဂိုလ် ၊ ဗဟိုဘဏ်တာဝန်ရှိသူတွေ ၊ စီးပွားရေး ဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေနဲ့ အမြဲမပြတ်ဆွေးနွေးနေပါတယ် ၊ လာမည့် ဒီလ နှောင်းပိုင်းမှာ စီးပွားရေးနယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဖို့ရှိပါတယ် ၊ စီစဉ်နေပါတယ် ၊ အစိုးရ ပိုင်းက ပေါ်လစီ ထိန်းညှိတဲ့ အပိုင်းနဲ့ လုပ်ငန်းရှင်တွေက လူးလာလွန့်လာ ဖြစ်အောင် လုပ်ရမယ့် အပိုင်း ၊ စီးပွားရေးနဲ့ ပတ်သက်ပြီး ပညာရှင်တွေ ၊ လုပ်ငန်းရှင်တွေရဲ့ပေးပို့ချက်တွေလည်းရနေပါပြီ ၊ ပြောရရင် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကော သမ္မတကြီးကော စီးပွားရေးဆိုင်ရာက ပုဂ္ဂိုလ်တွေကော အကောင်းဆုံး ညှိနှိုင်းပူးပေါင်းပြီး ဆောင်ရွက်နေပါပြီ ၊ အဓိက နိုင်ငံရဲ့ နိုင်ငံခြား အရန်ငွေ ပမာဏ ဘယ်လောက်ထိန်းမလဲ ၊ ပြည်တွင်းမှာ ရှိနေတဲ့ လိုအပ်ချက်ကို ဘယ်လောက်ထိန်းနိုင်မလဲ ၊ တစ်နေ့ကို ဥပမာ တစ်သန်းထည့်မယ်ဆိုရင် ဝယ်တဲ့ လူကိုလည်း သတ်မှတ်တဲ့ ဈေးနဲ့ ရောင်းပေးရမယ် ၊ ရောင်းတဲ့လူကိုလည်း ဝယ်ပေးနိုင်ရမယ်၊ ဗဟိုဘဏ်က flot လုပ်ထားတာကို ဖြုတ်လိုက်တယ် ၊ Free Flot ပုံစံမျိုးထားထားတယ် ၊ အရင်ကထိန်းထားတဲ့ ပုံစံပေါ့ အထူးသဖြင့် အဓိကက လူတွေက ဈေးတက်လာမှာ စိုးလို့ကြိုပြီးဝယ်ကြတာ ရှိတယ် ၊ လန့်ပြီးတော့ စိုးရိမ်ပြီးတော့ အစိမ်းတွေ စုဆောင်းတော့ ဈေးကွက်ထဲမှာ ဝယ်လိုအားများသွားတယ် ၊ ဒီနေ့ကိုကြည့်လိုက်ရင် နည်းနည်းပြန်ကြည့်ရင် မနက်ပိုင်းမှာ ၁၅၆၀ လောက်ကနေ အခု ၂၀ ကျော်လောက်ပြန်ကျသွားတယ်လို့ သိရတယ် ၊ အဓိကက ငွေလဲနှုန်းက နိမ့်ဖို့လည်း မလိုဘူး မြင့်ဖို့လည်း မလိုဘူး ၊ တန်ဖိုးတစ်ခုမှာ ငြိမ်နေဖို့လိုတယ် ၊ ငြိမ်နေမှ သွင်းကုန်ထုတ်ကုန်သမားက တွက်လို့ရမယ် ကိုယ်ကဘယ်လောက်အတိုင်းအတာ အထိ ငွေပေးချေမယ်ဆိုတဲ့ကြိုတင်မှန်းဆ နိုင်တဲ့ အခြေအနေ တစ်ရပ်ရှိဖို့လိုတယ် ၊ ငြိမ်ဖို့လိုတယ် ၊ အခုက အရမ်းအပြောင်းအလဲ မြန်တော့ ၊ ဒီအနေအထားလေးကိုတော့ ဒီရက်ပိုင်းမှာတော့ ငြိမ်သွားမယ်လို့ မျှော်လင့်တယ် '' ဟု၎င်းကပြောသည်။

သြဂုတ် ၁၆ ရက်နံနက်ပိုင်းတွင် အမေရိကန် ဒေါ်လာ နှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်း ၁၅၃၅ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး နေ့လယ်ပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၅၆၅ ကျပ်ထိ စံချိန်တင် မြင့်တက်ခဲ့သည်။ ညနေပိုင်းဈေးပိတ်ချိန်တွင် တစ်ဒေါ်လာလျှင် ၁၅၃၀ နှုန်းထိ ပြန်လည်ကျဆင်းခဲ့သည်။ ဒေါ်လာ နှင့် မြန်မာကျပ်ငွေ ဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲကာ အတက်အကျ များပြားသည့် အတွက် စီးပွးရေး လုပ်ငန်းများ နှင့် ငွေပေးငွေယူ လုပ်ငန်းများတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များ အသိုက်အဝန်းမှ သိရသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service