တိုင်းဒေသကြီး တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရသူတွေအတွက် စည်းကမ်းချက် ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
2572 Views

တိုင်းဒေသကြီး တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရသူတွေအတွက် စည်းကမ်းချက် ထုတ်ပြန်

ရန်ကုန်တိုင်းအစိုးရအဖွဲ့က တန်ဖိုးနည်း၊ တန်ဖိုးလတ် တိုက်ခန်းဝယ်ယူသူတွေ ရောင်းမှား ဝယ်မှား မဖြစ်စေရေး သတိထားစေဖို့ အိမ်ရာစီမံကိန်း ရောင်းချရေးကော်မတီက စည်းကမ်းချက်တွေ ထုတ်ပြန်ကြေညာ ထားပါတယ်။

၁။ မိမိရရှိတဲ့ တိုက်ခန်းကို ရှေးဦးစွာ စစ်ဆေးပြီး တိုက်ခန်းရယူမယ်ဆိုပါက မှတ်ပုံတင်မူရင်းနဲ့အတူ လူကိုယ်တိုင် အိမ်ခန်းဝယ်ယူ ငွေပေးသွင်းရမှာဖြစ်ကြောင်း ဝန်ခံကတိပြုလွှာမှာ လက်မှတ်ရေးထိုးရပါမယ်။

၂။ ဝယ်ယူခွင့်ရရှိသူဟာ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကို လာရောက်ဆက်သွယ်ပြီး ငွေပေးသွင်းမယ့်စနစ်ကို ရွေးချယ်ရပါမယ်။ ငွေအကျေပေးသွင်းဝယ်ယူခြင်း ဒါမှမဟုတ် ဘဏ်ချေးငွေနဲ့ ချိတ်ဆက် ဝယ်ယူနိုင်ပါတယ်။

၃။ ငွေအကျေ ပေးသွင်း ဝယ်ယူမယ့်သူတွေဟာ အိမ်ရာဖွံ့ဖြိုးရေး ဌာနခွဲကို ဆက်သွယ်ပြီး ငွေသွင်းချလန်ထုတ်ယူပြီး မြန်မာ့စီးပွားရေးဘဏ်ခွဲ အမှတ်(၁)မှာ ငွေသွားရောက်ပေးသွင်းရမှာ ဖြစ်ပါတယ်။

၎။ ဒုတိယအုပ်စု ဝယ်ခွင့်ရရှိတဲ့ တန်ဖိုးသင့်အိမ်ခန်းတွေကို တစ်ကြိမ်တည်း ငွေအကျေပေးသွင်းပါက အိမ်ခန်းတန်ဖိုးရဲ့ (၃)ရာခိုင်နှုန်းကို လျှော့ပေးမှာ ဖြစ်ပါတယ်။

၅။ အိမ်ခန်းတန်ဖိုးငွေ အကျေပေးသွင်းပြီးပါက အိမ်ရာဖွံ့ဖြိုးရေးဌာနက အိမ်ခန်းပေါ်တက်ရောက်နေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ပေးမှာ ဖြစ်ပါတယ်။

၆။ အိမ်ပေါ်တက်ရောက်နေထိုင်ခွင့် အကြောင်းကြားစာ ရရှိပြီးပါက သက်ဆိုင်ရာ အိမ်ရာဖွံ့ဖြိုးရေးဌာနက ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

၇။ ဘဏ်ချေးငွေနဲ့ ချိတ်ဆက်ဝယ်ယူမယ့်သူတွေမှာ ပူးတွဲပါ ဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ရဲ့ အိမ်ရာချေးငွေ လျှောက်ထားခြင်း လုပ်ငန်းစဉ်နဲ့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

၈။ အိမ်ရာဝယ်ယူခွင့်ရရှိသူက ကိုယ်တိုင်နေထိုင်ရမှာဖြစ်ပြီး (၅)နှစ်အတွင်း ချေးငွေနဲ့ ဆောင်ရွက်တဲ့ အခန်းဖြစ်ရင် ချေးငွေမကျေမခြင်း တစ်ဆင့်ငှားရမ်းလွှဲပြောင်းချင်းတွေ မပြုလုပ်ဖို့အတွက် အသိပေးထားပါတယ်။

၉။ အိမ်ခန်းဝယ်ယူတဲ့နေ့ကစပြီး သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီက သတ်မှတ်ကောက်ခံတဲ့ ရန်ပုံငွေနဲ့ အခွန်အခတွေကို မပျက်မကွက်ပေးရမှာ ဖြစ်ပါတယ်။

၁၀။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တစ်ခုခုကို ဖောက်ဖျက်ပါက အိမ်ခန်းတွေ ပြန်သိမ်းယူမှာဖြစ်ပြီး အမည်ပျက်စာရင်း(black list) သတ်မှတ်မှာ ဖြစ်ပါတယ်။ သတ်မှတ်ရင် အိမ်ခန်းတန်ဖိုးရဲ့ (၁၀)ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ခုနှိမ်ပြီး ကျန်ငွေကို ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။

၁၁။ အမည်ပျက်စာရင်း(black list) သတ်မှတ်ခံရသူကို ထပ်ပြီး အိမ်ခန်းလျှောက်ထားခြင်းတွေ လက်ခံမှာ မဟုတ်ပါဘူး။

၁၂။ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက ဦးစီးအရာရိ ဒေါ်ငယ်ငယ်ကျော် (ဖုန်း-၀၉-၂၅၁၉၉၃၉၉၆) နဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service