ကျောတစ်ခင်းစာနေရာအတွက် ဘုန်းတော်ကြီးကျောင်းတွေက ခိုလှုံရာနေရာတစ်နေရာ ဖြစ်နေဆဲ - Property News in Myanmar from iMyanmarHouse.com
2217 Views

ကျောတစ်ခင်းစာနေရာအတွက် ဘုန်းတော်ကြီးကျောင်းတွေက ခိုလှုံရာနေရာတစ်နေရာ ဖြစ်နေဆဲ

တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ ရန်ကုန်ကို အကြောင်းကိစ္စတစ်ခုခုကြောင့် လာရောက်သူတွေဟာ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ အသိမိတ်ဆွေအိမ်တွေနဲ့ ဆွေမျိုးသားချင်းအိမ်တွေ စသဖြင့် ကိုယ်နဲ့နီးစပ်ရာမှာ တည်းခိုနေထိုင်ကြလေ့ ရှိကြပါတယ်။

ရက်ရှည်နေထိုင်မယ့်သူတွေနဲ့ အလုပ်လာလုပ်တဲ့သူ တွေကတော့ ငှားနေမယ့်အိမ် ဒါမှမဟုတ် အဆောင်တွေကို ရှာကြရပါတယ်။ ဒီထဲမှာ မြေစမ်း ခရမ်းပျိုးအနေနဲ့ နယ်မြို့ရဲ့ ကျေးရွာတွေကနေ ရန်ကုန်ကို အလုပ်ရလိုရငြား လာရောက်သူတွေနဲ့ အသိမိတ်ဆွေမရှိဘဲ ရန်ကုန်မြို့မှာ ဆေးကုသဖို့ လာရောက်တဲ့သူတွေရဲ့ အားကိုးခိုလှုံရာနေရာကတော့ ဘုန်းတော်ကြီးကျောင်းတွေပဲ ဖြစ်ပါတယ်။

တစ်ဆင့်စကား တစ်ဆင့်နားနဲ့ အသိမိတ်ဆွေတွေရဲ့ လမ်းညွှန်မှုကြောင့် ဘုန်းကြီးကျောင်းကို လာရောက် တည်းခိုကြတဲ့သူတွေ ရှိသလို ရွာကအသိ ဘုန်းတော်ကြီးတွေရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ လာရောက်တည်းခို နေထိုင်ကြတဲ့သူတွေလည်း ရှိပါတယ်။

+++ သူတို့ ဘာကြောင့် ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ဖို့ ရွေးချယ်ကြသလဲ +++

ဆွေမျိုးသားချင်း အိမ်တွေမှာ ရက်ရှည်နေထိုင်ဖို့ အဆင်မပြေတဲ့အခါ၊ အပြင်မှာ အခန်း (သို့မဟုတ်)အဆောင်ငှားနေဖို့ ပိုက်ဆံအခက်အခဲ၊ နေရာအခက်အခဲရှိတဲ့အခါ ဘုန်းကြီးကျောင်းမှာ နေထိုင်ဖို့ ရွေးချယ်ကြ ပါတယ်။

"အသိဘုန်းကြီးတွေကတစ်ဆင့် ချိတ်ဆက်ပေးရင်းနဲ့ ဘုန်းကြီးကျောင်းတွေ တစ်ခုပြီးတစ်ခု လိုက်နေဖြစ်တယ်။ အလုပ်ရှာနေဆဲအချိန်ဖြစ်တာကြောင့် အပြင်မှာ ငှားနေဖို့လည်း မတတ်နိုင်သေးဘူး"လို့ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်ကနေ ရန်ကုန်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်သူ ကိုရဲကိုက ဆိုပါတယ်။ ကိုရဲကိုကလက်ရှိမှာ ဇေယျသိဒ္ဓိဘုန်းကြီးကျောင်းမှာ နေထိုင်နေ ပါတယ်။

ပန်းတောင်းမြို့နယ်က ရန်ကုန်ကို လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မိတ္ထီလာကျောင်းမှာ နေထိုင်နေသူ ဦးအောင်မြင့်ဦးက "အရင်အလုပ်တုန်းကတော့ နေစရာရလို့ ဘုန်းကြီးကျောင်းမှာ ခဏပဲနေခဲ့ရတယ်၊ အခုအလုပ်က ဝင်တာမကြာသေးတော့ နေစရာမရသေးဘူး၊ ဒီကျောင်းမှာပဲ ဆက်နေရဦးမယ်ထင်တယ်"လို့ သူ့ရဲ့အခြေအနေကို ပြောပြပါတယ်။

+++ ဘယ်လိုအခက်အခဲတွေရှိလဲ +++

ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်တဲ့သူတွေ အနေနဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာရန်လိုအပ်ပြီး အနေအထိုင်မတတ်တဲ့သူတွေအတွက် ရေရှည်နေထိုင်ဖို့ ခက်ခဲတယ်လို့ ဘုန်းတော်ကြီးကျောင်းမှာ လေးနှစ်ခန့်နေထိုင်ပြီး ပြင်ပမှာ အလုပ်လုပ်ကိုင်နေသူ ကိုကျော်မင်းက ဆိုပါတယ်။

"ဘုန်းကြီးနဲ့ လူဆိုတော့ မနေတတ်ရင် အဆင်မပြေဘူး၊ တကယ်တော့ ဘုန်ကြီးကျောင်းဆိုတာ လူတွေနေဖို့ အပ်စပ်တဲ့နေရာတော့ မဟုတ်ဘူး"လို့ ကိုကျော်မင်းက ပြောပါတယ်။

အများနဲ့ စုပေါင်းနေရတဲ့အတွက် နေထိုင်စားသောက် ရေးကအစ အဆင်မပြေခက်ခဲတာတွေရှိပြီး တစ်ကိုယ်ရေတစ်ကာယသုံး ပစ္စည်းတွေကို စနစ်တကျ ထိန်းသိမ်းနိုင် မှသာ ရေရှည်နေထိုင်ဖို့ အဆင်ပြေနိုင်မယ်လို့လည်း ၎င်းက ဆိုပါတယ်။

+++ ဘာကြောင့် အပြင်မှာ ငှားမနေကြတာလဲ +++

အဆောင်အများစုဟာ ပတ်ဝန်းကျင် မသန့်ရှင်းကြ တာက တစ်ကြောင်း၊ ကျဉ်းကျပ်လွန်းတဲ့ တိုက်ခန်းတွေထဲ မှာ နေရတာက တစ်ကြောင်းနဲ့ ငွေကြေးအခက်အခဲတွေ ကြောင့် အပြင်မှာငှားနေဖို့ ကြိုးစားကြည့်ဖူးပေမဲ့ အဆင်မပြေကြောင်း ကိုရဲကိုက ပြောပါတယ်။

တိုက်ခန်းတစ်ခုတည်းမှာ အခန်းတွေ အများကြီး ကန့်ပြီး လူအယောက် ၂၀ လောက်ထားတဲ့ အဆောင် လိုမျိုးမှာ နေတဲ့အခါ အဆောင်ခက ၄၅ဝ၀ဝ ကနေ ၅၀çဝ၀ဝ ကြားရှိပါတယ်။ တကယ်လို့ မြို့လယ်ကောင်နဲ့ သိပ်မဝေးနဲ့ မြို့နယ်တွေမှာ တိုက်ခန်းငှားနေမယ်ဆိုရင် အခန်းခက ကျပ် ၁၀ဝဝ၀ဝ လောက်ကနေစပြီး ၁၅၀ဝ၀ဝ၊ ၂၀ဝဝ၀ဝ စသဖြင့် မြို့နယ်နေရာပေါ် မူတည် ပြီး ပေးရပါတယ်။

လစာအရမ်းမကောင်းတဲ့ ဝန်ထမ်းတွေအတွက် အိမ်ငှားခဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ပါတယ်။ ဒါ့ပြင် ခြောက်လတစ်ခါလောက် စာချုပ်ချုပ်ဖို့ငွေဟာ ပမာဏများတဲ့အပြင် တိုးတိုးလာတဲ့အိမ်ငှားခတွေကလည်း အိမ်ငှားဖို့ အခက်အခဲကို ပိုဖြစ်စေပါတယ်။

"အရင်ကလည်း ရန်ကုန်မှာ အလုပ်လာလုပ်ဖူးတယ်၊ အပြင်မှာနေဖို့လည်း စုံစမ်းဖူးတယ်၊ ဒါပေမဲ့ ကျွန်တော့် ဝင်ငွေနဲ့ အဆင်မပြေဘူး၊ ဘုန်းကြီးကျောင်းမှာက ပိုအဆင် ပြေတယ်"လို့ ကိုရဲကိုက ပြောပါတယ်။

အပြင်မှာငှားနေဖို့ သင့်တင့်တဲ့ လစာအနေအထား ဝင်ငွေရှိပေမဲ့ ဘုန်းကြီးကျောင်းမှာပဲနေရတာ အဆင်ပြေတဲ့အတွက် ဘုန်းကြီးကျောင်းမှာပဲ နေထိုင်နေကြတဲ့သူတွေလည်း ရှိပါတယ်။

အဆောင်တွေဟာ အများအားဖြင့် ခုတင်တစ်လုံးစာ သာ နေရာရတာကြောင့် အနေအထိုင် ကျဉ်းကျပ်လှပါ တယ်။ အဆောင်တွေနဲ့ ယှဉ်ရင်တော့ ဘုန်းကြီးကျောင်းမှာနေရတာဟာ လုံးချင်းအိမ်နဲ့ နေရသလို ကျယ်ကျယ် ဝန်းဝန်းနဲ့ သက်သောင့်သက်သာ ရှိစေမှာအမှန်ပါပဲ။

+++ ဘယ်လိုလူတွေလာနေကြလဲ +++

ကျောင်းထိုင်ဆရာတော်နဲ့ ဆွေမျိုးနီးစပ်တော်စပ်သူ တွေ၊ အသိမိတ်ဆွေတွေ၊ ဘုန်းကြီးကျောင်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေ၊ နယ်ဝေးကလာပြီး ရက်ရှည်ဆေးကုသမှုခံယူနေရသူတွေဟာ အများအားဖြင့် ဘုန်းတော်ကြီး ကျောင်းတွေမှာ တည်းခိုနေထိုင်လေ့ ရှိကြပါတယ်။

ဘုန်းကြီးကျောင်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေလို့ဆိုရာမှာ ကျောင်းထိုင်ဆရာတော်ရဲ့ ဆွေမျိုးတွေလည်း ပါသလို အေးဆေးငြိမ်သက်တဲ့ ဘုန်းကြီးကျောင်းဝင်းလိုနေရာမျိုးကို ကြိုက်နှစ်သက်လို့ လာနေကြသူတွေလည်း ပါဝင်ပါတယ်။

ဒါ့ပြင် ဆယ်တန်းအောင်ပြီးခါစ နယ်ကနေ သင်တန်းလာတက်တဲ့ ကျောင်းသားတွေလည်း လာရောက်တည်းခိုနေထိုင်ကြပါတယ်။ ရန်ကုန်မြို့မှာ လူနေထူထပ်လာမှုနဲ့ အတူ အိမ်ရာလိုအပ်ချက်တွေ များလာတဲ့အပြင် အိမ်ငှားခတွေကလည်း ဈေးမသေးတာကြောင့် ကျောတစ်ခင်းစာနေရာအတွက် ဘုန်းတော်ကြီးကျောင်တွဟာ ခိုလှုံရာတစ်ခု ဖြစ်နေဦးမှာ ဖြစ်ပါတယ်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service