ဟံသာဝတီလေဆိပ်စီမံကိန်း မသေချာမှုကြောင့် စီမံကိန်းအနီး မြေကွက်များအား ဈေးလျှော့ရောင်းချမှုများ ရှိလာသည် - Property News in Myanmar from iMyanmarHouse.com
2856 Views

ဟံသာဝတီလေဆိပ်စီမံကိန်း မသေချာမှုကြောင့် စီမံကိန်းအနီး မြေကွက်များအား ဈေးလျှော့ရောင်းချမှုများ ရှိလာသည်

ဟံသာဝတီ လေဆိပ်စီမံကိန်းမသေချာမှုကြောင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူထားသည့်စီမံကိန်းအနီးမြေကွက်များအား ဈေးလျှော့ရောင်းချမှုများ
ရှိလာသည်ဟု အိမ်ခြံမြေ အကျိုးဆောင်အချို့မှ ပြောကြားသည်။

ဟံသာဝတီလေဆိပ်စီမံကိန်းစတင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့က မဆုံးဖြတ်ရသေးကြောင်း ဇူလိုင် ၂၈ ရက်ပဲခူးမြို့ မြို့တော်ခန်းမတွင်ပြုလုပ်သော ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲတွင် သမ္မတ မှ ပြောကြားခဲ့သည်။ထိုသို့နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး နောင်ရက်များတွင် လေဆိပ်စီမံကိန်းအနီးမြေကွက်များ ဈေးလျှော့၍ ရောင်းလိုသူများလာကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့မှ ပြောကြားသည်။

ဟံသာဝတီလေဆိပ်အနီး မြေများကို ဝယ်လိုသူမရှိဘဲ ရောင်းချလိုသူများ
သကဲ့သို့ ယခင်ကျပ် သိန်း ၃ဝဝတန် မြေကွက်များကို သိန်း ၂၅ဝ ခန့်အထိဈေးလျှော့ကာရောင်းချမှုများ ရှိလာသည်ဟု ၎င်း တို့ကပြောကြားသည်။

"ပဲခူးလေဆိပ်သွားရာလမ်းတစ်လျှောက်တွင် မြေကွက်များကို စိတ်ဝင်စားမှုလျှော့သွားတယ်။ဈေးနှုန်းအနေအထားမျိုးပြောရင် ဒီရက်ပိုင်းအတွင်းဈေးလျှော့ရောင်းသည့်အနေအထားမျိုးတွေ့နေရတယ်" ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူ မှ ပြောကြားခဲ့သည်။

ထို့အပြင် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍လည်း ပြန်လည်စိစစ်မည့် အခြေအနေများကြောင့် ဈေးကစားရန် ဝယ်ထားသည့်မြေကွက်များ တန်ဖိုးလျော့ကျသည်ဟု သိရသည်။မြန်မာနိုင်ငံတွင် အိမ်ခြံမြေကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု
သည် စီမံကိန်းများအပေါ် အခြေခံပြီး ဈေးကစားမှုများဖြင့် တန်ဖိုးအဆပေါင်းများစွာ မြင့်တက်သည့် အခြေအနေမျိုးဖြစ်ခဲ့သည်။

ကျပ်လေးသိန်းငါးသိန်းတန် မြေတစ်ကွက်က စီမံကိန်းကြောင့်နေ့ချင်းညချင်း ကျပ်သိန်းပေါင်းရာထောင်ချီ အထိမြင့်တက်ခဲ့ရသည့် အခြေအနေမျိုး ကပြီးခဲ့
သည့် အစိုးရလက်ထက်များတွင်ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်ကို လှုပ်ခတ်စေခဲ့သည့် စီမံကိန်းနှစ်ခုလက်ရှိအချိန်တွင် ဆက်လက်လုပ်ကိုင်ရန် မသေချာခြင်းသည် ရန်ကုန်အိမ်ခြံမြေ ဈေးကွက်ကြီးတစ်ခုလုံးကို အကျိုးသက်ရောက်မှုမရှိနိုင်ကြောင်း အကျိုးဆောင်အချို့ ကမှန်းဆကြသည်။

လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်သည် တန်ဖိုးငယ်မြေကွက်အချို့နှင့် အလယ်အလတ်တန်ဖိုးရှိမြေကွက် အချို့ အရောင်းအဝယ်အနည်းငယ်သာရှိသည်
ဟု သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ် မှီခိုနေသော ရန်ကုန်အိမ်ခြံမြေ ဈေးကွက်၊စက်မှုနှင့် အတူ တိုက်ခန်းများရောင်းချနိုင်မည့် ဈေးကွက်အခြေအနေကလည်း ပျောက်ဆုံးနေသည်ဟု ဆောက်လုပ်ရေးကန်ထရိုက်တာအချို့မှ ပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်၏ စည်းကမ်းသတ်မှတ်ချက်နှင့်အချို့အပြောင်းအလဲနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၏ ဈေးနှုန်းမြင့်တက်မှုသည် တိုက်ခန်းများ ရောင်းလိုအားကျဆင်းချိန်တွင် တည်ဆောက်ရောင်းချသူများကို အကျပ်အတည်းဖြစ်စေသည်။

Credit :7Days News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service