အိမ်ခြံမြေ၀ယ်ယူလိုသူများ သတိပြုစရာ ကိုးကွယ်ဘာသာ မတူသည့် မိဘများ၏ မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
2589 Views

အိမ်ခြံမြေ၀ယ်ယူလိုသူများ သတိပြုစရာ ကိုးကွယ်ဘာသာ မတူသည့် မိဘများ၏ မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင်

Knowledge | Posted by Hnin Ei Khin

''ကိုးကွယ်ရာ ဘာသာမတူသူ သားသမီးတွေက မိဘဆီက အမွေရ ပိုင်ခွင့်ရှိပါသလား''ဟု မိတ်ဆွေတစ် ဦးက စာရေးသူထံ လာရောက်ဆွေး နွေးပါသည်။

''ဘယ်လိုအခက်အခဲရှိနေလို့ လဲ သူငယ်ချင်း''ဟု စာရေးသူမှ မေး မြန်းလိုက်သည်။

''မြေကွက်ဝယ်ဖို့သွားကြည့် တယ် သူငယ်ချင်း၊ အဲဒါစိတ်ထဲဘဝင် မကျလို့ လာပြီး ဆွေးနွေးတာပဲ''

''ဘယ်လိုမြေကွက်လဲ၊ ဂရန်မြေ လား''

''ဂရန်မြေတော့ မဟုတ်ဘူး။ ရွာ မြေလို့ ပြောတာပဲ၊ တိုက်ခံအိမ်လို့ ခေါ်ရမှာပေါ့ကွယ်''

''အောက်ထပ်က အုတ်တက်ပြီး အပေါ်ထပ်က ပျဉ်ကာအိမ်မဟုတ် လား''

''ဟုတ်ပါတယ်။ ရွာမြေဆိုတော့ အရောင်းအဝယ်လုပ်လို့ရပါသလား''

''အရောင်းအဝယ်တော့ လုပ်လို့ ရပါတယ်။ ဒါပေမယ့် မှတ်ပုံတင်စာ ချုပ်တော့ ချုပ်လို့မရဘူး။ မြေစာရင်း ဦးစီးဌာနမှာ တင်ပြပြီး အမည်ပေါက် လျှောက်ထားနိုင်ပါတယ်''

''မြေစာရင်းဦးစီးဌာနမှာ စုံစမ်း တော့ ရွာမြေအဖြစ် သတ်မှတ်ထား တယ်လို့တော့ တွေ့ရတယ်''

''ဒါဆို ဘာအခက်အခဲရှိလို့လဲ၊ မြေအမည်ပေါက်လွဲနေလို့လား''

''မြေစာရင်းဦးစီးဌာနက မြေ အမည်ပေါက်တော့ မဟုတ်ဘူး။ မြေ ကို ပိုင်းခြားပြီး ရောင်းထားတယ်''

''သူငယ်ချင်းဝယ်မယ်ဆိုတဲ့ အ ပိုင်းက ခွဲရောင်းထားတဲ့အပိုင်းလား''

''မဟုတ်ဘူး၊ မူလအမည်ပေါက် ရဲ့ မြေးဖြစ်သူက ရောင်းမှာ''

''ဒါဆိုပိုပြီး အဆင်ပြေတာပေါ့''

''အမွေခံသူဖြစ်ပေမယ့် ဘာသာ ခြားတွေဖြစ်နေတော့ အမွေဆက်ခံ ခွင့် ရှုပ်နေလို့ သူငယ်ချင်း''

''မူလအမည်ပေါက်က အဘိုး အဘွားအမည်လား၊ နှစ်ဦးအမည် ပေါက်နေသလား''

''မူလအမည်ပေါက်က အဘိုး အမည်ပေါက်ဖြစ်တယ်။ အဘိုး အဘွားနှစ်ဦးလုံးက ခရစ်ယာန် ဘာသာကိုးကွယ်ကြတယ်။ သူ့မှာ သားတစ်ဦးထွန်းကားတယ်''
''သားဖြစ်သူက ဘာသာခြားနဲ့ လက်ထပ်ခဲ့လို့လား''

''ဟုတ်တယ် သူငယ်ချင်း၊ သား ဖြစ်သူက ခရစ်ယာန်ဘာသာဝင်ဖြစ် ပေမယ့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုး သမီးကို လက်ထပ်ယူလိုက်တယ်''

''ဟုတ်ပြီ။ အဲဒီဘာသာမတူသူ လင်မယားနှစ်ဦးက သားသမီးထွန်း ကားသေးလား''

''သားသမီးနှစ်ဦးထွန်းကား တယ်''

''သူတို့နှစ်ဦးလုံးက ဘယ်ဘာ သာ ကိုးကွယ်ကြသလဲ''

''သမီးကြီးက မိခင်ဘာသာဖြစ် တဲ့ ဗုဒ္ဓဘာသာကိုးကွယ်ပြီး ဗုဒ္ဓ ဘာသာဝင် ယောက်ျားနဲ့ လက်ထပ် လိုက်တယ်''

''သမီးကြီးက ဗုဒ္ဓဘာသာကိုး ကွယ်တယ်ဆိုတော့ နောက်တစ် ယောက်က ခရစ်ယာန်ဘာသာ ကိုး ကွယ်တဲ့ သူဖြစ်မှာပေါ့''

''သမီးငယ်ကတော့ ဖခင်ကိုး ကွယ်တဲ့ ခရစ်ယာန်ဘာသာကို ကိုး ကွယ်တယ်''

''အခုရောင်းမယ်ဆိုတဲ့ အိမ်မှာ ဘယ်သူနေသလဲ၊ ဘယ်သူက ကန့် ကွက်နေလို့လဲ''

''သမီးငယ်ကနေတယ်။ သူက ရောင်းမယ်လို့ပြောတာနဲ့ သွားကြည့် တာ သူငယ်ချင်း၊ နောက်ပိုင်းမှ သမီး ကြီးတစ်ယောက်ရှိတယ်ဆိုတာ သိရ တယ်''

''သမီးကြီးက အိမ်ထောင်ခွဲပြီး နေတာပေါ့''

''ဟုတ်ပါတယ်။ သမီးငယ်က လည်း ကရင်လူမျိုး ခရစ်ယာဉ် ဘာသာဝင်နဲ့ လက်ထပ်ထားတာ သူငယ်ချင်း''

''ကဲ-ဒါဆိုရင် ဥပဒေကြောင်း အရ ဆွေမျိုးစပ်ရမှာပေါ့''

''အဘိုးအဘွားကလည်း သက် ရှိထင်ရှားမရှိတော့ဘူး။ အဖေအမေ ကလည်း ကွယ်လွန်သွားကြပြီ မဟုတ်လား''

''ဟုတ်ပါတယ်။ ဒါဆိုရင် ဖခင် နဲ့ မိခင်မှာ အရင်ကွယ်လွန်သူ ဘယ် သူလဲဆိုတာ သိပါသလား''

''သူတို့ ပြောစကားအရတော့ ဖခင်က အရင်ကွယ်လွန်သွားတယ် လို့ ပြောပါတယ်''

''ဒါဆို ဥပဒေကြောင်းအရ စဉ်း စားရင် ဖခင်က သားတစ်ဦးတည်းဆို တော့ အဘိုးအဘွားရဲ့ အမွေကို ဖခင် ဖြစ်သူကသာ အမွေရမှာဖြစ်တဲ့အ တွက် အငြင်းပွားမယ့်သူမရှိဘူး''

''ဖခင်ဖြစ်သူက ခရစ်ယာန် ဘာသာကိုးကွယ်ပြီး မိခင်က ဗုဒ္ဓ ဘာသာဝင်ဆိုတော့ အမွေက ဘယ် လိုဖြစ်သွားနိုင်သလဲ''

''သူငယ်ချင်းပြောစကားအရ ဆိုရင် ဖခင်ဖြစ်သူက အရင်ကွယ် လွန်တယ်ဆိုတော့ ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးများထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဥပဒေအရ ဖခင်ထံ ဆင်းသက်ခဲ့တဲ့ အမွေပစ္စည်းအိမ်နဲ့ မြေဟာ မိခင်ဖြစ်တဲ့ ဇနီးထံဆင်း သက်သွားမှာဖြစ်တယ်''

''ဒါဆိုရင် သူငယ်ချင်းပြော စကားအရ နောက်ဆုံးပစ္စည်းပိုင်ရှင် အမွေရှင်က မြန်မာဗုဒ္ဓဘာသာဝင် မိခင်ဖြစ်နေတာပေါ့''

''မှန်ပါတယ်''

''ဒါပေမယ့် သမီးငယ်က ဖခင် အမွေမို့ ခရစ်ယာန်ကိုးကွယ်တဲ့သူပဲ အမွေရမှာဖြစ်လို့ အစ်မဖြစ်သူက ကန့်ကွက်ခွင့်မရှိဘူးလို့ ပြောတယ်။ အဲဒါ ဟုတ်ပါသလား''

''အဲဒီလိုတော့ မဟုတ်ဘူး။ ဥပဒေအရ ဖခင်ကအရင် ကွယ်လွန် လို့ အမွေရှင်ဟာ ဗုဒ္ဓဘာသာဝင် မိခင်ဖြစ်လို့ ဗုဒ္ဓဘာသာဓလေ့ထုံး တမ်း ဥပဒေအရ ဆုံးဖြတ်ရမှာဖြစ် တယ်''

''ဘာသာမတူတဲ့ ခရစ်ယာန် သမီးငယ်က အမွေဆက်ခံခွင့်မရနိုင် ဘူးပေါ့''

''ဒီလိုမဟုတ်ဘူး။ သူငယ်ချင်းကို ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်အမာနှင့် ဒေါ်လှ တင်ပါရှစ်ဦး၊ ၂ဝဝ၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ -၁၆၁ အမှုမှာ အစ္စလာမ်ဘာသာဝင် လင် ယောက်ျားကွယ်လွန်သောအခါ ဇနီး ဖြစ်သူ ဗုဒ္ဓဘာသာဝင်က မြန်မာဗုဒ္ဓ ဘာသာဝင် မိန်းမများ အထူးထိမ်း မြားခြင်းနှင့် အမွေဆက်ခံခြင်း ဥပဒေ အရ အမွေဆက်ခံသည်။ ဗုဒ္ဓဘာသာ ဝင် မိခင်ကွယ်လွန်သော် မြန်မာ ဗုဒ္ဓ ဘာသာဝင်တစ်ဦး၏ အမွေကို ဘာသာခြားသားသမီးများကလည်း အမွေရခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားပါ တယ်''

''သူငယ်ချင်းရဲ့ ပြောစကားအရ ဆိုရင် ခရစ်ယာန်ဘာသာဝင် သမီး ငယ်ကလည်း အမွေဆက်ခံခွင့်ရ တယ်ပေါ့''

''မှန်ပါတယ်။ ဒါကြောင့် ညီ အစ်မနှစ်ဦးလုံးအမွေရခွင့်ရှိတဲ့အ တွက် နှစ်ဦးသဘောတူမှ ဝယ်ပါသူ ငယ်ချင်း''ဟု အကြံပြုဆွေးနွေးလိုက် ပါသည်။

Credit : ထီယု(ဥပဒေအတိုင်ပင်ခံ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service