၁၀၅/၁၀၆ ( မြေပုံ/ မြေရာဇ၀င်) - Property Knowledge in Myanmar from iMyanmarHouse.com
5177 Views

၁၀၅/၁၀၆ ( မြေပုံ/ မြေရာဇ၀င်)

Knowledge | Posted by Aye Myat Thu

ပုံစံ ၁၀၅ ဆိုသည်မှာ မြေပုံစာရွက်ဖြစ်ပြီး ပုံစံ ၁၀၆ ဆိုသည်မှာ မြေရာဇ၀င်အတိုချုပ် ဖြစ်ပါသည်။

ပုံစံ ၁၀၅/ ၁၀၆ တို့တွင် ပိုင်ရှင်အမည်၊ မြေအမျိုးအစား နှင့် အကျယ်အ၀န်းတို့ကိုဖော်ပြထားပါသည်။

မြို့နယ်မြေစာရင်းဦးစီးဌာနက ထုတ်ပေးတဲ့ မြေပုံမြေရာဇ၀င်တွေမှာ မြေပုံကို မြေစာရင်းပုံစံ ၁၀၅ မြေရာဇ၀င်ကို ပုံစံ ၁၀၆

အိုးအိမ်ဦးစီးဌာနက ထုတ်ပေးတဲ့မြေပုံရဲ့အပေါ်တွင် (S -22)လို့ရေးသားထုတ်ပေးလေ့ရှိသည်။

ရန်ကုန်မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံကတော့ ပုံစံနံပါတ်မရှိပါ။မြေပုံမြေရာဇ၀င်လျှောက်ထားရန် လိုအပ်သည့်အချက်များအမည်ပေါက်ဖြစ်ပါက -

(၁) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(၂) မြေခွန်မြေခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံစာ
(၃) လျှောက်ထားရသည့်အကြောင်းအရာ
အမည်ပေါက်မဟုတ်ပါက -

ပိုင်ဆိုင်ရသည့်အကြောင်းအရောင်းအ၀ယ်ဆက်စပ်စာချုပ်များ (သို့) ပိုင်ဆိုင်ရသည့် အကြောင်းတရား ရုံးအနိုင်ဒီကရီ (သို့) ပိုင်ဆိုင်ရသည့်အကြောင်းတရားရုံးကျမ်းကျိန်လွှာ ပါရှိရမည်။

မြေပုံမြေရာဇ၀င်လျှောက်ထားသော အကြောင်းအရာအချို့ -

- အိမ်အသစ်ဆောက်ရန် မြေပုံမြေရာဇ၀င်လျှောက်ထားခြင်း
- အကြီးစားပြင်ဆင်ရန်အတွက်လျှောက်ထားခြင်း
- မြေကွက်ခွဲရန်အတွက်လျှောက်ထားခြင်း
- ခြံစည်းရိုးကာရန်အတွက်လျှောက်ထားခြင်း
- မိမိပိုင်ဆိုင်ကြောင်း မှတ်တမ်းထားရန်အတွက်လျှောက်ထားခြင်း
- အရောင်းအ၀ယ်မှတ်ပုံတင်စာချုပ်ချုပ်ရန်အတွက် လျှောက်ထားခြင်း
- အပိုင်ပေးစာချုပ်ချုပ်ရန်အတွက် လျှောက်ထားခြင်း
- စွန့်လွှတ်စာချုပ်ချုပ်ရန်အတွက် လျှောက်ထားခြင်း
- အမှားပြင်စာချုပ်ချုပ်ရန်အတွက် လျှောက်ထားခြင်း
- ဘဏ်မှ ငွေချေးရန်အတွက် လျှောက်ထားခြင်း

ဥပမာ အားဖြင့် အ၀ီစိတွင်းတူးရန်အတွက် လျှောက် ထားပြီး ရရှိတဲ့ မြေပုံရာဇ၀င်တစ်ခုနှင့် အရောင်းအ၀ယ် ကိစ္စမပြုလုပ်နိုင်ပါ။ အရောင်းအ၀ယ်စာချုပ်ချုပ်ဆိုရန်အတွက်သာဆိုသည့် မြေရာ ဇ၀င်မှလွှဲပြီး ကျန်မြေပုံမြေရာဇ၀င်တွေနဲ့စာချုပ်ချုပ်ဆိုလို့မရပါ။

လျှောက်ထားသည့်အကြောင်းအရာအားပြောင်လဲ၍အသုံးပြု၍ မရပါ။မည်သည့်ပုဂ္ဂိုလ်များကလက်မှတ်ရေးထိုးလျှင် မြေပုံမြေရာဇ၀င်သည်အတည်ဖြစ်သနည်း အိုးအိမ်ဦးစီးဌာနကထုတ်တဲ့ မြေပုံမြေရာဇ၀င် ဖြစ်တဲ့ (S-22) ကမြေပုံ၊သူနဲ့တွဲနေသော ဂရန် လိုကိစ္စ တွေမှာ ဘာပဲဖြစ်ဖြစ် အိုးအိမ်ဦးစီးဌာန ကမြေပုံမြေရာဇ၀င် တွေမှာဌာန၏ ညွှန်ကြားရေးမှူးချုပ် အဆင့် လက်မှတ်ရေးထိုး ပေးပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပေးတဲ့ မြေပုံမြေရာဇ၀င် တွေမှာလည်း မြို့ ပြစီမံကိန်း နှင့်မြေစီမံခန့်ခွဲ မှုဌာန ၊ဌာနမှူးက လက်မှတ်ရေးထိုးပေးပါသည်။

သက်ဆိုင်ရာ မြို့နယ်ကထုတ်ပေးတဲ့ (၁၀၅) ပုံစံ မှာသက်ဆိုင်ရာမြို့နယ်မြေစာရင်းဌာနမှူး ကိုယ်တိုင် လက်မှတ်ရေးထိုး မှတရားဝင်ပါသည်။
၁၀၅ ဆိုတာပိုင်ဆိုင်မှုအာမခ့ချက်မဟုတ်ပါ။

၁၀၅ ဆိုတာ တည်နေရာကိုဖော်ပြရန် ၊အိမ်ဆောက်လုပ်ခွင့်လျှောက်ထားရာတွင် တည်နေရာကိုရည် ညွှန်းဆိုရန်အတွက် မြေစာရင်းဌာနကထုတ်ပေးတဲ့ မြေပုံစံတစ်ခုသာဖြစ်ပါသည်။


Credit: ဥပဒေအကျိုးဆောင် LL.B Group Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service