စာချုပ်တစ်ခုတွင် အသိသက်သေ(၂)ဦးမပါလျှင် တရားဝင်ပါသလား - Property Knowledge in Myanmar from iMyanmarHouse.com
2979 Views

စာချုပ်တစ်ခုတွင် အသိသက်သေ(၂)ဦးမပါလျှင် တရားဝင်ပါသလား

Knowledge | Posted by Hnin Ei Khin

စာချုပ်စာတမ်းများချုပ်ဆိုရာတွင် အသိသက်သေနှစ်ဦးပါဝင်လက်မှတ်ရေးထိုးရန် လိုအပ်သည့် စာချုပ်များနှင့် ပတ်သက်၍ post များဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ထိုစာချုပ်များမှလွဲ၍ ကျန်သည့်စာချုပ်စာတမ်းများတွင် အသိသက်သေ (၂) ဦးပါဝင် ရမည်ဟု ဥပဒေ ပြဌာန်းချက်မရှိပါ ။သို့သော် စာချုပ်တစ်ခုချုပ်ဆိုမည်ဆိုလျှင် အနည်းဆုံး အသိသက်သေ (၂)ဦးဖြင့် လက်မှတ်ရေးထိုး ချုပ်ဆိုသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော လွတ်လပ်စွာပေးခဲ့သည့် ပဋိညာဉ်မဟုတ်လျှင်စာချုပ်တစ်ရပ်သည် အသိသက် သေပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ပျက်ပြယ်သောကြောင့် ဖြစ်ပါသည်။

အောက်ပါအကြောင်းများသည် လွတ်လပ်သော သဘောတူညီမှုမဟုတ် ဟု ပဋိညာဉ်ဥပဒေတွင်ပြဌာန်းထားပါသည်။

ပုဒ်မ ၁၅ - အနိုင်အထက်ပြုခြင်း
ပုဒ်မ ၁၆ - မတရားသြဇာသုံးခြင်း
ပုဒ်မ ၁၇ - လိမ်လည်ခြင်း
ပုဒ်မ ၁၈ - အလွဲပြောဆိုခြင်း
ပုဒ်မ ၂၀ ပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ ရှိပြဌာန်းချက်များကို အထောက်အထားပြုရန် အလွဲထင်မှတ်စေခြင်း ဟုပြဌာန်းထားပါသည်။

ထို့ကြောင့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုရာတွင် စာချုပ်ချုပ်ဆိုကြသူ (၂)ဦးသည် အထက်ပါအချက်များ မပါဘဲ လွတ်လပ်စွာပေး၍ လက်မှတ်ရေးထိုးကြခြင်းဖြစ်ကြောင်း စာချုပ်တွင် ပါဝင်သော အသိသက်သေ (၂)ဦးကထောက်ခံထွက်ဆိုနိုင်သဖြင့် စာချုပ်သည် ခိုင်မာမှုရှိမည်ဖြစ်သည်။ အသိသက်သေများ မပါရှိဘဲ မိမိတို့ သဘောတူညီသူ (၂)ဦးသာ ပါဝင်လက်မှတ်ရေးထိုးထားသော စာချုပ်တစ်ခုသည် ပြဿနာ အရှုပ်အရှင်း ပေါ်ပေါက်လာသောအခါ တစ်ဖက်ဖက်မှ လွတ်လပ်စွာပေးခဲ့သော သဘောတူညီချက် မဟုတ်ပါဟု ငြင်းဆန်လာပါက စာချုပ်ကိုသက်သေခံနိုင်သည့် အသိသက်သေမရှိသဖြင့် စာချုပ်သည် အားကိုးကားထားပြုရန် ခိုင်မာမှုမရှိနိုင်တော့ပေ ။ထို့ကြောင့် စာချုပ်စာတမ်းများချုပ်ဆိုရာတွင် အနည်းဆုံး အသိသက်သေ (၂)ပါဝင်လက်မှတ် ရေးထိုးခြင်းဖြင့်သာ ချုပ်ဆိုသင့်ပါသည်။ သို့မှသာ စာချုပ်ချုပ်ဆိုခဲ့သော အကျိုးကျေးဇူးကို စာချုပ်ချုပ်ဆိုသူများမှ အပြည့်အ၀ ခံစားကြရမည်ဖြစ်ကြောင်း လေ့လာ တင်ပြလိုက်ရပါသည်။


Credit: ဥပဒေအကျိုးဆောင် LL.B Group Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service