တရုတ်ပြည် အနောက်တောင်ပိုင်းတွင် မိုးမျှော်တိုက်ကြီးပေါ်မှ ပေ ၃၅၀ အမြင့်ရှိ ရေတံခွန်ကြီးတစ်ခု ပြုလုပ်ရာ ရေများစတင်ထုတ်လွှတ်သောနေ့တွင် ဒေသခံများ ထိတ်လန့်ခဲ့ကြ - Property News in Myanmar from iMyanmarHouse.com
4530 Views

တရုတ်ပြည် အနောက်တောင်ပိုင်းတွင် မိုးမျှော်တိုက်ကြီးပေါ်မှ ပေ ၃၅၀ အမြင့်ရှိ ရေတံခွန်ကြီးတစ်ခု ပြုလုပ်ရာ ရေများစတင်ထုတ်လွှတ်သောနေ့တွင် ဒေသခံများ ထိတ်လန့်ခဲ့ကြ

တရုတ်ပြည်တွင် မိုးမျှော်တိုက်ကြီးများ နှစ်စဉ်နှင့်အမျှ တစ်စထက်တစ်စ ပိုမိုများပြားလာလျက်ရှိရာ ထူးခြားသည့် ဟန်ပန်ဖြင့် အများ၏ စိတ်အာရုံတွင် စွဲထင်နေနိုင်ရန် ပိုမိုခက်ခဲလာသည်။

ထို့ကြောင့် လူတို့၏ စိတ်အာရုံတွင် ထူးထူးခြားခြား မှတ်မိနေစေရန်လည်း အပြိုင်အဆိုင်ကြိုးပမ်းလာကြလျက်ရှိသည်။

မိုးမျှော်တိုက်ကြီး၏ ထိပ်ဖျားခန့်ဆီမှ ရေတံခွန်ကြီးတစ်ခုမှ ရေများ တဝုန်းဝုန်းကျဆင်းနေမည့် နေရာမျိုးကို သင်တွေးဆဖူးပါသလား။

သို့ရာတွင် တရုတ်ပြည် အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၏ မြို့တော် ကွေ့ယန်မြို့ရှိ မိုးမျှော်တိုက်ကြီးတွင် ယခုအခါ အဆိုပါမြင်ကွင်းမျိုး တွေ့မြင်နိုင်ပြီ ဖြစ်လေသည်။

Liebian Building အမည်ရှိ မိုးမျှော်တိုက်ကြီး၏ နံရံထိပ် ပေ ၃၅၀ အမြင့်ဆီမှ ရေများစီးဆင်းစေကာ ရေတံခွန်ကြီးတစ်ခု ဖန်တီးလိုက်ခြင်းဖြစ်သည်။

ပေ ၄၀၀ နီးပါးရှိ အဆောက်အအုံကြီးထိပ်မှ ရေတံခွန်ကြီးမှ ရေများစတင်ထုတ်လွှတ်သောနေ့တွင် တွေ့မြင်ရသော ဒေသခံများမှာ မိုးမျှော်တိုက်ကြီး၌ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် မတော်တဆဖြစ်ရပ်ကြီး ဖြစ်ပွားသည်ဟု ယူဆခဲ့ကြသည်။
“ဒေသခံတွေဟာ ကြီးမားတဲ့ ရေယိုစိမ့် ပေါက်ကျမှုကြီးဖြစ်ပွားတယ်လို့ ယူဆပြီး သတင်းစာတွေဆီကို ဖုန်းဆက်ခဲ့ကြတယ်။

သတင်းထောက်တွေ ရောက်ရှိသွားချိန်မှာတော့ Liebian အဆောက်အအုံကြီးရဲ့ ပိုင်ရှင်က ရေတံခွန်ကြီးတစ်ခု ဖန်တီးတာသာဖြစ်တယ် ဆိုတာ သိခဲ့ကြပါတယ်” လန်ဒန်အခြေစိုက် တိုင်းမ်သတင်းတစ်ရပ်တွင်ေ ဖ်ာပြသည်။

အလွန်ကြီးမားလှသော ရေတံခွန်ကြီး အဆက်မပြတ်စီးဆင်းနေစေရန်အတွက် တစ်နာရီလျှင် လျှပ်စစ်ဓာတ်အားခ ကန်ဒေါ်လာ ၁၁၈ ဒေါ်လာခန့် ကုန်ကျသည်ဟု ဆိုသည်။

ယင်းသို့ အကုန်အကျများပြားလွန်းသောကြောင့် အထူးပွဲလမ်းသဘင်များရှိချိန်တွင်သာ အသုံးပြုရန် ရည်ရွယ်ထားပြီး တစ်ကြိမ်လျှင် ၁၀ မိနစ်မှ မိနစ် ၂၀ ခန့်သာ အသုံးပြုရန် ရည်မှန်းထားသည်ဟု ဆိုသည်။

မိုးမျှော်တိုက်ကြီးမှာ ရေများအလုံးအရင်းကျဆင်းစေကာ ရေတံခွန်ပြုလုပ်ထားပုံ ဗွီဒီယိုဖိုင်ကို https://bit.ly/2mLNfLm အင်တာနက်လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည် အနောက်တောင်ပိုင်းတွင် မိုးမျှော်တိုက်ကြီးပေါ်မှ ပေ ၃၅၀ အမြင့်ရှိ ရေတံခွန်ကြီးတစ်ခု ပြုလုပ်ရာ ရေများစတင်ထုတ်လွှတ်သောနေ့တွင် ဒေသခံများ ထိတ်လန့်ခဲ့ကြ - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည် အနောက်တောင်ပိုင်းတွင် မိုးမျှော်တိုက်ကြီးပေါ်မှ ပေ ၃၅၀ အမြင့်ရှိ ရေတံခွန်ကြီးတစ်ခု ပြုလုပ်ရာ ရေများစတင်ထုတ်လွှတ်သောနေ့တွင် ဒေသခံများ ထိတ်လန့်ခဲ့ကြ - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည် အနောက်တောင်ပိုင်းတွင် မိုးမျှော်တိုက်ကြီးပေါ်မှ ပေ ၃၅၀ အမြင့်ရှိ ရေတံခွန်ကြီးတစ်ခု ပြုလုပ်ရာ ရေများစတင်ထုတ်လွှတ်သောနေ့တွင် ဒေသခံများ ထိတ်လန့်ခဲ့ကြ - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည် အနောက်တောင်ပိုင်းတွင် မိုးမျှော်တိုက်ကြီးပေါ်မှ ပေ ၃၅၀ အမြင့်ရှိ ရေတံခွန်ကြီးတစ်ခု ပြုလုပ်ရာ ရေများစတင်ထုတ်လွှတ်သောနေ့တွင် ဒေသခံများ ထိတ်လန့်ခဲ့ကြ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....

အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်

အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service