အမေရိကန်ရုပ်ရှင်သမိုင်းတွင် အကြီးမြတ်ဆုံး အမျိုးသမီးသရုပ်ဆောင် ၁၀ ဦးတွင် ပါဝင်ကာ မူးယစ်ဆေးလွန်၍ သေဆုံးသွားခဲ့သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျူဒီ ဂါးလန်းနေထိုင်ခဲ့သော စံအိမ်ကြီး အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
2411 Views

အမေရိကန်ရုပ်ရှင်သမိုင်းတွင် အကြီးမြတ်ဆုံး အမျိုးသမီးသရုပ်ဆောင် ၁၀ ဦးတွင် ပါဝင်ကာ မူးယစ်ဆေးလွန်၍ သေဆုံးသွားခဲ့သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျူဒီ ဂါးလန်းနေထိုင်ခဲ့သော စံအိမ်ကြီး အရောင်းအဝယ်ဖြစ်

ဂျူဒီ ဂါးလန်းသည် အမေရိကန် တေးသံရှင်၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ၁၉၂၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

အသက် ၂ နှစ်အရွယ်က စတင်ပြီး သရုပ်ဆောင်လောကအတွင်း ဝင်ရောက်ခဲ့သူဖြစ်သည်။

ဂီတလောကတွင်သာမက ရုပ်ရှင်နယ်ပယ်တွင်ပါ အောင်မြင်မှုများ ရရှိခဲ့သူလည်း ဖြစ်သည်။

အမေရိကန်ရုပ်ရှင်သမိုင်းတွင် အကြီးမြတ်ဆုံးရုပ်ရှင်ကားများတွင် အပါအဝင်ဖြစ်သည်ဟု သတ်မှတ်ခြင်းခံရသော The Wizard of Oz (၁၉၃၉) နှင့် Babes in Arms (၁၉၃၉) တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် အကောင်းဆုံးကလေးသရုပ်ဆောင် အော်စကာဆုရရှိခဲ့သည်။

ဂီတတွင်လည်း ဂျူဒီ ဂါးလန်းသည် ပထမဆုံး ဂရမ်မီဆုရရှိခဲ့သည့် အမျိုးသမီးတေးသံရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အမေရိကန်ရုပ်ရှင်သိပ္ပံက ဂျူဒီဂါးလန်းကို အမေရိကန်ရုပ်ရှင်သမိုင်းတွင် အကြီးမြတ်ဆုံး အမျိုးသမီးသရုပ်ဆောင် ၁၀ ဦးစာရင်းတွင် ထည့်သွင်း သတ်မှတ်ခဲ့သည်။

တစ်ဘဝတာလုံး မူးယစ်ဆေးနှင့် အရက်စွဲလန်းခဲ့သူ ဂျူဒီဂါးလန်းသည် မူးယစ်ဆေးလွန်ကာ လန်ဒန်တွင် သေဆုံးသွားခဲ့သည်။ကွယ်လွန်ချိန်တွင် အသက် ၄၇ နှစ်သာရှိသေးပြီး အနုပညာလောက ဖြတ်သန်းမှုမှာ ၄၅ နှစ်ရှိသည်။

ယခုအခါ ဂျူဒီဂါးလန်းနေထိုင်ခဲ့သော လော့စ်အိန်ဂျလိမြို့၊ မာလီဘူးကမ်းခြေအရပ်ရှိ စံအိမ်ကြီးတစ်လုံးမှာ ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ရောင်းထွက်သွားကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဂျူဒီဂါးလန်းသည် ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိ အိပ်ခန်း ၃ ခန်းပါသော အဆိုပါနေအိမ်တွင် ၁၉၄၀ နှင့် ၅၀ ပြည့်လွန်ကာလများတွင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

The Wizard of Oz ဇာတ်ကားတွင် ဂျူဒီဂါးလန်းသည် ပျော်ရွှင်ဖွယ်အတိပြီးသော မြစိမ်းရောင်မြို့တော်ကြီးအား လိုက်လံရှာဖွေပုံကို ရိုက်ကူးထားခြင်း ဖြစ်သည်။

ရုပ်သံထုတ်လုပ်သူ စင်သီယာ ဟာရီဆန် ဝေါလက်ခ်ျက သူ၏ အကြိုက်နှစ်သက်ဆုံး ရုပ်ရှင်များတွင် The Wizard of Oz ဇာတ်ကား ပါဝင်ကြောင်း ပြောကြားခဲ့ဖူးသည်။

ထို့ကြောင့်ပင်လျှင် The Wizard of Oz ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် ဂျူဒီဂါးလန်းနေထိုင်ခဲ့သော စံအိမ်ကြီးကို ဝယ်ယူရန် ခင်ပွန်းဖြစ်သူ ဗင်းဆန်တီ မင်နယ်လီနှင့်အတူ ပစိဖိတ်ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးအတိုင်း မာလီဘူးကမ်းခြေသို့ လာရောက်ရှာဖွေ ဝယ်ယူသွားခြင်းလည်း ဖြစ်သည်။

လော့စ်အိန်ဂျလိတွင် အခြေချနေထိုင်သူများဖြစ်သည့် မစ္စက် ဟာရီဆန်နှင့် ခင်ပွန်းတို့သည် အိမ်ခြံမြေကုမ္ပဏီတစ်ခု၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်များ ဖြစ်ကြသည်။

ဟာရီဆန်တို့ ဇနီးမောင်နှံက ယခုစံအိမ်ကြီးကို နွေရာသီအပန်းဖြေစံအိမ်အဖြစ် အသုံးပြုရန် ဝယ်ယူလိုက်ခြင်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၅၄၅ သန်း ဖြစ်သည်။
နေအိမ်အကျယ်အဝန်း ၁၇၂၈ စတုရန်းပေသာရှိပြီး အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်း ပါဝင်သည်။

ဟာရီဆန်တို့ မတိုင်မီ ပိုင်ဆိုင်ခဲ့ဖူးသည်မှာ ဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၃၅ သန်းဖြင့် ဝယ်ယူခဲ့ကာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာတွင် ကန်ဒေါ်လာ ၃ ဒသမ ၆၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်ရုပ်ရှင်သမိုင်းတွင် အကြီးမြတ်ဆုံး အမျိုးသမီးသရုပ်ဆောင် ၁၀ ဦးတွင် ပါဝင်ကာ မူးယစ်ဆေးလွန်၍ သေဆုံးသွားခဲ့သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျူဒီ ဂါးလန်းနေထိုင်ခဲ့သော စံအိမ်ကြီး အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ရုပ်ရှင်သမိုင်းတွင် အကြီးမြတ်ဆုံး အမျိုးသမီးသရုပ်ဆောင် ၁၀ ဦးတွင် ပါဝင်ကာ မူးယစ်ဆေးလွန်၍ သေဆုံးသွားခဲ့သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျူဒီ ဂါးလန်းနေထိုင်ခဲ့သော စံအိမ်ကြီး အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ရုပ်ရှင်သမိုင်းတွင် အကြီးမြတ်ဆုံး အမျိုးသမီးသရုပ်ဆောင် ၁၀ ဦးတွင် ပါဝင်ကာ မူးယစ်ဆေးလွန်၍ သေဆုံးသွားခဲ့သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျူဒီ ဂါးလန်းနေထိုင်ခဲ့သော စံအိမ်ကြီး အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ရုပ်ရှင်သမိုင်းတွင် အကြီးမြတ်ဆုံး အမျိုးသမီးသရုပ်ဆောင် ၁၀ ဦးတွင် ပါဝင်ကာ မူးယစ်ဆေးလွန်၍ သေဆုံးသွားခဲ့သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျူဒီ ဂါးလန်းနေထိုင်ခဲ့သော စံအိမ်ကြီး အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ရုပ်ရှင်သမိုင်းတွင် အကြီးမြတ်ဆုံး အမျိုးသမီးသရုပ်ဆောင် ၁၀ ဦးတွင် ပါဝင်ကာ မူးယစ်ဆေးလွန်၍ သေဆုံးသွားခဲ့သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျူဒီ ဂါးလန်းနေထိုင်ခဲ့သော စံအိမ်ကြီး အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ရုပ်ရှင်သမိုင်းတွင် အကြီးမြတ်ဆုံး အမျိုးသမီးသရုပ်ဆောင် ၁၀ ဦးတွင် ပါဝင်ကာ မူးယစ်ဆေးလွန်၍ သေဆုံးသွားခဲ့သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျူဒီ ဂါးလန်းနေထိုင်ခဲ့သော စံအိမ်ကြီး အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ရုပ်ရှင်သမိုင်းတွင် အကြီးမြတ်ဆုံး အမျိုးသမီးသရုပ်ဆောင် ၁၀ ဦးတွင် ပါဝင်ကာ မူးယစ်ဆေးလွန်၍ သေဆုံးသွားခဲ့သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျူဒီ ဂါးလန်းနေထိုင်ခဲ့သော စံအိမ်ကြီး အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ရုပ်ရှင်သမိုင်းတွင် အကြီးမြတ်ဆုံး အမျိုးသမီးသရုပ်ဆောင် ၁၀ ဦးတွင် ပါဝင်ကာ မူးယစ်ဆေးလွန်၍ သေဆုံးသွားခဲ့သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျူဒီ ဂါးလန်းနေထိုင်ခဲ့သော စံအိမ်ကြီး အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်

လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ

နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ

၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်

အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ

အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆

မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

From 03 Jun To 30 Jun

AREA ONE Online Sales Event

myat-ingyin
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service