၂၀၁၈ ခုနှစ်အတွက် ရန်ကုန်အိမ်ခြံမြေ ရောင်းဝယ်မှုလုပ်ငန်းအပေါ် အခွန်စည်းကြပ်နှုန်းများ သတ်မှတ်တစ်စတုရန်းပေ လျှင် ကျပ်လေးသိန်းနှုန်းဖြင့် စံသတ်မှတ်နှုန်းထားအမြင့်ဆုံးဖြစ် - Property News in Myanmar from iMyanmarHouse.com
3118 Views

၂၀၁၈ ခုနှစ်အတွက် ရန်ကုန်အိမ်ခြံမြေ ရောင်းဝယ်မှုလုပ်ငန်းအပေါ် အခွန်စည်းကြပ်နှုန်းများ သတ်မှတ်တစ်စတုရန်းပေ လျှင် ကျပ်လေးသိန်းနှုန်းဖြင့် စံသတ်မှတ်နှုန်းထားအမြင့်ဆုံးဖြစ်

၂၀၁၈ ခုနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး ၏ အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်း အပေါ် အခွန်စည်းကြပ် နှုန်းထား များတွင် စံသတ်မှတ်နှုန်းထား အမြင့်ဆုံးအဖြစ် ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်အား သတ်မှတ်
ထားကြောင်း သိရသည်။

၂၀၁၈ စည်းကြပ်နှစ်အတွက် အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်း အပေါ် အခွန်စည်းကြပ်ရန်နှုန်းထား များကို သတ်မှတ်ရာတွင် မြို့နယ် များအား တစ်စတုရန်းပေဖြင့်သတ် မှတ်ပြီး စမ်းချောင်းမြို့နယ်၊ လှိုင် မြို့နယ်၊ ကမာရွတ်မြို့နယ်များ၏
ပြည်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကင်း မြို့နယ်များ၏ ကမ္ဘာအေးစေတီလမ်း၊ မရမ်းကုန်းမြို့နယ်၏ ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းများပေါ်ရှိ မြေကွက်များကို တစ်စတုရန်းပေ လျှင် ကျပ်လေးသိန်းဖြင့် အမြင့်ဆုံး စည်းကြပ်ရန် သတ်မှတ်ထားရှိသည်။

ရန်ကုန်အိမ်ခြံမြေအကျိုးဆောင် ကိုစိုးသူဝင်းက""ပြည်တွင်းအခွန် များဦးစီးဌာန၊ ကာလတန်ဖိုး စိစစ် သတ်မှတ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက် အရဆို ဒီနှစ်မှာ မရမ်းကုန်း၊ စမ်း ချောင်း၊ လှိုင်၊ ကမာရွတ်မြို့နယ်တွေ ရဲ့ ပြည်လမ်း၊ ဗဟန်းမြို့နယ် ကမ္ဘာ အေးဘုရားလမ်းရဲ့ တစ်စတုရန်း ပေကို ကျပ်လေးသိန်း အမြင့်ဆုံး
စည်းကြပ်ဖို့ သတ်မှတ်ထားတာတွေ့ ရတယ်။ မြို့တွင်းမြို့နယ်တွေဖြစ်တဲ့ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ ပုစွန်တောင်မြို့နယ်တွေမှာ တစ်စတုရန်းပေကို အမြင့်ဆုံး ကျပ် ၂ သိန်း ၇သောင်းကနေ ၁သိန်း ကြား သတ်မှတ်ထားတယ်။ ဒီသတ် မှတ်နှုန်းထားတွေက မနှစ်ကသတ် မှတ်ထားတဲ့နှုန်းထားအတိုင်း ပြောင်း လဲမှုသိပ်မရှိပါဘူး။ မနှစ်က အိမ် ခြံမြေရောင်းဝယ်မှုလုပ်ငန်းအပေါ် အခွန်စည်းကြပ်နှုန်းထားတွေကို လျှော့ချသတ်မှတ်ပေးခဲ့တယ်""ဟု ဇူလိုင်လ ၁၆ ရက်က ပြောသည်။

ယမန်နှစ် စည်းကြပ်ကာလ အတွက် ရန်ကုန်တိုင်းဒေသကြီး၏ အိမ်ခြံမြေရောင်းဝယ်မှု လုပ်ငန်းအ ပေါ် အခွန်စည်းကြပ်နှုန်းထားများ ကို လျှော့ချပေးခဲ့သဖြင့် အေးစက် နေသောအိမ်ခြံမြေ အရောင်းအ ဝယ်များ ပြန်လည်သွက်လာမည် ဟု အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းများအနေဖြင့် မျှော်လင့်ခဲ့သော် လည်း ငှားရမ်းမှုသာများပြားခဲ့ သည်။ လက်ရှိတွင် ဝါတွင်းကာလ နီးကပ်လာခြင်းနှင့်အတူ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အ ရောင်းအဝယ်ထက် ငှားရမ်းမှုများ သာရှိနေဆဲဖြစ်ကြောင်း သိရသည်။

မြရည်သီတာ အိမ်ခြံမြေအကျိုး ဆောင်မှ တာဝန်ရှိသူတစ်ဦးက""၂၀၁၈ အတွက် အိမ်ခြံမြေရာ ဖြတ် နှုန်းထားတွေ သတ်မှတ်ပေးထား တာက မနှစ်က သတ်မှတ်ပေးထား တဲ့ နှုန်းတွေအတိုင်းဖြစ်လို့ ဈေးကွက် ကို ရိုတ်ခတ်မှု မရှိနိုင်လောက်ပါ ဘူး။ လက်ရှိမှာ အိမ်ခြံမြေက အ ရောင်းအဝယ်ထက် ငှားရမ်းတာက ပိုအလုပ်ဖြစ်နေတယ်။ အရောင်း အဝယ်ပိုင်း ပြန်သွက်လာဖို့ဆိုတာ က ရင်းနှီးမြှုပ်နှံသူတွေကိုဆွဲဆောင် နိုင်မှဖြစ်မယ်""ဟု ပြောသည်။


Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service