တောင်သမန်သစ္စာစီမံကိန်းရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရသဖြင့် ပြန်စမည် - Property News in Myanmar from iMyanmarHouse.com
2412 Views

တောင်သမန်သစ္စာစီမံကိန်းရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရသဖြင့် ပြန်စမည်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ နာမည်ကျော် တောင်သမန်အင်းရှိ ဦးပိန်တံတားအနီးတွင် တည်ဆောက်မည့် တောင်သမန်သစ္စာစီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို ပြန်လည်စတင်တော့မည်ဟု စီမံကိန်းတာဝန်ရှိသူများက မြန်မာတိုင်း(မ်)ကို ပြောသည်။

ကော်မရှင်က တောင်သမန် ကျေးလက် အပန်းဖြေစီမံကိန်းကို ပြီးခဲ့သည့်မေလကခွင့်ပြုမိန့်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စီမံကိန်းနဲ့ ပတ်သက်သည့် မြေပြင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီး အဆောက်အအုံဆောက်လုပ်ခွင့်အတွက် မန္တလေး စည်ပင်သာယာကော်မတီထံ တင်ပြထားပြီးဖြစ်ကာ ယခုလလယ်ခန့်တွင် စတင်ရန် မျှော်မှန်းကြောင်း စီမံကိန်း၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ထွန်းက ယခုလ ၄ ရက်က ပြောသည်။

"ဆောက်လုပ်မယ့်ဒီဇိုင်းတွေကို စည်ပင်ကို တင်ပြထားတယ်။ စီမံကိန်း အပိုင်း ၁ အတွင်းကပါတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို အရင်စလုပ်မယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တာကိုလည်း အဖွဲ့အစည်းသပ်သပ်လုပ်ပြီး ဌာနဆိုင်ရာအားလုံးကိုလည်း တင်ပြထားတယ်။ ပတ်ဝန်းကျင် ထိခိုက်မယ့်ဟာတွေကိုတော့ ရှောင်လုပ်ရမှာပေါ့။ ခွင့်ပြုမိန့်အားလုံးကိုတော့ ရထားတယ်" ဟု ၎င်းကပြောသည်။

တောင်သမန် ကျေးလက်အပန်းဖြေစခန်း စီမံကိန်းသည် ဦးပိန်တံတားနှင့် ပေ ၁၉၀ဝ အကွာတွင် ပြုလုပ်မည်ဖြစ်ပြီး တောင်သမန်အင်း၏ အရှေ့တောင်ထောင့်တွင် တည်ရှိကာ တောင်သမန်ကျေးရွာ၊ နွားနို့တော်စုကျေးရွာ၊ တဲနံ့သာကျေးရွာနှင့် ရွာသစ်ကျေးရွာတို့ကြားရှိ မြေဧက ၄၀ ကျော်ပေါ်တွင် ဆောက်လုပ်မည့်စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းကို ယခင်အစိုးရလက်ထက်က လုပ်ကိုင်ခွင့် သဘောတူညီချက်ရခဲ့သည်။

ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဆိုင်ရာပြကွက်၊ ရိုးရာလက်မှုပစ္စည်းဈေးတန်း ဝန်ဆောင်မှုနယ်မြေ၊ ခရီးသွားလမ်းညွှန်နယ်မြေ၊ နားနေအပန်းဖြေဥယျာဉ်၊ ခရီးသွားဝန်ဆောင်မှုနယ်မြေဆိုသည့် ကဏ္ဍခြောက်ခုပါဝင်ပြီး တောင်သမန်သစ္စာကုမ္ပဏီက ၂၀၁၅ ခုနှစ် ဧပြီက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုစီမံကိန်းကို ငါးနှစ်ခန့် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

သို့သော် လက်ရှိအစိုးရတက်လာပြီးနောက် စီမံကိန်းသည် ပြည်သူအတွက် အကျိုးဖြစ်ထွန်းနိုင်မှုရှိမရှိ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိ၊ မူလစာချူပ်ပါ စည်ကမ်းချက်များကို လိုက်နာမှုရှိမရှိနှင့် မြေအသုံးချမှုများအား အသေးစိတ်ပြန်လည်စိစစ်ရန် ယာယီရပ်ခိုင်းခဲ့ပြီး အဖွဲ့ပေါင်းစုံဖြင့် စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးပြီး နှစ်နှစ်ခန့်အကြာတွင် ယခုကဲ့သို့ လုပ်ငန်းပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့စီမံကိန်းတင်မဟုတ်ဘဲ ယခုအစိုးရ တက်လာပြီးနောက်ပိုင်း ယခင်အစိုးရလုပ်ခဲ့တဲ့ဟာတွေကို ပြန်လည်သုံးသပ်တာပေါ့။ စစ်ဆေးပြီးတဲ့ စီမံကိန်းတွေကို ပြန်ခွင့်ပြုပေးနေတဲ့ သဘောပါပဲ။ ကျွန်တော်တို့ အဆောက်အအုံရဲ့အမြင့်ကို ယခင်က ပေ ၅၀ နဲ့လုပ်ဖို့ စီမံခဲ့တယ်။ အခုပေ ၄၀ ပဲခွင့်ပြုတော့ အဲဒါနဲ့ပဲ လုပ်ရတယ်။ ပေ ၅၀ နဲ့လုပ်ထားတဲ့ အဆောက်အအုံ သုံးလုံးကို ပြန်ဖြုတ်ပေးလိုက်ရတယ်"ဟု ဦးခင်မောင်ထွန်းက ပြောသည်။

စီမံကိန်းများအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိရန် လိုအပ်ပြီး တိုင်းအစိုးရအဖွဲ့အနေဖြင့် စီမံကိန်းများကို သဘောထားမှတ်ချက်သာ ပေးနိုင်ပြီး စီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြေများကို မူတည်ကာ အဓိကဆုံးဖြတ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြီးခဲ့သည့် ဇွန်လနှောင်းက ပြောခဲ့သည်။

"စီမံကိန်းတွေMIC (ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)ရဲ့ ခွင့်ပြုပေးရင် ရပါတယ်။ ဒါက ရှေးသု (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန)မှာလည်း မူတွေရှိတယ်။ ဒါနဲ့ကိုက်ညီရင် ခွင့်ပြုပေးရတယ်။ သူတို့EMP (Environmental Management Planသဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအမံ) ကို third party (ကြားလူ)နဲ့စိစစ်ပြီး လုပ်ရတယ်။ အချိန်တွေ ပိုက်ဆံတွေ အများကြီးအကုန်ခံလုပ်ရတယ်။ ကျွန်တော်တို့ကွင်းဆင်းစစ်တယ်၊ အဆောက်အအုံမြင့်နေလို့ ပြန်ဖျက်ခိုင်းလိုက်ရတယ်"ဟု ဒေါက်တာဇော်မြင့်မောင်က တောအထက်ပါ တောင်သမန်စီမံကိန်းနှင့် ပတ်သက်၍ သတင်းထောက်များကို ပြောခဲ့သည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service