စင်္ကာပူရှိ ဂိုဒေါင် အဆောက်အအုံ ၅ လုံးကို HNA Group က Mapletree သို့ စင်္ကာပူဒေါ်လာ သန်း ၇၀၀ ကျော်ဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
2352 Views

စင်္ကာပူရှိ ဂိုဒေါင် အဆောက်အအုံ ၅ လုံးကို HNA Group က Mapletree သို့ စင်္ကာပူဒေါ်လာ သန်း ၇၀၀ ကျော်ဖြင့် ရောင်းချ

ကန်ဒေါ်လာ ၁၀၀ ဘီလီယံနီးပါး အကြွေးတင်နေသော တရုတ်ပြည်မကြီးမှ HNA Group သည် စင်္ကာပူရှိ ဂိုဒေါင် အဆောက်အအုံ ၅ လုံးကို Mapletree သို့ စင်္ကာပူဒေါ်လာ သန်း ၇၀၀ ကျော်ဖြင့် ရောင်းချလိုက်ပြန်ပြီ ဖြစ်သည်။

Mapletree Logistics Trust (MLT ) ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ဂိုဒေါင် ၅ လုံးကို HNA ထံမှ စင်္ကာပူဒေါ်လာ သန်း ၇၃၀ (ကန်ဒေါ်လာ ၅၃၅ သန်း) ဖြင့် ဝယ်ယူလိုက်ကြောင်း ဖော်ပြထားသည်။

HNA ၏ စင်္ကာပူ ကုမ္ပဏီခွဲတစ်ခုဖြစ်သော CWT International မှတစ်ဆင့်ရောင်းချလာခြင်းဖြစ်သည်။

ဂိုဒေါင်များ၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းပေ ၃ ဒသမ ၂ သန်း (၂၉၇၀၀၀ စတုရန်းမီတာ) ကျယ်ဝန်းပြီး ကာလပေါက်ဈေး အောက် ၃ ဒသမ ၃ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ရောင်းချလိုက်ခြင်းလည်း ဖြစ်သည်။

ကန်ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးအကြွေးတင်နေသော HNA သည် ကြွေးမြီများကို ပေးဆပ်ရန်အတွက် ပြီးခဲ့သော ၂၀၁၇ နှစ်ကုန်ပိုင်းမှ စတင်ကာ ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများကို ဆက်တိုက်ရောင်းထုတ်လျက်ရှိနေသည်။

….စင်္ကာပူရဲ့  မျက်မှောက်ခေတ်ဂိုဒေါင်တွေ လည်ပတ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေထဲမှာ MLT ဟာ အကြီးမားဆုံး ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်ချက်ကို အခုဝယ်ယူလိုက်မှုက ပိုမိုခိုင်မာစေမှာဖြစ်ပါတယ်…ဟု MLT ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Ng Kiat က ပြောကြားသည်။

…အခု ဝယ်ယူလိုက်တဲ့ အကျယ်အဝန်းနဲ့ ပေါင်းမယ်ဆိုရင် စင်္ကာပူမှာ ကျွန်တော်တို့ လည်ပတ်လုပ်ကိုင်နေတဲ့ ဂိုဒေါင်နေရာ စုစုပေါင်း အကျယ်အဝန်းဟာ စတုရန်းပေ သန်း ၂၀ ကျော်ရှိလာမှာဖြစ်ပြီး စင်္ကာပူဟာလည်း ကမ္ဘာလုံးဆိုင်ရာ ကုန်စည်အချက်အခြာထောက်ပံ့မှုပေးရာဗဟိုချက်အဖြစ် ဆက်လက်ကြီးထွားလာနေမှုကနေ ကျွန်တော်တို့အတွက် အကျိုးကျေးဇူးတွေ ရရှိလာစေမှာပဲ ဖြစ်ပါတယ်…ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

HNA သည် ပြီးခဲ့သော ဒီဇင်ဘာလတွင် စင်္ကာပူရှိ ဂိုဒေါင်များကို စတင်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စင်္ကာပူ ကုမ္ပဏီတစ်ခုဖြစ်သော CWT Group ထံမှ ကန်ဒေါ်လာ ၁ ဘီလီယံဖိုးအထိ ဝယ်ယူသွားရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။

ယခုအရောင်းအဝယ်ကို လာမည့် စက်တင်ဘာလတွင် အပြီးသတ်ပြုလုပ်သွားနိုင်ရန် စီစဉ်ထားသည်။

HNA သည် စင်္ကာပူရှိ ဂိုဒေါင်များကို ဝယ်ယူပြီး မကြာမီတွင်ပင် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများစွာကို ပြန်လည်ရောင်းထုတ်လာရခြင်း လည်း ဖြစ်သည်။

ယခုနှစ်စပိုင်းမှ စတင်ကာ ကန်ဒေါ်လာ ၂ ဘီလီယံတန်ကြေးရှိ ဟောင်ကောင်ရှိ မြေနေရာ၊ ကန်ဒေါ်လာ ၁၆၆ သန်းဖြင့် ဆစ်ဒနီရှိ ရုံးခန်းအဆောက်အအုံ၊ ကန်ဒေါ်လာ ၇၁၉ သန်းဖြင့် စပိန်ရှိ NH ဟိုတယ်များနှင့် Hilton Worldwide ၏ ရှယ်ယာများ၊ Deutsche ဘဏ်၊ နယူးယောက်ရှိ 245 Park Ave အဆောက်အအုံကြီး၊ ဟိုတယ်များနှင့် အပန်းဖြေစခန်းများစွာ ဆက်တိုက်ရောင်းထုတ်ခဲ့သည်။

ယခုဇူလိုင်လ အစောပိုင်းတွင်လည်း HNA သည် ဟောင်ကောင်ရှိ Peak, House 6 အဆောက်အအုံကြီးအတွက် ချေးငွေရယူရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

ယင်းအဆောက်အအုံကို ၂၀၁၅ ခုနှစ်အတွင်း ဟောင်ကောင်ဒေါ်လာ ၅၀၆ သန်း (ကန်ဒေါ်လာ ၆၄ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အာရှတွင် စတုရန်းတစ်ပေချင်းပေါက်ဈေး အမြင့်မားဆုံးအရောင်းအဝယ်အဖြစ် စံချိန်တင်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စင်္ကာပူရှိ ဂိုဒေါင် အဆောက်အအုံ ၅ လုံးကို HNA Group က Mapletree သို့ စင်္ကာပူဒေါ်လာ သန်း ၇၀၀ ကျော်ဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service