ဂိုဒေါင်တွေ အငှားဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
2270 Views

ဂိုဒေါင်တွေ အငှားဖြစ်နေ

လက်ရှိ စက်မှုဇုန်ဈေးကွက် အခြေအနေမှာ ဂိုဒေါင်အငှားက ပိုဖြစ်နေပြီး အရောင်းအဝယ် ဈေးကွက်မရှိသလောက် ရှားပါးနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

စက်မှုဇုန်နယ်မြေတွေမှာ ဂိုဒေါင် အငှားတွေမှာလည်း ဈေးကောင်းနေဆဲဖြစ်ပြီး အငှားဈေးကွက် (1Sqft) ကျပ်သိန်း (၃၀၀)နဲ့ သိန်း (၃၅၀)ကြားရှိပြီးတော့ လက်ရှိအငှားပိုဖြစ်နေတာကတော့ လှိုင်သာယာရော၊ ရွှေလင်ဗန်းမှာရော ရွှေပြည်သာမှာပါ အငှားပိုဖြစ်နေပါတယ်။

လှိုင်သာယာနဲ့ ရွှေလင်ဗန်းမှာဆိုရင် မြေကွက်တွေလည်း အငှားဖြစ်နေပြီးတော့ (1Sqft) ကို တစ်လကို (၂၅)သိန်း၊ သိန်း (၃၀)လောက်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ လှိုင်သာယာစက်မှုဇုန်မှာ (၇)ခုအနက် (၁)နဲ့ (၂)မှာသာ အငှားပိုဖြစ်နေပြီး ကပ်လျက်မှာရှိတဲ့ အနော်ရထာ၊ ရွှေသံလွင်၊ မြစိမ်းရောင်မှာလည်း အငှား ရှိနေပါတယ်။ စက်မှုဇုန် မြေဈေးတွေမှာ အရောင်း အဝယ် မကောင်းပေမဲ့ ဈေးမှာ အတက်သာ ရှိပါတယ်။ ' လက်ရှိမှာ အရောင်းအဝယ်က မရှိဘူး၊ ဂိုဒေါင်က ပိုပြီး ငှားကြတယ်၊ မြေကွက်တွေလဲ အငှားရှိပါတယ်၊ အရောင်းသာ မရှိတာ ဈေးကတော့ မကျဘူး ' လို့ စက်မှုဇုန် အရောင်းအဝယ် အငှား မင်းမဟာ Real Estate Service မှ ကိုမင်းထက်အောင်က ပြောပါတယ်။ လက်ရှိ အရောင်းဈေးကွက်မှာဆို (၈၀)ရာခိုင်နှုန်းလောက်အထိ အရောင်းကျသွားခဲ့ပြီး ဈေးတွေမှာ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ လှိုင်သာယာ စက်မှုဇုန်မှာဆိုရင် တစ်ဧကကို သိန်း (၈၀၀၀)ပေါက်ဈေးရှိပြီးတော့ ရွှေလင်ဗန်းမှာ တစ်ဧကကို သိန်း (၅၀၀၀) ပေါက်ဈေး ရှိနေပါတယ်။

' အရောင်းအဝယ်ကျတာတော့ ကြာပြီ၊ မိုးတွင်းဆိုတော့ ပိုပြီးမဖြစ်ဘူး၊ (၂)လ (၃)လလောက် ကြာပြီဖြစ်တယ်၊ လာကြည့်တဲ့ လူတွေပဲရှိတယ်၊ ဝယ်မယ်ဆိုရင်လဲ မိုးဘက်ဆိုတော့ လာကြည့်ပြီး နွေဘက်မှသာ အဝယ်ရှိတယ် ' လို့ စက်မှုဇုန်အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ အငှားဈေးကွက်မှာဆို တစ်လကို (၂)လခါ (၃)ခါလောက် ဂိုဒေါင်အငှားတွေရှိနေပြီး မြေအငှားတွေလည်း အနည်းငယ် ရှိနေပါတယ်။ လက်ရှိစက်မှုဇုန်နယ်မြေတွေမှာ အငှားပိုင်းကသာ ဦးဆောင်နေပါတယ်။

လက်ရှိမှာ အရောင်းအဝယ်က အေးစက်နေပေမဲ့ ရန်ကုန်တိုင်းအတွင်း ဖော်ဆောင်ဖို့ရှိနေတဲ့ စက်မှုဇုန်စီမံကိန်းသစ်တွေကြောင့် အားကောင်းလာနိုင်ပြီး အမှန်တကယ် လုပ်ကိုင်ခြင်းမပြုတဲ့ မြေဧရိယာတွေကို အရေးယူသိမ်းဆည်းမယ်ဆိုတဲ့ စကားကြောင့် တကယ်လုပ်မယ့်သူတွေ ငှားရမ်းလာနိုင်တာနဲ့အမျှဈေးကွက်ပြန်ဖြစ်ထွန်းလာနိုင်တယ်လို့ အကျိုးဆောင်တွေ ခန့်မှန်းထားပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

Innwa Pyae Sone Residence
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service