ပါမစ်မြေ ဘာကြောင့်ရောင်းဝယ်ကောင်းလဲ၊ ဘယ်ပါမစ်မြေကို ဝယ်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
9931 Views

ပါမစ်မြေ ဘာကြောင့်ရောင်းဝယ်ကောင်းလဲ၊ ဘယ်ပါမစ်မြေကို ဝယ်မလဲ

Knowledge | Posted by Shwe Zin Win

[Zawgyi] အိမ်ခြံမြေအရောင်းအဝယ်ပြုကြရာမှာ ဂရန် မြေ၊ ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ စလစ်မြေ အမျိုးမျိုးရှိတဲ့အထဲက ပါမစ်မြေကို အရောင်းအဝယ်အများဆုံး ပြုလုပ်ကြတာ တွေ့ရတယ်လို့ သိရပါတယ်။



+++ စိစစ်ပေးခြင်း +++


+++ ခက်ခဲလာခြင်း +++





Credit : Kumudra [Unicode]

အိမ်ခြံမြေအရောင်းအဝယ်ပြုကြရာမှာ ဂရန် မြေ၊ ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ စလစ်မြေ အမျိုးမျိုးရှိတဲ့အထဲက ပါမစ်မြေကို အရောင်းအဝယ်အများဆုံး ပြုလုပ်ကြတာ တွေ့ရတယ်လို့ သိရပါတယ်။

ရောင်းအားကောင်းတဲ့အ ကြောင်းရင်းကတော့ ပါမစ်မြေအ ရောင်းအဝယ်လုပ်တဲ့အခါ စရိတ် ကုန်ကျမှုနည်းခြင်းက အဓိကအ ချက်ဖြစ်တယ်။ အရောင်းအဝယ် စာချုပ်ကို  အရပ်ကတိစာချုပ်နဲ့ ချုပ်ဆိုနိုင်ပြီး အဆင့်ဆင့်လွှဲ ပြောင်းရောင်းချနိုင်တယ်။ အရောင်းအဝယ် အဆက်အစပ်ကွင်း ဆက်မပြတ်အရောင်းအဝယ် ကတိစာချုပ်တွေရှိဖို့သာလိုပါတယ်လို့ ဥပဒေအတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးက ပြောပါတယ်။

မြေချပါမစ်စာရွက်စာတမ်းကို ကိုင်ထားပြီး လက်လွှဲရောင်းချနိုင်ခွင့်ရှိသလို မိမိအမည်ပေါက် နှစ် ၆၀ ဂရန်လည်း လျှောက်ထားနိုင်တယ်။ တရားဝင်ကုန်ကျစရိတ် သုံးသိန်းနီးပါးသာ ကုန်ကျနိုင်ပါ တယ်။  တခြားသူအမည်ပေါက် ဂရန်မြေကို ဝယ်ယူအမည်ပြောင်း ပါက မြေရဲ့ရောင်းရငွေကာလ တန်ဖိုးပေါ်မူတည်ပြီး အခ∑န်ဆောင်ရတာတွေ၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ရတာတွေ ကုန်ကျစရိတ်အရမ်းပဲ မြင့်သွားမှာဖြစ် တယ်။ ဒါကြောင့် ပါမစ်မြေကွက်ကို ဝယ်ယူစုဆောင်းထား ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

+++ စိစစ်ပေးခြင်း +++

ပါမစ်မြေကွက်ကို ဝယ်ယူဖို့ စရန်ပေးလိုက်တာနဲ့ရောင်းသူရဲ့ လက်ဝယ်ရှိမြေချပါမစ်အစစ်အမှန်ဖြစ်မဖြစ်ဆိုတာကို သက်ဆိုင်ရာမြို့နယ် မြေနဲ့အခွန် မြေယာရုံးခွဲတာဝန်ရှိသူတို့က မိမိတို့ရုံးရှိ လက်ခံစာအုပ်နဲ့ တိုက် ဆိုင်စစ် ဆေးဆောင်ရွက်ပေးပါတာကြောင့် မြေဝယ်လိုသူတွေအနေနဲ့ ပါမစ်မြေကွက် ပိုနှစ်သက်ပြီး  ဝယ်ယူကြတာဖြစ်တယ်လို့ သိရပါတယ်။

+++ ခက်ခဲလာခြင်း +++

အခုဆိုရင်  အချို့မြို့နယ်တွေမှာ မြေယာရုံးခွဲတွေ မထားတော့တာကြောင့် မြေချပါမစ်အတု၊ အစစ်ခွဲခြားစိစစ်မှုကို ဘယ်မြို့နယ် မြေယာရုံးခွဲကမှ စစ်ဆေးပေးခြင်း မရှိတော့တာကြောင့် မြေချပါမစ်ဝယ်ယူသူတွေအနေနဲ့ အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးဖို့ ခက်ခဲသွားလို့ အရောင်းအဝယ် ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

မြေချပါမစ်ဝယ်ယူသူတွေအနေနဲ့ အရင်က မြို့ပြနှင့်အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးလက်မှတ်နဲ့ စည်းတံဆိပ် ရိုက်နှိပ်ထုတ်ပေးထားတဲ့ပါ မစ်မြေနဲ့ ယခုမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး လက်မှတ်နဲ့ စည်းတံဆိပ်ရိုက်နှိပ်ထားတဲ့ ပါမစ်မြေလို ပုံစံနှစ်မျိုးရှိ နေတာ ကြောင့် သတိပြုဝယ်ယူ သင့်တယ် လို့ သိရပါတယ်။

+++ စည်ပင်အမည်ပေါက်ပါမစ်မြေ +++

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က ထုတ်ပေးတဲ့မြေချပါမစ်တွေ အမှန်အကန်ဟုတ်မဟုတ် စစ် ဆေးဖို့ ခက်ခဲနေတဲ့အချိန်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ ပြစီမံကိန်းနှင့်မြေ ယာစီမံခန့်ခွဲရေးဌာနမှာ ဂရန်အမည်ပေါက်အဖြစ် ပြောင်းလဲချပေးထားတာတွေ ရှိလာသလို  အမည်ပေါက်မှန်ကန်ခြင်းရှိ မရှိကိုလည်း တရားဝင်လျှောက်ထားကြည့်ရှု နိုင်တာကြောင့် စည်ပင်အမည်ပေါက် ပါမစ်မြေတွေကို ယခုအခါ ပိုပြီး ဝယ်ယူသင့်တယ်လို့ သိရပါတယ်။

Credit : Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service