တရုတ်ပြည်အရှေ့တောင်ပိုင်း ဟန်ကျိုးမြို့တွင် ကုမ္ပဏီများက မသင်္ကာဖွယ် နေအိမ်ထီကံစမ်းမဲပေါက်သည့်ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ကုမ္ပဏီများကို နေအိမ်ရောင်းချမှုများ အာဏာပိုင်တို့ ပိတ်ပင် - Property News in Myanmar from iMyanmarHouse.com
2803 Views

တရုတ်ပြည်အရှေ့တောင်ပိုင်း ဟန်ကျိုးမြို့တွင် ကုမ္ပဏီများက မသင်္ကာဖွယ် နေအိမ်ထီကံစမ်းမဲပေါက်သည့်ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ကုမ္ပဏီများကို နေအိမ်ရောင်းချမှုများ အာဏာပိုင်တို့ ပိတ်ပင်

တရုတ်ပြည် အရှေ့တောင်ပိုင်း Zhejiang ပြည်နယ်၏ မြို့တော် ဟန်ကျိုးမြို့တွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာနှင့် လူနေပြီးဖြစ်သော second-hand နေအိမ်များအပါအဝင် အိမ်ခြံမြေများကို ကုမ္ပဏီများနှင့် အဖွဲ့အစည်းများထံ ရောင်းချခြင်း ပိတ်ပင်လိုက်ကြောင်း တရုတ်အခြေစိုက် ယိစိုင်းဂလိုဘယ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဟန်ကျိုးမြို့၏ နေရာအားလုံးကားမဟုတ်ဘဲ ကန့်သတ်ထားသည့် အချို့နေရာများအတွက်ဖြစ်သည်ဟု ဆိုသည်။

ဟန်ကျိုးသည် ယခုအခါ တရုတ်ပြည်တွင် အဆိုပါဥပဒေမျိုး ချမှတ်ခြင်းခံရသည့် တတိယမြောက်မြို့တစ်မြို့ ဖြစ်လာခဲ့သည်။

တရုတ်ပြည်တွင်းရှိ ဒုတိယတန်းစားမြို့ကြီးများသည်လည်း အိမ်ခြံမြေကဏ္ဍကို တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်ရန် ပြင်ဆင်လာလျက်ရှိနေသည်။

ဟန်ကျိုးမြို့တွင် ပြီးခဲ့သော ဇွန်လ ၂၅ ရက်က အိမ်ခြံမြေထီပေါက်သူများစာရင်း ထုတ်ပြန်ခဲ့ရာတွင် မှတ်ပုံတင်ထားသည်မှာ တစ်လခန့်သာရှိသေးသော ကုမ္ပဏီ ၃ ခု မဲပေါက်ခဲ့ပြီး နေအိမ်ဝယ်ယူခွင့် ၃ ခုရရှိခဲ့ကြသည်။

အိမ်ခြံမြေထီပေါက်နိုင်ချေ ၀ ဒသမ ၃၄ ရာခိုင်နှုန်းသာ ရှိသော်လည်း ကုမ္ပဏီ ၃ ခုမှ မဲပေါက်ခဲ့ခြင်းမှာ သမားရိုးကျမဟုတ်ကြောင်း သုံးသပ်ကြပြီး အများပြည်သူတို့၏ ဝေဖန်မှု၊ ရတက်မအေးမှုများ မြင့်တက်လာလျက်ရှိသည်။

သို့အတွက် ဟန်ကျိုးမြို့အကြီးအကဲများက နေအိမ်ဝယ်ယူမှုဆိုင်ရာ မူဝါဒတင်းကျပ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြံမြေထီများကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။
တရုတ်အနောက်မြောက်ပိုင်း ရှန်ဇီပြည်နယ်၊ ရှိယန်မြို့သည် ကုမ္ပဏီးများနှင့် အဖွဲ့အစည်းများသို့ နေအိမ်ရောင်းချမှု ပထမဆုံးပိတ်ပင်ခဲ့သည့် မြို့ဖြစ်ပြီး ဇွန်လ ၂၄ ရက်တွင် စတင်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်၏ သမ္မတကြီး ရှီကျင့်ဖျင်က အိမ်ခြံမြေသည် ရင်းနှီးမြှုပ်နှံရန် မဟုတ်ဟု ပြောကြားထားချက်အပေါ် အခြေခံ၍ ကုမ္ပဏီများကို အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မလာစေရန် ရည်ရွယ်ကာ ပိတ်ပင်မှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုမူဝါဒကို အကောင်အထည်ဖော်ခဲ့သည့် အခြားမြို့ကြီးတစ်မြို့မှာ ဟူနန်ပြည်နယ်၏မြို့တော်၊ ချန်းရှာတွင် ဖြစ်သည်။

ချန်းရှာမြို့တွင် အိမ်ခြံမြေဝယ်ယူပြီး ၄ နှစ်အတွင်း ပြန်လည်ရောင်းချခွင့်မပြုသော စည်းမျဉ်းလည်း ချမှတ်ထားသည်။

အိမ်ခြံမြေဝယ်ယူမှုများမှာ အမှန်တကယ်နေထိုင်မည့်သူများ၏ ဝယ်ယူမှုများကိုသာ ဦးစားပေးသင့်ကြောင်း၊ ပြည်သူများ၏ လူနေမှုဘဝအဆင်ပြေရေးကို ပထမနေရာတွင် ထားရမည်ဖြစ်ကြောင်း ရှန်ကျောက်တောင် တက္ကသိုလ် အိမ်ခြံမြေသုတေသနသိပ္ပံ၏ ညွှန်ကြားရေးမှူး ယန် ဒေါင်လန်က ပြောကြားသည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်အရှေ့တောင်ပိုင်း ဟန်ကျိုးမြို့တွင် ကုမ္ပဏီများက မသင်္ကာဖွယ် နေအိမ်ထီကံစမ်းမဲပေါက်သည့်ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ကုမ္ပဏီများကို နေအိမ်ရောင်းချမှုများ အာဏာပိုင်တို့ ပိတ်ပင် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်အရှေ့တောင်ပိုင်း ဟန်ကျိုးမြို့တွင် ကုမ္ပဏီများက မသင်္ကာဖွယ် နေအိမ်ထီကံစမ်းမဲပေါက်သည့်ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ကုမ္ပဏီများကို နေအိမ်ရောင်းချမှုများ အာဏာပိုင်တို့ ပိတ်ပင် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service