တရုတ်ပြည်၏ နည်းပညာမြို့တော်ဖြစ်သော ရှန်ကျန်းတွင် တန်ဖိုးနည်းအငှားအိမ်ရာခန်းပေါင်း ၁ ဒသမ ၇ သန်း ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
4076 Views

တရုတ်ပြည်၏ နည်းပညာမြို့တော်ဖြစ်သော ရှန်ကျန်းတွင် တန်ဖိုးနည်းအငှားအိမ်ရာခန်းပေါင်း ၁ ဒသမ ၇ သန်း ဆောက်လုပ်ရန် စီစဉ်

တရုတ်ပြည်တောင်ပိုင်း နည်းပညာမြို့တော်ဖြစ်သော ရှန်းဇန်တွင် တန်ဖိုးနည်း အငှားအိမ်ရာ လူနေခန်းပေါင်း ၁ ဒသမ ၇ သန်းကို လာမည့် ၂၀၃၅ ခုနှစ်အရောက်တွင် အပြီးသတ်ပြီးစီးအောင် ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိကြောင်း တရုတ်အခြေစိုက် ယိစိုင်း ဂလိုဘယ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ယခုခြေလှမ်းမှာ တရုတ်အစိုးရ၏ ရည်မှန်းချက်များနှင့်လည်း…
ရှန်ကျန်း အိမ်ရာနှင့် ဆောက်လုပ်ရေးဗြူရို (SHCB) က ထုတ်ပြန်ခဲ့ရာတွင် ကျွမ်းကျင်လုပ်သားများ၊ ဝင်ငွေ နိမ့်ပါးသူများနှင့် အလယ်အလတ်ဝင်ငွေရှိသူများအတွက် နေအိမ်ခန်းပေါင်း အနည်းဆုံး ၁ သန်းခန့် ဆောက်လုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တရုတ်ဖွံ့ဖြိုးရေးသိပ္ပံ (CDI) ၏ ညွန်ကြားရေးမှူး Song Ding က ပြောကြားရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကာလမှ ယနေ့အထိ ၎င်းတွေ့ခဲ့ဖူးသမျှ အိမ်ရာမူဝါဒများတွင် ယခုအစီအစဉ်မှာ စနစ်အကျဆုံးနှင့် အရှုပ်ထွေးဆုံးဖြစ်ပြီး ဒေသတွင်း အိမ်ခြံမြေဈေးကွက်အပေါ် ကြီးမားသည့်အကျိုးသက်ရောက်မှုများ ဖြစ်လာမည်ဟု ဆိုသည်။

တန်ဖိုးနည်းအိမ်ရာမှာ ဝင်ငွေနည်းပါးသည့် မိသားစုများအတွက် အဖြေတစ်ခုဖြစ်လာမည်ဖြစ်သော်လည်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများ ရောင်းလိုအားကန့်သတ်ချက်ရှိခြင်းမှာ ဇိမ်ခံလူနေအိမ်ဈေးနှုန်းများကို မြင့်တက်လာစေမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

တရုတ်ပြည်တွင် အိမ်ခြံမြေဈေးနှုန်းများမှာ မည်သည့်ကာလနှင့်မျှ မတူအောင် အလွန်အမင်းမြင့်တက်လာလျက်ရှိသောကြောင့် တရုတ်အစိုးရက ပြီးခဲ့သော မတ်လမှစတင်ကာ အိမ်ခြံမြေဈေးကွက်ကို တင်းကျပ်သည့်ထိန်းချုပ်မှုများ ပြုလုပ်လျက်ရှိလာသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က နေအိမ်သည် နေထိုင်ရန်သာဖြစ်ပြီး ရင်းနှီးမြှုပ်နှံရန်မဟုတ်ဟူ၍ ပြောကြားထားရာ ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့တို့က တန်ဖိုးနည်းအငှားအိမ်ရာများစွာ ဖော်ဆောင်ရန် ကြိုးပမ်းလာကြလျက်ရှိသည်။

ယခုစီမံကိန်းအရ ကျွမ်းကျင်လုပ်သားများအတွက် လူနေခန်းများမှာ စတုရန်းမီတာ ၉၀ အကျယ်အဝန်းဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ဝယ်ယူသူ (သို့မဟုတ်) ငှားရမ်းသူများသည် ၄၀ ရာခိုင်နှုန်း အထူးလျှော့ဈေးရရှိသွားမည် ဖြစ်သည်။

အလယ်အလယ်ဝင်ငွေရှိသူများအတွက် စတုရန်းမီတာ ၇၀ ကျယ်ဝန်းသော လူနေခန်းများ ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး စတုရန်းမီတာ ၃၀ မှ ၆၀ အကြားရှိမည့်အခန်းများကိုမူ အငှားလူနေခန်းများအဖြစ် ရည်ရွယ်သည်ဟု ဆိုသည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်၏ နည်းပညာမြို့တော်ဖြစ်သော ရှန်ကျန်းတွင် တန်ဖိုးနည်းအငှားအိမ်ရာခန်းပေါင်း ၁ ဒသမ ၇ သန်း ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်၏ နည်းပညာမြို့တော်ဖြစ်သော ရှန်ကျန်းတွင် တန်ဖိုးနည်းအငှားအိမ်ရာခန်းပေါင်း ၁ ဒသမ ၇ သန်း ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service