စုပေါင်းပိုင်အဆောက်အအုံကို အသစ်ဆောက်လိုရင်... - Property Knowledge in Myanmar from iMyanmarHouse.com
1937 Views

စုပေါင်းပိုင်အဆောက်အအုံကို အသစ်ဆောက်လိုရင်...

Knowledge | Posted by Zarni Kyaw

စုပေါင်းပိုင်အဆောက်အအုံတစ်ခုလုံး ဒါမှမဟုတ် အစိတ်အပိုင်းတစ်ခုခုကို မိမိတို့ ဆန္ဒအလျောက် ဖြိုဖျက်ပြီးအသစ် ပြန်လည်ဆောက်လုပ်လိုလျှင် အသင်းရဲ့အသင်းသားစုံညီ အစည်းအဝေး သို့မဟုတ် အသင်းသားစုံညီ အစည်းအဝေး အထူးအစည်းအဝေးမှာ အသင်းဝင် (၇၅)ရာခိုင်နှုန်းရဲ့ သဘောတူဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်ပါတယ်။

၁။ အမှုဆောင်အဖွဲ့က ပုဒ်မ (၂၈)အရ ချမှတ်တဲ့ သဘောတူဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ သတ်မှတ်ချက်များနဲ့အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို တင်ပြရပါမယ်။

၂။ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက တင်ပြချက်ကို စိစစ်ပြီး လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနဲ့ညှိနှိုင်းပြီး အတည်ပြုခြင်း ဒါမှမဟုတ် ငြင်းပယ်ခြင်း ပြုနိုင်ပါတယ်။

၃။ အမှုဆောင်အဖွဲ့ဟာ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီရဲ့ အတည်ပြုချက်ရရှိပါက သက်ဆိုင်သူများသိရနိုင်ရန် သတင်းစာတွင် ကြေညာရပါမယ်။

၂။ (က) အမှုဆောင်အဖွဲ့ဟာ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ အတည်ပြုတဲ့နေ့မှ ရက်ပေါင်း (၃၀)အတွင်း ယင်းအတည်ပြုချက်မိတ္တူနဲ့ အသင်းသားစုံညီ အစည်းအဝေး သို့မဟုတ် အသင်းသားစုံညီ အထူးအစည်းအဝေးရဲ့ သဘောတူဆုံးဖြတ်ချက်မိတ္တူတို့ကို မှတ်ပုံတင်အရာရှိထံ တင်ပြရပါမယ်။

၂။ (ခ) မှတ်ပုံတင်အရာရှိက သက်ဆိုင်ရာမှတ်ပုံတင်စာအုပ်တွင် လိုအပ်တဲ့ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ရပါမယ်။

၃။ (က) အမှုဆောင်အဖွဲ့ဟာ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီရဲ့ အတည်ပြုချက်နဲ့အညီ စုပေါင်းပိုင်းအဆောက်အအုံကို အသစ်ပြန်လည်ဆောက်လုပ်ရာတွင်လည်းကောင်း၊ စုပေါင်းပိုင်းအဆောက်အအုံတစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုခုကိုဖြစ်စေ ဖြိုဖျက်ပြီး မူလပုံစံအတိုင်း အသစ်ပြန်လည်ဆောက်လုပ်
ရာတွင်လည်းကောင်း ယင်းစုပေါင်းပိုင်မြေနဲ့ စုပေါင်းပိုင် အဆောက်အအုံ ဖယ်ရှားပေးရန် ပျက်ကွက်သူတွေရဲ့ စာရင်းကို ဦးစီးဌာနသို့ တင်ပြရပါမယ်။

၃။ (ခ) ဦးစီးဌာနက ပုဒ်မခွဲ(က)အရ တင်ပြချက်နဲ့စပ်လျဉ်း၍ လုံခြုံရေးအတွက် လိုအပ်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့အကူအညီကို ရယူဖယ်ရှားနိုင်ပါမယ်။

၎။ (က) စုပေါင်းပိုင်အဆောက်အအုံဟာ ဘေးအန္တရာယ်ရှိသော အဆောက်အအုံအဖြစ် သက်ဆိုင်ရာက သတ်မှတ်လာရင် သက်ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ဖြိုဖျက်ရမယ်။

ဖြိုဖျက်ခဲ့တဲ့ စုပေါင်းပိုင်မြေပေါ်မှာ စုပေါင်းပိုင် အဆောက်အအုံအဖြစ် ဆောက်လုပ်တာတွေ သို့မဟုတ် တခြားနည်းလမ်း အသုံးပြုတာကို သတ်မှတ်နည်းလမ်းတွေနဲ့အညီ ဆောင်ရွက်သင့်ကြောင်း Myanmar Builders Guide က သိရပါတယ်။

Credit:The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service