ယောဂဝတ်စုံများထုတ်လုပ်သည့် လူလူလီမွန် ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က နယူးယောက်မြို့ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၅ သန်းဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
2956 Views

ယောဂဝတ်စုံများထုတ်လုပ်သည့် လူလူလီမွန် ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က နယူးယောက်မြို့ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၅ သန်းဖြင့်ဝယ်ယူ

ယောဂဝတ်စုံများထုတ်လုပ်သည့် လူလူလီမွန် ကုမ္ပဏီအမှုဆောင်အရာရှိချုပ် လောရင့် ပေါ့ဒီဗင်သည် နယူးယောက်မြို့ရှိ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၅ သန်းဖြင့်ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လူလူလီမွန် အက်သလက်တီကာ ကုမ္ပဏီသည် ယောဂနှင့် ပြေးခုန်ပစ် အစရှိသော အားကစားသမားများအတွက် ချွေးခံဝတ်စုံများ ထုတ်လုပ်ရောင်းချပြီး ပြည်ပနိုင်ငံများသို့ သင်္ဘောတင်ခ အခမဲ့စနစ်ဖြင့် တင်ပို့ရောင်းချသည်။

နယူးယောက်မြို့ ၊ မန်ဟက်တန်ပင်လယ်ကမ်းခြေဒေသတွင်တည်ရှိပြီး ကိပ်ကော့ဒ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် စံအိမ်ကို ပေါ့ဒီဗင်က ကန်ဒေါ်လာ ၄ ဒသမ ၉၉၉ သန်းဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်သည်။

အဆိုပါဈေးနှုန်းမှာ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အရောင်းဈေးကွက်တင်ခဲ့စဉ်က ခေါ်ဈေးအောက် ကန်ဒေါ်လာ ၅၀၀၀၀၀ ခန့် နည်းပါးသည့် ပမာဏလည်းဖြစ်သည်။

မစ္စတာ ပေါ့ဒီဗင်သည် လူလူလီမွန်မှ နှုတ်ထွက်လိုက်ပြီးနောက် ၃ လအကြာတွင် ယခုစံအိမ်ကြီးကို ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

လူနေဧရိယာ စတုရန်းပေ ၃၆၀၀ ခန့်ရှိပြီး ဧည့်ခန်းတွင် ပြင်သစ်ဝက်သစ်ချသား ကြမ်းခင်းများ ခင်းကျင်းထားသည်။

ဒုတိယထပ်တွင် master bedroom တစ်ခန်းပါဝင်ပြီး တတိယထပ်ကိုမူ ဧည့်သည်များ တည်းခိုနိုင်ရန် စီစဉ်ထားကာ သီးသန့် လသာဆောင်တစ်ခု ပါဝင်သည်။

နေအိမ်တစ်ခုလုံးအနေဖြင့် အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်သည်။

မစ္စတာ ပေါ့ဒီဗင်သည် လူလူလီမွန်သို့ ၂၀၁၄ ခုနှစ်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ယင်းမတိုင်မီက Toms Shoes ကုမ္ပဏီ၏ ဥက္ကဌနှင့် Burton Snowboards ၏ အမှုဆောင်အရာရှိချုပ် တာဝန်များ ထမ်းဆောင်ခဲ့ဖူးသည်။

ယခုစံအိမ်ကို အရောင်းဈေးကွက်တင်ပေးခဲ့သည်မှာ Strand Hill Christie's International Real Estate ကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော မက်ထ် မောရစ်နှင့် ခရစ္စတာ လိုင်ယွန်စ်တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ယောဂဝတ်စုံများထုတ်လုပ်သည့် လူလူလီမွန် ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က နယူးယောက်မြို့ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၅ သန်းဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ယောဂဝတ်စုံများထုတ်လုပ်သည့် လူလူလီမွန် ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က နယူးယောက်မြို့ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၅ သန်းဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ယောဂဝတ်စုံများထုတ်လုပ်သည့် လူလူလီမွန် ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က နယူးယောက်မြို့ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၅ သန်းဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ယောဂဝတ်စုံများထုတ်လုပ်သည့် လူလူလီမွန် ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က နယူးယောက်မြို့ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၅ သန်းဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ယောဂဝတ်စုံများထုတ်လုပ်သည့် လူလူလီမွန် ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က နယူးယောက်မြို့ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၅ သန်းဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ယောဂဝတ်စုံများထုတ်လုပ်သည့် လူလူလီမွန် ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က နယူးယောက်မြို့ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၅ သန်းဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ယောဂဝတ်စုံများထုတ်လုပ်သည့် လူလူလီမွန် ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က နယူးယောက်မြို့ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၅ သန်းဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ယောဂဝတ်စုံများထုတ်လုပ်သည့် လူလူလီမွန် ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က နယူးယောက်မြို့ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၅ သန်းဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service