ကုမ္ပဏီများ အွန်လိုင်း မှတ်ပုံတင်စနစ် ကျင့်သုံးတော့မည် - Property News in Myanmar from iMyanmarHouse.com
4135 Views

ကုမ္ပဏီများ အွန်လိုင်း မှတ်ပုံတင်စနစ် ကျင့်သုံးတော့မည်

၂၀၁၈ ခုနှစ် သြဂုတ်လတွင် အသက်ဝင်မည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ် အရ ကုမ္ပဏီများ ပွင့်လင်း မြင်သာမှု အားကောင်း လာစေရန် အွန်လိုင်း မှတ်ပုံတင်စနစ်ကို စတင် ကျင့်သုံးသွားမည် ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက“အွန်လိုင်း မှတ်ပုံ တင် စနစ် ဖြစ်တာကြောင့် ကုမ္ပဏီရဲ့ရာဇဝင်အားလုံးက အွန်လိုင်းမှာ ရှိသွားမယ်။ အခု လက်ရှိမှာ ကုမ္ပဏီ တစ်ခုက ဘယ်လောက်ထိ ဥပဒေ လိုက်နာမှုရှိတယ် မရှိဘူးဆိုတဲ့ မှတ်တမ်းတွေကို DICA နဲ့ ကုမ္ပဏီပဲ သိလိမ့်မယ်။ နောင် အနာဂတ်မှာတော့ တကမ္ဘာလုံး တနိုင်ငံလုံးက သိနိုင်ပြီ” ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၌ ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ (၂၀၁၇) ရှင်းလင်းပွဲတွင် ဦးအောင်နိုင်ဦးက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာက အတည်ပြုထားပြီး ယင်းဥပဒေ အသက်ဝင်မည့် သြဂုတ် ၁ ရက်တွင် အွန်လိုင်းမှတဆင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို စတင်လုပ်ဆောင်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ ကုမ္ပဏီများ ပွင့်လင်းမြင်သာမှု အားနည်းသည့် အတွက် အားကောင်းလာစေရန် ယခု ဥပဒေ အသစ်တွင် လိုက်နာရမည့် အချက်များ ထည့်သွင်းထားခြင်း ဖြစ်ပြီး ဥပဒေအရ ပေးထားသည့် အခွင့်အရေး၊ အကာအကွယ်များ ကို လုပ်ငန်းရှင်များ အနေနှင့် ရယူသင့်သည်ဟုလည်း ဦးအောင်နိုင်ဦးက ပြောဆိုသည်။

အွန်လိုင်းမှ မှတ်ပုံတင်ထားသော ကုမ္ပဏီများသည် ဥပဒေလိုက်နာရန် ပျက်ကွက်ပါက အကြိမ်ရေ အလိုက် မင်နီ အမှတ်အသားဖြင့် ဖော်ပြထားမည် ဖြစ်ရာ အကယ်၍ ယင်းကုမ္ပဏီက ဝန်ကြီးဌာန တင်ဒါများ ဝင်ပြိုင်ခြင်း (သို့မဟုတ်) မိမိလုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်ရန် ချိတ်ဆက်လာပါက ကုမ္ပဏီ၏ နောက်ကြောင်း ရာဇဝင်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဝက်ဆိုက် www.dica.gov.mm/mm (MyCO) ၌ ဝင်ရောက် စစ်ဆေးနိုင်မည် ဖြစ်သည် ဟု ကုမ္ပဏီရေးရာ ဌာနခွဲမှ ညွှန်ကြားရေးမှုး ဦးမျိုးမင်း ကလည်း ပြောသည်။

အွန်လိုင်း မှတ်ပုံတင် စနစ်၌ အသစ် တည်ထောင်မည့် ကုမ္ပဏီများ သာမက တည်ထောင်ပြီး ကုမ္ပဏီ အဟောင်းများ လည်း ပြန်လည် မှတ်ပုံတင်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ မှတ်ပုံတင်ရာတွင် ကုမ္ပဏီ မှတ်ပုံတင်ကြေးကို ကျပ် ၂ သိန်းခွဲ သတ်မှတ်ထားပြီး ကုမ္ပဏီ အဟောင်းများ အတွက်မူ အခမဲ့ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။

မြန်မာသကြား ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းဌေးက“အွန်လိုင်းစနစ် ဖြစ်လာ မယ် ဆိုတဲ့အတွက် အချိန်ကုန်၊ ငွေကုန်သက်သာသွားမယ်။ ပွဲစား ရှာစရာ မလိုတော့ဘူးပေါ့။ တိတိကျကျ ဖြစ်လာ မယ်။ ဒါပေမယ့် အွန်လိုင်းမှာ တင်ထားတဲ့ အချက်အလက်တွေ မှန်ကန်မှု ရှိ မရှိဆိုတာ တကယ့် လက်တွေ့မှာ ဘယ်လို ပြန်စိစစ်မလဲ ဆိုတဲ့ အပိုင်းတော့ ရှိတာပေါ့”ဟု ပြောဆိုသည်။

အွန်လိုင်းမှ မှတ်ပုံတင်ရန်အတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ တက်ဘလက် တို့ဖြင့် လျှောက်ထားနိုင်ပြီး အခက်အခဲရှိပါ က သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် သွားရောက်ကာ ဆောင်ရွက်နိုင်မည် ဟု သိရသည်။

ယခင် ကုမ္ပဏီ အက်ဥပဒေအဟောင်းမှာ ၁၉၁၄ ခုနှစ်က ပြဌာန်းခဲ့သည့်အတွက် ခေတ်စနစ်နှင့် မလျော်ညီတော့ဘဲ ကုမ္ပဏီများ အတွက် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များ ရှိသဖြင့် ပြောင်းလဲ ပြင်ဆင်ခြင်း ဖြစ်ကြောင်း ယင်းဥပဒေ အသစ် ရေးဆွဲရာ၌ ပါဝင် အကူအညီ ပေးခဲ့သည့် Aust Cham Myanmar အဖွဲ့ ဥက္ကဋ္ဌ Mr. Chris Hughes က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ စုစုပေါင်း ၆ သောင်းကျော်ရှိပြီး အာဆီယံ နိုင်ငံများတွင် အရေ အတွက် အနည်းဆုံး ဖြစ်ကြောင်း သိရသည်။

Credit: irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service