လေထုညစ်ညမ်းမှု ကင်းစင်တဲ့မြို့ကို ဒေါ်လာ ၁၄ ဘီလီယံအကုန်အကျခံ ဖိလစ်ပိုင်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
3172 Views

လေထုညစ်ညမ်းမှု ကင်းစင်တဲ့မြို့ကို ဒေါ်လာ ၁၄ ဘီလီယံအကုန်အကျခံ ဖိလစ်ပိုင်တည်ဆောက်မည်

ဖိလစ်ပိုင်နိုင်ငံရဲ့ လူနေထူထပ်တဲ့ မြို့တော် မနီလာကတော့ ယာဉ်ကြော ပိတ်ဆို့မှုနဲ့ နာမည်ဆိုးထွက်နေခဲ့ပါတယ်။ Navigation ကုမ္ပဏီ Waze က လုပ်ဆောင်ခဲ့တဲ့ ၂၀၁၆ စစ်တမ်းတစ်ရပ်အရ ဆိုရင် မနီလာကို ကမ္ဘာပေါ်က အဆိုးရွားဆုံး ယာဉ်ကြောပိတ်ဆို့မှုရှိရာနေရာလို့တောင် သတ်မှတ်ခဲ့ပါသေးတယ်။

ယင်းမြို့မှာ ကားတွေအပေါ် အလွန်အမင်း မှီခိုအသုံးပြုခြင်းကလည်း လေထုညစ်ညမ်းမှု ပြဿနာကို ပိုဆိုးရွားစေပါတယ်။

ယင်းလိုမျိုး မနီလာမြို့ပေါ်က မီးခိုးမြူတွေနဲ့ ယာဉ်ပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ယခုအခါ ယင်းနိုင်ငံအနေနဲ့ New Clark လိုခေါ်တဲ့ အလုံးစုံ လေထုညစ်ညမ်းမှု ကင်းစင်တဲ့ သန့်ရှင်းသော မြို့သစ်တစ်မြို့ကို တည်ဆောက်သွားဖို့ စီစဉ်နေပါပြီ။

ဒေါ်လာ ၁၄ ဘီလီယံ အကုန်အကျခံ တည်ဆောက်မယ့် ယင်းမြို့သစ်ကတော့ အမေရိကန်ရဲ့ Manhattan ထက်တောင် ပိုကြီးမားမယ်လို့ သိရပါတယ်။

ယင်း ပရောဂျက်မှာတော့ ဒရုန်းတွေ၊ မောင်းသူမဲ့ ကားတွေနဲ့ မြို့တွင်း အဆောက်အအုံတွေရဲ့ ရေနဲ့ စွမ်းအင် အသုံးပြုမှုကိုလျှော့ချပေးနိုင်မယ့် နည်းပညာတွေ၊ ကြီးမားတဲ့ အားကစားရုံကြီးတစ်ခုနဲ့ အစိမ်းရောင် နေရာတွေအများကြီး ပါဝင်မှာဖြစ်ပါတယ်။

ယင်းကိုတော့ လာမယ့် ဆယ်စုနှစ်သုံးစုအတွင်း မနီလာရဲ့ အပြင်ဘက် ၇၅ မိုင်အကွာနေရာမှာ ဖော်ဆောင်သွားမှာဖြစ်ပါတယ်။

ဖော်ဆောင်မယ့် ပလန်အရ ယင်းမြို့ဟာ အကျယ် ၃၆ စတုရန်းမိုင်အထိ ရှိမှာ ဖြစ်ပြီး လူပေါင်း ၂ သန်းထိကို နေရာချထားပေးနိုင်မှာဖြစ်ပါတယ်။

ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့အတွက် ယင်း မြို့ရဲ့ သုံးပုံ နှစ်ပုံလောက်မှာ ဥယျာဉ်တွေ၊ ခြံတွေနဲ့ အခြားသော အစိမ်းရောင်နေရာတွေနဲ့ ထားရှိမှာဖြစ်ပါတယ်။

Credit: Business Insider

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service