သန်းပေါင်းများစွာသော ကမ္ဘာလှည့်ခရီးသည်တို့၏ မှတ်ချက်များအရ ၂၀၁၈ ခုနှစ် Travellers' Choice Awards ဆုကို ကမ္ဘာ့မြို့ကြီး ၂၅ မြို့ရှိ ကမ္ဘာ့အကောင်းမွန်ဆုံး အထင်ကရနေရာများကို ရွေးချယ်ခဲ့ရာ ရွှေတိဂုံစေတီတော် ပါဝင်လာ - Property News in Myanmar from iMyanmarHouse.com
10016 Views

သန်းပေါင်းများစွာသော ကမ္ဘာလှည့်ခရီးသည်တို့၏ မှတ်ချက်များအရ ၂၀၁၈ ခုနှစ် Travellers' Choice Awards ဆုကို ကမ္ဘာ့မြို့ကြီး ၂၅ မြို့ရှိ ကမ္ဘာ့အကောင်းမွန်ဆုံး အထင်ကရနေရာများကို ရွေးချယ်ခဲ့ရာ ရွှေတိဂုံစေတီတော် ပါဝင်လာ

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်အခြေစိုက် ကမ္ဘာလှည့်ခရီးသွားအကြံပေးကုမ္ပဏီ Trip Advisor က ၂၀၁၈ ခုနှစ် ကမ္ဘာ့အကောင်းမွန်ဆုံး အထင်ကရနေရာများရှိရာ ကမ္ဘာ့မြို့ကြီး ၂၅ မြို့ စာရင်းထုတ်ပြန်လိုက်ရာ အဆိုပါစာရင်းတွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် တည်ရှိရာ
ပါဝင်လာကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစာရင်းတွင် ဒေသတွင်းအလိုက် သတ်မှတ်ရွေးချယ်မှုများလည်း
ပါဝင်ပြီး ရန်ကုန်မြို့မှာမူ တစ်ကမ္ဘာလုံးအတိုင်းအတာ ကမ္ဘာ့အကောင်းဆုံး
ထိပ်တန်း အထင်ကရများရှိရာ ၂၅ မြို့စာရင်းတွင် ပါဝင်လျက်ရှိခြင်း
ဖြစ်သည်။

ယခုသတ်မှတ်ချက်မှာ ကမ္ဘာလှည့်ခရီးသွား သန်းပေါင်းများစွာ၏ ထင်မြင်ချက် မှတ်ချက်များအပေါ်တွင် အခြေခံကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Trip Advisor သည် ကမ္ဘာ့နိုင်ငံများစွာတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ဝက်ဘ်ဆိုက်များ လွှင့်တင်ထားရာ ယခုကြေညာချက်ကို ဗြိတိန်အခြေစိုက် ဝက်ဘ်ဆိုက်မှတစ်ဆင့် လွှင့်တင်ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်ကို https://bit.ly/259OAhl အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

ကမ္ဘာလှည့်ခရီးသည်များ၏ မှတ်ချက်များအရ ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝပ်ဘုရားကျောင်းကြီးမှာ Travellers' Choice Awards တွင် နံပါတ်တစ်နေရာမှ ဆက်လက်ဦးဆောင်လျက်ရှိသည်။

ဒုတိယနေရာတွင် ရပ်တည်နေသည်မှာ စပိန်နိုင်ငံ၊ ဆီဗီးလ်မြို့ရှိ ပလာဇာ ဒီ အက်စ်ပါနာ အဆောက်အအုံကြီးဖြစ်သည်။ ၁၉၂၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စတုရန်းမီတာ ၅၀၀၀၀ ခန့်အထိ ကျယ်ဝန်းကာ ပလာဇာအဆောက်အအုံကြီးမှာ ဘောလုံးကွင်း ၅ ကွင်းစာခန့် ကျယ်ဝန်းသည်။ ရီဂျင်နယ်လစ်ဇင်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ရီနေးဆင်း ရီဗိုက်ဗယ်လ်နှင့် မူးရစ်ရှ် ရီဗိုက်ဗယ်လ် ဗိသုကာဟန်များနှင့် ရောယှက်ထားသည်။

တတိယနေရာတွင် အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီမှ ရှိတ်ခ် ဇာယစ် ဗလီကြီးဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး အမိုးခုံးပေါင်း ၈၂ ခု၊ ကော်လံတိုင်ပေါင်း ၁၀၀၀ ကျော်၊ ၂၄ ကာရက် ရွှေချထားသည့် မီးပန်းဆိုင်းများ ပါဝင်ကာ လူပေါင်း ၄၀၀၀၀ ခန့် တပြိုင်တည်း ဝတ်ပြုနိုင်သည်ဟု ဆိုသည်။

ယင်းနောက် အီတလီနိုင်ငံ၊ ဗာတီကန်မြို့တော်ရှိ စိန့်ပီတာ ဘာစီလီကာ ဘုရားကျောင်း၊ စပိန်နိုင်ငံရှိ မက်ဇ်ကီတာ ဘုရားကျောင်း၊ အိန္ဒိယနိုင်ငံရှိ တာ့ဂ်ျမဟာဂူဗိမာန်၊ မီလန်မြို့ရှိ နှစ်ပေါင်း ၆၀၀ ကျော်အချိန်ယူဆောက်လုပ်ခဲ့ရသော ဂျူမို ဒီ မီလာနို ဘုရားကျောင်းတို့ အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ အီဖဲလ်မျှော်စင်ကြီးလည်း ယခုစာရင်းတွင်
ပါဝင်လာပြီး တရုတ်နိုင်ငံရှိ မဟာတံတိုင်းကြီးမှာ နံပါတ် ၁၈ နေရာတွင် ပါဝင်လာသည်။

မြန်မာနိုင်ငံ ၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားမှာ ကမ္ဘာ့အဆင့် ၂၅ နေရာတွင် နံပါတ် ၂၅ ၌ ပါဝင်လာပြီး Overview ရေးသားထားပုံမှာ “ရန်ကုန်၏ အကြီးမားဆုံး ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်နိုင်သည့်နေရာဖြစ်ပြီး အနီးစပ်ဆုံးအားဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ခန့်က ဆောက်လုပ်ခဲ့သော ဗုဒ္ဓဓာတ်တော်တို့ ကိန်းအောင်းရာနေရာ” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သန်းပေါင်းများစွာသော ကမ္ဘာလှည့်ခရီးသည်တို့၏ မှတ်ချက်များအရ ၂၀၁၈ ခုနှစ် Travellers' Choice Awards ဆုကို ကမ္ဘာ့မြို့ကြီး ၂၅ မြို့ရှိ ကမ္ဘာ့အကောင်းမွန်ဆုံး အထင်ကရနေရာများကို ရွေးချယ်ခဲ့ရာ ရွှေတိဂုံစေတီတော် ပါဝင်လာ - Property News in Myanmar from iMyanmarHouse.com
သန်းပေါင်းများစွာသော ကမ္ဘာလှည့်ခရီးသည်တို့၏ မှတ်ချက်များအရ ၂၀၁၈ ခုနှစ် Travellers' Choice Awards ဆုကို ကမ္ဘာ့မြို့ကြီး ၂၅ မြို့ရှိ ကမ္ဘာ့အကောင်းမွန်ဆုံး အထင်ကရနေရာများကို ရွေးချယ်ခဲ့ရာ ရွှေတိဂုံစေတီတော် ပါဝင်လာ - Property News in Myanmar from iMyanmarHouse.com
သန်းပေါင်းများစွာသော ကမ္ဘာလှည့်ခရီးသည်တို့၏ မှတ်ချက်များအရ ၂၀၁၈ ခုနှစ် Travellers' Choice Awards ဆုကို ကမ္ဘာ့မြို့ကြီး ၂၅ မြို့ရှိ ကမ္ဘာ့အကောင်းမွန်ဆုံး အထင်ကရနေရာများကို ရွေးချယ်ခဲ့ရာ ရွှေတိဂုံစေတီတော် ပါဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service