ဒေါ်နယ်ထရမ့်၏တူ စာရေးဆရာ၊ ဒေါက်တာ ဒေးဗစ်ဒက်စ်မွန်က ဖလော်ရီဒါရှိ နေအိမ်ကို ကန်ဒေါ်လာ ၉ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
3382 Views

ဒေါ်နယ်ထရမ့်၏တူ စာရေးဆရာ၊ ဒေါက်တာ ဒေးဗစ်ဒက်စ်မွန်က ဖလော်ရီဒါရှိ နေအိမ်ကို ကန်ဒေါ်လာ ၉ သန်းဖြင့် ရောင်းချ

ဒေးဗစ်နှင့် လီဆာ ဒက်စ်မွန်တို့သည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ပန်ဘိခ်ျရှိ နေအိမ်နှင့် လမ်းခွဲလိုက်ကြပြီ ဖြစ်သည်။

နေအိမ်တည်နေရာမှာ ပန်ဘိခ်ျမြို့၊ ဝုဒ်ဘရစ်ခ်ျလမ်း၊ အမှတ် ၁၆၀ တွင် တည်ရှိပြီး ၂၀၀၄ ခုနှစ်တွင် ဒေါ်နယ်ထရမ့်၏ ညီမဖြစ်သူက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်ပိုင်သော နာမည်ကျော် မာရာလာဂိုစံအိမ်ကြီး၏ မြောက်ဘက်တွင် နီးကပ်စွာတည်ရှိသော အဆိုပါစံအိမ်ကြီးကို တူဖြစ်သူများက ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။

ဒေါ်နယ်ထရမ့်၏တူဖြစ်သူ ဒေါက်တာ ဒေးဗစ် ဒက်စ်မွန်သည် ဦးနှောက်နှင့်အာရုံကြောစိတ်ပညာရှင်၊ စာရေးဆရာတစ်ဦးဖြစ်ပြီး အိပ်ခန်း ၅ ခန်းပါ ယခုနေအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၉ သန်းဖြင့် ရောင်းချလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

မှတ်တမ်းများအရ ဒက်စ်မွန်သည် ယင်းနေအိမ်ကို မိခင်ဖြစ်သူ မေရီယန်း ထရမ့် ဘာရီထံမှ ၂၀၀၅ ခုနှစ်တွင် ပိုင်ဆိုင်မှုလွှဲပြောင်းရရှိ ခဲ့သည်ဟု ဆိုသည်။

မေရီယန်း၏ အစ်ကိုမှာ ဒေါ်နယ်ထရမ့်ဖြစ်သည်။

ဝယ်ယူလိုက်သူမှာ ရှေ့နေ လောရင့်စ် အမ်-ရိုနစ်ခ်နှင့် ဇနီးဖြစ်သူ ကင်ဘာလေ အေ-ဆိုရန်တီနိုတို့ဖြစ်သည်ဟု ဆိုသည်။

၂၀၀၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်ပြီး စတုရန်းပေ ၉၅၃၆ အကျယ်အဝန်းရှိကာ ခြံဝန်းမှာ ၃ မတ်ခန့်ရှိသည်။

အရောင်းဈေးကွက်သို့ ပထမဆုံးစတင်ဝင်ရောက်လာခဲ့သည်မှာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလအတွင်းဖြစ်ပြီး နောက်ဆုံးဈေးကွက်တင်ခဲ့သည်မှာ Christian Angle Real Estate မှ ကန်ဒေါ်လာ ၁၀ သန်းနီးပါးဖြင့် ဖြစ်သည်။

“ဒီအိမ်နဲ့ ခြံဝန်းကို ကျွန်တော်တို့ နှစ်သက်မြတ်နိုးပါတယ်။ ပြီးတော့ နေအိမ်ကို ဆောက်လုပ်ထားတဲ့ တပ်စ်ကန်ဗိသုကာဟန်ကိုလည်း သဘောကျပါတယ်” ဟု ဝယ်ယူလိုက်သူ ရိုနစ်ခ်က ပြောကြားသည်။

ရိုနစ်ခ်က ၎င်းတို့ဇနီးမောင်နှံနှစ်ဦးလုံး ပန်ဘိခ်ျအရပ်ကို မြတ်နိုးကြောင်းလည်း ဖြည့်စွက်ပြောကြားသည်။

ယခုအရောင်းအဝယ်တွင် ဝယ်လက်ဘက်မှ အကျိုးဆောင်ခဲ့သည်မှာ Boca Executive Realty ကုမ္ပဏီမှ အကျိုးဆောင် ဂါလ်ကိုးဖြစ်သည်။

ယခုခြံဝန်းသည် မူလက သီးခြားခြံနှစ်ကွက်ဖြစ်သည်။

မေရီယန်း ဘာရီက အနောက်ဘက်တွင်ရှိသောအကွက်ကို ၂၀၀၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၇၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး အရှေ့ဘက်ရှိခြံကွက်ကိုမူ အစ်ကိုဖြစ်သူ ဒေါ်နယ်ထရမ့်ထံမှ ၂၀၀၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒေါ်နယ်ထရမ့်၏တူ စာရေးဆရာ၊ ဒေါက်တာ ဒေးဗစ်ဒက်စ်မွန်က ဖလော်ရီဒါရှိ နေအိမ်ကို ကန်ဒေါ်လာ ၉ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်၏တူ စာရေးဆရာ၊ ဒေါက်တာ ဒေးဗစ်ဒက်စ်မွန်က ဖလော်ရီဒါရှိ နေအိမ်ကို ကန်ဒေါ်လာ ၉ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်၏တူ စာရေးဆရာ၊ ဒေါက်တာ ဒေးဗစ်ဒက်စ်မွန်က ဖလော်ရီဒါရှိ နေအိမ်ကို ကန်ဒေါ်လာ ၉ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်၏တူ စာရေးဆရာ၊ ဒေါက်တာ ဒေးဗစ်ဒက်စ်မွန်က ဖလော်ရီဒါရှိ နေအိမ်ကို ကန်ဒေါ်လာ ၉ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်၏တူ စာရေးဆရာ၊ ဒေါက်တာ ဒေးဗစ်ဒက်စ်မွန်က ဖလော်ရီဒါရှိ နေအိမ်ကို ကန်ဒေါ်လာ ၉ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service