ကန်ထရိုက်တိုက်ဆောက်မယ့်သူနဲ့ တိုက်ခန်းဝယ်ယူမယ့်သူတွေ ဘာတွေ သိထားသင့်သလဲ - Property Knowledge in Myanmar from iMyanmarHouse.com
14671 Views

ကန်ထရိုက်တိုက်ဆောက်မယ့်သူနဲ့ တိုက်ခန်းဝယ်ယူမယ့်သူတွေ ဘာတွေ သိထားသင့်သလဲ

Knowledge | Posted by Si Thu Aung

ကန်ထရိုက်ဆောက်လုပ်မယ့်သူတွေနဲ့ တိုက်ခန်းဝယ်ယူမယ့်သူတွေ သိသင့်တဲ့ အချက်အချို့ကို မေးမြန်းဖော်ပြပါတယ်။

မေး။ ။ ကန်ထရိုက်တာက ဆောက်လုပ်ဆဲတိုက်ကို ဆက်မဆောက်ဘဲ ငါးလလောက်ကြာရင် စာချုပ်ရုပ်သိမ်း နိုင်ပါသလား။

ဖြေ။ ။ကန်ထရိုက်နဲ့ မြေရှင်တို့ချုပ်ဆိုထားတဲ့ နှစ်ဦးသဘောတူ ကန်ထရိုက်ဆောက်လုပ်ခြင်း ဂတိနဲ့ ဆိုင်တာပါ။ စာချုပ်ထဲမှာ (၁၈) လအတွင်း အပြီးဆောက်လုပ်မယ်လို့ သဘောတူညီချက်ရှိရင် အဲသည်ဂတိအတိုင်း မြေရှင်က လိုက်နာရမယ်။ (၅) လအတွင်း စာချုပ်ရုပ်သိမ်း လို့ မရပါဘူး။ စာချုပ်ပါအတိုင်း ကန်ထရိုက်တာက (၁၈) လအတွင်း အပြီးဆောက်လုပ်ပေးခြင်း ရှိမရှိ ကြည့်ရမှာ။

မေး။ ။ ကန်ထရိုက်တာဆီက တိုက်ခန်းဝယ်ယူရာမှာ ပတ်ကားစာချုပ်ချုပ်ဆိုရာမှာ ရှေ့နေငှားဖို့ လိုအပ်ပါသလား။

ဖြေ။ ။ ကန်ထရိုက်တိုက် ဆောက်လုပ်ပြီးစီးပြီး ကန်ထရိုက်တာဆီက တိုက်ရိုက်တိုက်ခန်းဝယ်ရင် မိမိက ပထမဆုံးအခန်းအမည်ပေါက် ပိုင်ရှင်ဖြစ်လို့ ရှေ့နေမငှားလည်း ရပါတယ်။ ကန်ထရိုက်တိုက် ဆောက်လုပ်ပြီးစီးတဲ့ အခါ ပိုင်ရှင်က သူ့အခန်းတွေသူပြန်ရောင်းတာဖြစ်လို့ အဲသည်ကန်ထရိုက်ပိုင်ရှင်တွေက သူတို့ကိုယ်တိုင် ပြင်ဆင်ထားတဲ့ စာချုပ်ပေါ်မှာ ကန်ထရိုက်တာနဲ့ ၀ယ်သူလက်မှတ် ရေးထိုးပေးလိုက်လို့ပါ။

ပထမဆုံး မိမိက အမည်ပေါက်ဖြစ်တာကြောင့် မိမိကိုင်ထားရမယ့်လူနေထိုင်ခွင့်လက်မှတ်မိတ္ထူတို့ရေစီးသွယ်တန်းထားတဲ့ စာရွက်စာတမ်းတွေမှာ အားလုံးကို ကိုယ့်လက်ထဲအပ်ရမှာပါ။ အဲသည်အခါ သူပေးတဲ့ စာရွတ်စာတမ်းတွေမှာ အဆင့်ဆင့် စာချုပ်တွေဟာ ရောင်းသူ၊ ၀ယ်သူ မျှမျှတတရှိရဲ့လား၊
ရောင်းသူကန်ထရိုက်တာဘက်ကတစ်ဖက်စောင်းနင်းရေးထားသလား၊၀ယ်သူရဲ့အခွင့်အရေးနဲ့ ပြန်ရောင်းတဲ့အခါ မြေရှင်လက်မှတ်ထိုးခဲ့တာတွေကော ဘယ်လို သတ်မှတ်ထားသလဲ စတဲ့အချက်အလက်ကို သိထားဖို့ လိုပါတယ်။

တိုက်ခန်းနဲ့ နေခဲ့ပြီး ပြန်ရောင်းလိုက်လို့ ကန်ထရိုက်တိုက်ခန်း ပြန်ဝယ်နေထိုင်သူတွေအတွက် သိပ်မထူးဆန်းပေမဲ့မိမိကအခုမှတိုက်ခန်းဝယ်ပြီး
နေမယ့်သူဖြစ်ရင်တော့ အိမ်ခြံမြေ အရောင်းအ၀ယ်တွေကိုလိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေငှားရမ်းသင့်ပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service