ဂရမ်မီ ၆ ဆုရှင် တေးသံရှင် ဘီလီဂျိုးက စတုတ္ထမြောက်ဇနီးနှင့်အတူ ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
3530 Views

ဂရမ်မီ ၆ ဆုရှင် တေးသံရှင် ဘီလီဂျိုးက စတုတ္ထမြောက်ဇနီးနှင့်အတူ ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင်

ယခုအခါ ဂရမ်မီ ၆ ဆုရှင် ဘီလီဂျိုးက အမေရိကန်ပြည်ထောင်စု ၊ ဖလော်ရီဒါပြည်နယ်ရှိ နေအိမ်ကြီးကို မူလခေါ်ဈေးအောက် ဈေးနှုန်းများစွာလျှော့ချကာ အရောင်းဈေးကွက်ပြန်တင်လာသည်။

ပထမဆုံး ဈေးကွက်တင်ခဲ့သည်မှာ ၂၀၁၅ ခုနှစ်အတွင်းကဖြစ်ပြီး ကန်ဒေါ်လာ ၁၉ ဒသမ ၅ သန်း စတင်ဈေးခေါ်ခဲ့သည်။

နောက်ပိုင်းတွင်မူ ရောင်းမထွက်သောကြောင့် ၁၆ ဒသမ ၉ သန်းသို့ ဈေးလျှော့ချပေးခဲ့၏။

ယင်းသို့ ကန်ဒေါ်လာ ၃ သန်းခန့် လျှော့ချပေးလိုက်သည့်တိုင် ဘီလီဂျိုးအတွက် အမြတ်အစွန်းရနေဦးမည်သာ ဖြစ်သည်။

အဆိုပါအိမ်ကို ၂၀၁၄ ခုနှစ်အတွင်း ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၁၁ ဒသမ ၈ သန်းသာ ပေးခဲ့ရသည်။

နေအိမ်ဝယ်ယူစဉ်က အနီးရှိ ခြံဝန်းတစ်ခုကိုလည်း ဘီလီဂျိုးက ဝယ်ယူထားခဲ့သေးပြီး ယင်းခြံဝန်းကိုလည်း ယခုအခါတွင် ကန်ဒေါ်လာ ၈ ဒသမ ၉ သန်းဖြင့် အရောင်းတင်ထားသေးသည်။

ကာလအတန်ကြာ ဈေးကွက်တွင် ရောင်းမထွက်ဖြစ်နေသော်လည်း နေအိမ်တည်နေရာမှာမူ အပန်းဖြေမည့်သူများအတွက် အလွန်ပြီးပြည့်စုံသည့် ပင်လယ်ကမ်းခြေဒေသတွင် တည်ရှိနေသည်။

ပင်လယ်ပြင် ရှုမျှော်ခင်းကို နေအိမ်အတွင်းမှ တိုက်ရိုက်ကြည့်ရှုနိုင်ပြီး သီးသန့်လှေဆိပ်၊ အပန်းဖြေစခန်းများတွင် ထားရှိသည့်အရွယ်အစား ရေကူးကန်၊ အားကစားခန်းမတို့ ပါဝင်သည်။

နေအိမ်အကျယ်အဝန်း ၈၆၅ စတုရန်းပေရှိပြီး ဓာတ်လှေကားတစ်ခု၊ အရက်ဘား၊ မီဒီယာခန်းမနှင့် ပင်လယ်ကမ်းခြေကို စီးမိုးတွေ့မြင်နေရသည့် လသာဆောင်တို့လည်း ပါဝင်သည်။

ညစာစားခန်းမှာ အလွန်ကြီးမားလှပြီး မီးပန်းဆိုင်းကြီးများနှင့် ခမ်းနားထည်ဝါလှကာ မီးလင်းဖိုတစ်ခုလည်း ထည့်သွင်းထားသည်။

၂၀၀၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်း ၈ ခန်း ပါဝင်သည်။

မကြာသေးမီကပင် ပြုပြင်မွမ်းမံမှုများပြုလုပ်ပေးထားသော နေအိမ်အတွင်း ပရိဘောဂများ ပါဝင်ပြီးဖြစ်သော်လည်း ဘီလီဂျိုး၏ ပီယာနိုကြီးနှင့် တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများကား ရောင်းချရာတွင် ပါဝင်ခြင်းမရှိချေ။
ဘီလီဂျိုး၏ အမည်ရင်းမှာ ဝီလျံ မာတင် ဂျိုးဖြစ်ပြီး ၁၉၄၉ ခုနှစ်၊ မေလ ၉ ရက်တွင် နယူးယောက်မြို့ ၊ ဘရွန့်ဇ်အရပ်၌ မွေးဖွားကာ အမေရိကန် အဆိုတော်၊ တေးရေး၊ ပီယာနိုသမားတစ်ဦးဖြစ်သည်။

ဘီလီဂျိုးကို "Piano Man" ဟု အမည်ပြောင်ပေးထားကြသည်။

ဘီလီဂျိုးသည် ၁၉၇၂ ခုနှစ်တွင် ရေဒီယိုမှတစ်ဆင့် Captain Jack" အမည်ရှိ တေးသီချင်းတိုက်ရိုက်သီဆိုခဲ့ပြီးနောက်ပိုင်း ကိုလံဘီယာ တေးထုတ်လုပ်ရေးက သတိပြုမိသွားပြီး တေးသီချင်းအယ်လ်ဘမ်ထုတ်လုပ်ရန် ဘီလီဂျိုးနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

၁၉၇၇ ခုနှစ်တွင် သီဆိုခဲ့သည့် The Stranger တေးအယ်လ်ဘမ်မှာ အနုပညာအရသာမက စီးပွားရေးအရပါ အောင်မြင်ခဲ့ကာ ချပ်ရေ ၁၀ သန်းကျော် ရောင်းချခဲ့ရသည်။

သူ၏ဘဝတစ်လျှောက် ဂရပ်မီဆု ၆ ကြိမ်ရရှိခဲ့ပြီး ၂၃ ကြိမ် ဇကာတင်စာရင်းဝင်ခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်း တေးအယ်လ်ဘမ် အချပ်ရေ သန်း ၁၅၀ ကျော် ရောင်းချထားရပြီးဖြစ်ကာ သမိုင်းတစ်လျှောက် အရောင်းအရဆုံး အနုပညာရှင်များစာရင်းတွင် တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။

ဘီလီဂျိုးသည် အချစ်ရေးဇာတ်လမ်း များပြားခဲ့ပြီး အဲလစ်ဇဘက် ဝီဘာ စမော၊ မော်ဒယ်တစ်ဦးဖြစ်သူ ခရစ္စတီ ဘရင့်က်လေ၊ ကေတီလီတို့နှင့် လက်ထပ်ခဲ့သည်။

အဆိုပါဇနီး ၃ ဦးလုံးနှင့် ကွာရှင်းထားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် စတုတ္ထမြောက်ဇနီး အလက်ဇစ် ရိုဒီရစ်ခ်နှင့် ပေါင်းသင်းနေထိုင်လျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂရမ်မီ ၆ ဆုရှင် တေးသံရှင် ဘီလီဂျိုးက စတုတ္ထမြောက်ဇနီးနှင့်အတူ ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ဂရမ်မီ ၆ ဆုရှင် တေးသံရှင် ဘီလီဂျိုးက စတုတ္ထမြောက်ဇနီးနှင့်အတူ ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ဂရမ်မီ ၆ ဆုရှင် တေးသံရှင် ဘီလီဂျိုးက စတုတ္ထမြောက်ဇနီးနှင့်အတူ ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ဂရမ်မီ ၆ ဆုရှင် တေးသံရှင် ဘီလီဂျိုးက စတုတ္ထမြောက်ဇနီးနှင့်အတူ ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ဂရမ်မီ ၆ ဆုရှင် တေးသံရှင် ဘီလီဂျိုးက စတုတ္ထမြောက်ဇနီးနှင့်အတူ ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ဂရမ်မီ ၆ ဆုရှင် တေးသံရှင် ဘီလီဂျိုးက စတုတ္ထမြောက်ဇနီးနှင့်အတူ ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ဂရမ်မီ ၆ ဆုရှင် တေးသံရှင် ဘီလီဂျိုးက စတုတ္ထမြောက်ဇနီးနှင့်အတူ ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ဂရမ်မီ ၆ ဆုရှင် တေးသံရှင် ဘီလီဂျိုးက စတုတ္ထမြောက်ဇနီးနှင့်အတူ ဖလော်ရီဒါရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service