ရန်ကုန်မြို့သစ် စီမံကိန်းမှရသည့် ဝင်ငွေများဖြင့် ရန်ကုန်မြို့ဟောင်းကို ပြင်ဆင်မည်ဟု ဦးဖြိုးမင်းသိန်းပြော - Property News in Myanmar from iMyanmarHouse.com
15363 Views

ရန်ကုန်မြို့သစ် စီမံကိန်းမှရသည့် ဝင်ငွေများဖြင့် ရန်ကုန်မြို့ဟောင်းကို ပြင်ဆင်မည်ဟု ဦးဖြိုးမင်းသိန်းပြော

ကြည့်မြင်တိုင်တွင် ဖော် ဆောင်မည့် ရန်ကုန်မြို့သစ်စီမံ ကိန်းကို သူဌေးရပ်ကွက်အဖြစ် ဖန်တီးပြီး မြို့သစ်မှ ရရှိသည့်ဝင် ငွေများဖြင့် ရန်ကုန်မြို့ဟောင်း ကို ပြင်ဆင်မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်မြို့ နိုဗိုတယ် ဟို တယ်၌ ကျင်းပသည့် ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ တွင် ရန်ကုန်တိုင်း၏ ရင်းနှီးမြှုပ်နှံမှု မူ ဝါဒများ ရှင်းလင်းပြောကြားရာ၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

‘‘မြို့သစ်ဟာ ဗားကရာတံ တားကို ဖြတ်ကူးလိုက်မယ်ဆိုရင် ဟိုဘက်အခြမ်းမှာ သူဌေးများအ တွက် ဧကကွက်တွေနဲ့ နေထိုင် နိုင်လောက်တဲ့ တကယ်ချမ်းသာ တဲ့ သူဌေးရပ်ကွက်တစ်ခုကို ထူ ထောင်နိုင်တဲ့ မြို့သစ်ကြီးဖြစ်ပါ တယ်’’ ဟု ဝန်ကြီးချုပ်က ပြော သည်။

ရန်ကုန်မြို့သစ်သည် လူကုံ ထံများ နေထိုင်နိုင်မည့် ဒုတိယ နေရာတစ်ခု ဖြစ်လာမည်ဖြစ်ပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့် ကိုရီး ယားနိုင်ငံဆိုးလ်မြို့၏ မြစ်တစ် ဖက်ကမ်း ဖွံ့ဖြိုးရေးစီမံကိန်းတို့ ကဲ့သို့ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်း ကပြောသည်။

ထိုမြို့သစ်မှ ရရှိသည့် ဝင် ငွေများဖြင့် ရန်ကုန်မြို့ဟောင်းတွင် လမ်းတည်ဆောက်ခြင်း၊ ယာဉ်ကြော ကျပ်တည်းခြင်းကို ဖြေရှင်းပေးခြင်း၊ ကျောင်း၊ ဆေးရုံများ တည်ဆောက်ခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်မြို့ဟောင်းကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ်က ပြောသည်။

ရန်ကုန်ကို အချက်အချာ ကျပြီး စီးပွားရေးမြို့တော်တစ်ခု ဖြစ်စေရန် မြန်မာနိုင်ငံသာမက အာဆီယံနှင့် အာရှဒေသအတွက် ပါ အရေးပါသည့် မြို့တော်ကြီး ဖြစ်စေရန် ကြိုးစားမည်ဟု ဦးဖြိုး မင်းသိန်းက ပြောသည်။

ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်ရာတွင် အစိုးရက ငွေစိုက်ထုတ်မည်မဟုတ်ဘဲ မြေ နှင့်လဲ၍ တည်ဆောက်မည်ဖြစ် ကြောင်း ဝန်ကြီးချုပ်က ပြော သည်။ ဥပမာ မြေဧက ၂,၇၀၀ ပေး ရုံဖြင့် ကုမ္ပဏီတစ်ခုသည်မြို့သစ် သို့ သွားရောက်မည့် တံတားနှစ် စင်းနှင့် မြို့သစ်ရှိအဓိက ခြောက် လမ်းသွားလမ်းမကြီး တည် ဆောက်ပေးမည် ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းကဆိုသည်။

ရန်ကုန်မြို့သစ် တည် ဆောက်ရာတွင် လယ်မြေထည့် သွင်းပါက စီမံကိန်းမြေ ၂၀ ရာ ခိုင်နှုန်း ပြန်လည်ရရှိမည်ဖြစ် သည်။ ဥပမာ မြေ ၁၀ ဧကကို စီမံကိန်းတွင် ထည့်သွင်းပါကစီမံ ကိန်းမြေ နှစ်ဧက ပြန်လည်ရရှိ မည်ဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင်အစိုးရလက်ထက်က စတင် ခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်ရှိ မြေဧက ၂၀,၀၀၀ တွင် ပထမအ ဆင့် စတင်အကောင်အထည်ဖော် မည်ဖြစ်သည်။

ယင်းမြို့သစ်တွင် အနည်း ဆုံးလူဦးရေ သုံးသန်းကျော် နေ ထိုင်နိုင်မည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းနှစ်သန်းကျော် ဖန် တီးနိုင်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းအစိုးရက သတင်းထုတ်ပြန် ထားသည်။

မြို့သစ်အကောင် အထည် ဖော်ရာတွင် ရွာမြို့ငါးခု၊ တံတား နှစ်စင်း၊ ၂၆ ကီလိုမီတာရှည်သည့် ပင်မလမ်းကြောင်း၊ ၁၀ ကီလိုမီ တာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓာတ် အားစက်ရုံ၊ ရေသန့်နှင့် ရေဆိုး ထုတ်စက်ရုံများ ပါဝင်မည်ဖြစ် သည်။

ရန်ကုန်မြို့သစ်စီမံကိန်းအ ကောင်အထည်ဖော်ရန် တိုင်းအ စိုးရက ကျပ် ၁၀ ဘီလီယံအသုံးပြု ကာ NYDC ကုမ္ပဏီကို ထူထောင် ပြီး လုပ်ငန်းရှင်ဦးသိမ်းဝေအား ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌနှင့် အမှု ဆောင်အရာရှိချုပ်အဖြစ် ခန့်အပ် ခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်း အ ခြေခံတည်ဆောက်ရေး လုပ်ငန်း များအတွက် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကုန်ကျမည်ဖြစ်သည်။ ရန်ကုန်မြို့သစ် စီမံကိန်း တည် ဆောက်ပြီးစီးပါက စင်ကာပူနိုင်ငံ ထက် နှစ်ဆ ကျယ်ဝန်းမည်ဟု တိုင်းအစိုးရပိုင် ကုမ္ပဏီသစ်က ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်း တစ်ခုလုံးကို လေ့လာဆန်းစစ်ရန် တရုတ် CCCC ကုမ္ပဏီနှင့် ပဏာ မမူဘောင်သဘောတူ ညီမှုစာချုပ် (Framework Agreement) ကို မကြာမီက လက်မှတ်ရေးထိုး ခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service