ဘီလ်ဂိတ်က စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းပြီးသွားသော သမီးကြီးအတွက် ၁၂၄ ဧကကျယ်ဝန်းသော မြင်းခြံကြီးတစ်ခုကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူပေးကာ ဂုဏ်ပြု - Property News in Myanmar from iMyanmarHouse.com
6695 Views

ဘီလ်ဂိတ်က စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းပြီးသွားသော သမီးကြီးအတွက် ၁၂၄ ဧကကျယ်ဝန်းသော မြင်းခြံကြီးတစ်ခုကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူပေးကာ ဂုဏ်ပြု

ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်တွင် သမီးကြီး ဂျနီဖာ ကက်သရင်း ဂိတ် (အသက် ၂၂ နှစ်)၊ သားလတ် ရိုရီ ဂျွန်ဂိတ် (၁၈ နှစ်)နှင့် သမီးငယ် ဖိုဘီ အဒဲလ် ဂိတ် (၁၅ နှစ်) ဟူသည့် ရင်သွေး ၃ ဦးထွန်းကားသည်။

ယခုအခါ သမီးကြီး ဂျနီဖာ ကက်သရင်း ဂိတ်မှာ စတန်းဖို့ဒ်တက္ကသိုလ်မှ ကျောင်းပြီးသွားပြီဖြစ်သည့်အတွက် ကန်ဒေါ်လာ ၁၆ သန်းတန် မြင်းခြံကြီးတစ်ခု လက်ဆောင်အဖြစ် ဝယ်ယူပေးကာ ဂုဏ်ပြုလိုက်သည်ဟု ဆိုသည်။

မြင်းခြံတည်ရှိရာနေရာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဝက်ချက်စ်တာခရိုင် အရှေ့မြောက်ဘက်ရှိ နော့သ် ဆာလမ်အမည်ရှိ မြို့ကလေးတွင်တည်ရှိပြီး နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်မှ မိုင် ၅၀ ခန့်အကွာတွင် တည်ရှိသည်။

ဂျနီဖာဂိတ်သည် ယခုနှစ်အတွင်းတွင်ပင် စတန်းဖို့ဒ်တက္ကသိုလ်မှ ကျောင်းပြီးခဲ့ပြီး နယူးယောက်သို့ ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင်လျက်ရှိကာ လာမည့်ဆောင်းတွင်းတွင် နယူးယောက်တက္ကသိုလ်၌ ဆက်လက်ပညာဆည်းပူးဖွယ်ရာရှိသည်။

ဘီလ်ဂိတ်က သမီးဖြစ်သူကို ဝယ်ယူပေးခဲ့သည့် မြင်းခြံမှာ ကန်ဒေါ်လာ ၁၅ ဒသမ ၈၂ သန်း ပေးခဲ့ရသည်ဟု ဆိုသည်။

မြင်းစီးကျွမ်းကျင်သော ဂျနီဖာဂိတ်အတွက် ၁၂၄ ဧကကျယ်ဝန်းသည့် မြင်းခြံကြီးအတွင်း လွတ်လပ်စွာဖြင့် ဒုန်းစိုင်းစီးနင်းနိုင်တော့မည် ဖြစ်သည်။

မြင်းခြံအရောင်းအဝယ်ကို Ginnel Real Estate ကုမ္ပဏီမှ ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ယခုသတင်းကို The Journal News တွင် ပထမဆုံး ဖော်ပြခဲ့သည်။

မြင်းခြံကြီးကို ယခင်က ပိုင်ဆိုင်ခဲ့သည်မှာ အိမ်ခြံမြေ developer နှင့် ပြိုင်ကားမောင်းသမားတစ်ဦးဖြစ်သူ ဒန်ကန်က ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်သည်။

ဒန်ကန်သည် Dayton-Hudson Corporation ၏ အမွေခံတစ်ဦးလည်း ဖြစ်သည်။

ဂျနီဖာ ကက်သရင်း ဂိတ်အတွက် ဝယ်ယူလိုက်သည့် ခြံကြီးကို https://youtu.be/KNagOBWJ0nY အင်တာနက်လင့်ခ်တွင်လည်း ဗွီဒီယိုဖိုင်အဖြစ် ကြည့်ရှုနိုင်ပါသည်။

ဘီလ်ဂိတ်သည် တက္ကသိုလ်တက်မည့် သားဖြစ်သူအတွက်မူ ခြံဝန်းမပါသည့် ဈေးပေါသော နေအိမ်တစ်လုံးသာ ဝယ်ယူပေးခဲ့ရာ အဆိုပါသတင်းမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အလွန်ဂယက်ရိုက်ခဲ့ဖူးသည်။

အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/729509 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဘီလ်ဂိတ်က စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းပြီးသွားသော သမီးကြီးအတွက် ၁၂၄ ဧကကျယ်ဝန်းသော မြင်းခြံကြီးတစ်ခုကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူပေးကာ ဂုဏ်ပြု - Property News in Myanmar from iMyanmarHouse.com
ဘီလ်ဂိတ်က စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းပြီးသွားသော သမီးကြီးအတွက် ၁၂၄ ဧကကျယ်ဝန်းသော မြင်းခြံကြီးတစ်ခုကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူပေးကာ ဂုဏ်ပြု - Property News in Myanmar from iMyanmarHouse.com
ဘီလ်ဂိတ်က စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းပြီးသွားသော သမီးကြီးအတွက် ၁၂၄ ဧကကျယ်ဝန်းသော မြင်းခြံကြီးတစ်ခုကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူပေးကာ ဂုဏ်ပြု - Property News in Myanmar from iMyanmarHouse.com
ဘီလ်ဂိတ်က စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းပြီးသွားသော သမီးကြီးအတွက် ၁၂၄ ဧကကျယ်ဝန်းသော မြင်းခြံကြီးတစ်ခုကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူပေးကာ ဂုဏ်ပြု - Property News in Myanmar from iMyanmarHouse.com
ဘီလ်ဂိတ်က စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းပြီးသွားသော သမီးကြီးအတွက် ၁၂၄ ဧကကျယ်ဝန်းသော မြင်းခြံကြီးတစ်ခုကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူပေးကာ ဂုဏ်ပြု - Property News in Myanmar from iMyanmarHouse.com
ဘီလ်ဂိတ်က စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းပြီးသွားသော သမီးကြီးအတွက် ၁၂၄ ဧကကျယ်ဝန်းသော မြင်းခြံကြီးတစ်ခုကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူပေးကာ ဂုဏ်ပြု - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service