ရန်ကုန်မြို့ဘက်စုံဖွံ့ဖြိုးရေးအဆိုပြုချက်ကို ရန်ကုန်တိုင်းအစိုးရက တိုင်းလွှတ်တော်သို့ တင်သွင်း - Property News in Myanmar from iMyanmarHouse.com
3485 Views

ရန်ကုန်မြို့ဘက်စုံဖွံ့ဖြိုးရေးအဆိုပြုချက်ကို ရန်ကုန်တိုင်းအစိုးရက တိုင်းလွှတ်တော်သို့ တင်သွင်း

ရန်ကုန်မြို့၏ တိုးတက်လာသော လူဦးရေအရ လိုအပ်မည့်အိမ်ရာအရေအတွက်ခန့်မှန်းချက်များပါဝင်သည့် ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များ အဆိုပြုချက်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက တိုင်းလွှတ်တော်သို့တင်သွင်းခဲ့သည်။

အပိုင်း ၂၁ ပိုင်းပါရှိသည့် ရန်ကုန်မြို့ဘက်စုံဖွံ့ဖြိုးမှု အခြေ ခံအချက်အလက်များ အဆိုပြု ချက်ကို မေလ ၇ရက်က ပြုလုပ် သည့် ရန်ကုန်တိုင်းလွှတ်တော် တွင် ၀န်ကြီးက တိုင်းဒေသကြီးအ စိုးရအဖွဲ့ကိုယ်စား တင်သွင်းခဲ့ သည်။

ယင်းအဆိုပြုချက်သည် ယ ခင်ရေးဆွဲထားသည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းအ တိုင်းရေးဆွဲထားပြီး ရန်ကုန်မြို့၏ သမိုင်းကြောင်းအပါအ၀င် စီ မံကိန်းများဆောင်ရွက်မှုအခြေ အနေ၊ စီမံကိန်းဆိုင်ရာ အသုံးအ နှုန်း၊ အခေါ်အဝေါ်များ၊ ဇုန်သတ် မှတ်ချက်များ၊ စည်ပင်သာယာ ရေးနှင့် ပတ်သက်သည့် ဥပဒေ ရေးရာ၊ ဌာနဆိုင်ရာများ၏ အ သုံးအနှုန်းများကို ကနဦးအပိုင်း များတွင် ဖော်ပြထားကြောင်း ဦးမြင့်သောင်းက ပြောသည်။

‘‘ရန်ကုန်တိုင်းအစိုးရအဖွဲ့ အနေနဲ့ တင်ပြထားတဲ့ ဒီအဆိုပြု ချက်ကို လွှတ်တော်ကိုယ်စား လှယ်တွေအနေနဲ့ အကြံပြုဆွေး နွေးမှတ်တမ်းတင်နိုင်ဖို့အတွက် တင်ပြရခြင်းဖြစ်ပါတယ်’’ ဟု ၎င်း ကရှင်းပြသည်။

ထို့အပြင် ရန်ကုန်မြို့ရှိလူ ဦးရေနှင့် မြို့ပြဖွံ့ဖြိုးမှုအတွက် လူ ဦးရေပျံ့နှံ့နေထိုင်မှုကဏ္ဍ၊ ရန် ကုန်တိုင်းအတွင်းရှိ မြေများစီမံ ခန့်ခွဲမှုအခြေအနေ၊ ရန်ကုန်မြို့၏ တိုးတက်လာသည့် လူဦးရေအရ အိမ်ရာများမည်မျှလိုအပ်သည်ကို ကြိုတင်ခန့်မှန်ထားချက်များကို အဆိုပြုချက်တွင် ထည့်သွင်းဖော် ပြထားသည်။

ဆက်လက်၍ မြေနှင့် တိုက် ခန်းများ၏ ဈေးနှုန်းအခြေအနေ၊ ရန်ကုန်မြို့တွင်း ရေပေးဝေရေးစနစ်၊ မိလ္လာစွန့်ပစ်မှုနှင့် ရေဆိုးစွန့်ပစ်ရေးစနစ်၊ အမှိုက်စွန့်ပစ်ရေးစနစ်၊ လျှပ်စစ်၊ ဆက်သွယ်ရေးကဏ္ဍနှင့် ရန်ကုန်မြိ့ရှိ သုသာန်များမည်သို့ ဆောင်ရွက်ထားသည်ကို ဖော်ပြထားကြောင်း ၀န်ကြီးကဆိုသည်။

ရန်ကုန်မြို့တွင်း တည်ရှိ သည့် စာသင်ကျောင်းအရေအ တွက်နှင့် သင်ကြားပေးနေသည့် ပညာရေးစနစ်၊ ကျန်းမာရေး ကဏ္ဍ၊ အများပြည်သူသယ်ယူပို့ ဆောင်ရေးကဏ္ဍတွင် ဘတ်စ် ကားစနစ်၊ မြို့ပတ်ရထားသယ်ယူ ပို့ဆောင်ရေးစနစ်၊ ရေကြောင်း သယ်ယူပို့ဆောင်ရေး ၊ဈေးများ တည်နေရာ၊ ရန်ကုန်မြို့တွင်း ရှိ ပြည်သူလူထု၏ အလုပ်အကိုင် အကြောင်းနှင့် စက်မှုလက်မှု ကဏ္ဍစသည်တို့ကို အထက်ပါအဆိုပြုချက်၌ ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ အနားယူအ ပန်းဖြေနေရာ၊ ပန်းခြံနှင့် စိမ်း လန်းဧရိယာများ၊ သမိုင်းဝင်အ မွေအနှစ်ထိန်းသိမ်းစောင့်ရှောက် မှု နည်းစနစ်များ၊ ဇုန်များအတွင်း ဆောက်လုပ်ခွင့် သတ်မှတ်ချက် များနှင့် ဖွံ့ဖြိုးမှုကိုမည်သို့ ထိန်း သိမ်းမည်ဆိုသည့် ကဏ္ဍများ ယင်းအဆိုပြုချက်၌ ပါဝင်သည်။

‘‘ဒီအဆိုပြုချက်ထဲမှာပါတဲ့ အကြောင်းအရာတွေကို ကျွန် တော်တို့ အရင်ဆုံးလေ့လာရဦး မယ်။ အခုတော့ပြောလို့မရသေး ပါဘူး။ ပြီးမှ လွှတ်တော်ထဲမှာ ဆွေးနွေးသွားမှာပါ’’ ဟု မရမ်း ကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန် ရှင်းက ပြောသည်။

ရန်ကုန်မြို့ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များအဆို ပြုချက်ကို အစိုးရအဖွဲ့က မေလ ၇ရက်တွင် ရန်ကုန်တိုင်းလွှတ် တော်သို့တင်းသွင်းပြီး ပြန်လည် ဆွေးနွေးမည့် လွှတ်တော်ကိုယ် စားလှယ်များ ယင်းနေ့ကစ၍ အမည်စာရင်းပေးသွင်းရမည်ဖြစ် ကြောင်းရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service