အမေရိကန်ပြည်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး၏ နာမည်ကျော် ကြယ်တွေစုံတဲ့ည ပန်းချီကားပုံကို နေအိမ် အုတ်တံတိုင်းနှင့် နံရံများတွင် ဆေးသုတ်သည့် အိမ်ရှင် ဒဏ်ငွေချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
6178 Views

အမေရိကန်ပြည်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး၏ နာမည်ကျော် ကြယ်တွေစုံတဲ့ည ပန်းချီကားပုံကို နေအိမ် အုတ်တံတိုင်းနှင့် နံရံများတွင် ဆေးသုတ်သည့် အိမ်ရှင် ဒဏ်ငွေချမှတ်ခံရ

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မောင့်ဒိုရာမြို့ကလေးတွင်
ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး၏ နာမည်ကျော် ကြယ်တွေစုံတဲ့ည ပန်းချီကားပုံကို နေအိမ် အုတ်တံတိုင်းနှင့် နံရံများတွင် ဆေးသုတ်သည့် အိမ်ရှင်အား မြို့အုပ်ချုပ်ရေးအဖွဲ့က ဒဏ်ငွေချမှတ်လိုက်သည်။

အိမ်ရှင် ဇနီးမောင်နှံအနေဖြင့် အဆိုပါပန်းချီကားပုံဆေးသုတ်ထားမှုကို ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက တစ်ရက်လျှင် ကန်ဒေါ်လာ ၁၀၀ ဒဏ်ငွေ ပေးဆောင်ရမည်ဟု ဆိုသည်။

နန်စီ နမ်ဟော်ဆာက ပြောကြားရာတွင် သူမ၏ သားဖြစ်သူသည် အထီးကျန်ဝေဒနာ ခံစားနေရပြီး ပန်းချီများကို ချစ်မြတ်နိုးသူဖြစ်သည်ဟု ဆိုသည်။

နေအိမ်ရှေ့အုတ်တံတိုင်းရှိ ပန်းချီပုံကို ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ဗန်ဂိုး၏ပန်းချီကားပုံ သုတ်လိမ်းရခြင်းမှာ သားဖြစ်သူ ပျော်ရွှင်စေရန် အဓိကရည်ရွယ်ခြင်းဖြစ်ကြောင်း နန်စီက ပြောကြားသည်။

အကယ်၍ သားဖြစ်သူ နေအိမ်မှ ပြင်ပသို့ သွားလာရင်း အိမ်မမှတ်မိတော့ပါက ဆေးရောင်စုံသုတ်လိမ်းထားသောကြောင့် ပြန်ရှာရ လွယ်ကူစေမည်ဖြစ်ကြောင်းလည်း နန်စီက ဆက်လက်ပြောကြားသည်။

“သူဟာ သူ့အိမ်လိပ်စာတည်နေရာကို ပြန်မပြောပြနိုင်တဲ့အခြေအနေရှိနေတာကို ဘုရားက ခွင့်လွှတ်ပါမှာ။ အနည်းဆုံးတော့ ဗန်ဂိုးအိမ်ကြီး ပိုင်တယ်လို့ သူပြောနိုင်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်” ဟု နန်စီက ဆက်လက်ပြောကြားသည်။

မြို့အုပ်ချုပ်ရေးအရာရှိများက မူလတွင် အုတ်တံတိုင်းနံရံရှိ ဗန်ဂိုးပန်းချီကားပုံကို graffiti ပုံ အဖြစ်စဉ်းစားသတ်မှတ်ခဲ့ကြသည်။

သို့ရာတွင် လူနေရပ်ကွက်ဧရိယာတွင် ဇုန်နယ်စည်းမျဉ်းချိုးဖောက်မှုဖြစ်နေသဖြင့် အဆိုပါပန်းချီကားပေါ်တွင် ဆေးပြန်သုတ်ရန် မြို့အုပ်ချုပ်ရေးအဖွဲ့က နန်စီတို့မိသားစုကို ပြီးခဲ့သော စက်တင်ဘာလတွင် ပြောကြားခဲ့သည်။
နန်စီတို့ မိသားစုက ငြင်းပယ်လိုက်သောကြောင့် ထိုအချိန်ကတည်းက ဒဏ်ငွေချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး အနည်းဆုံး ကန်ဒေါ်လာ ၃၁၀၀ ခန့် ပေးဆောင်ခဲ့ရဖွယ်ရှိသည်။

ယခုအခါတွင် အထူးရာဇဝတ်တရားသူကြီးတစ်ဦးက အမိန့်ချမှတ်လိုက်သည်မှာ မောင့်ဒိုရာမြို့ အုပ်ချုပ်ရေးအဖွဲ့သည် ယင်းမိသားစုကို တစ်ရက်လျှင် ကန်ဒေါ်လာ ၁၀၀ ဒဏ်ငွေဆက်လက်ချမှတ်ရမည်ဖြစ်ကြောင်း အမိန့်ချမှတ်လိုက်သည်။

နန်စီနှင့် ခင်ပွန်းဖြစ်သူတို့က ရှေ့နေတစ်ဦး ငှားရမ်းလိုက်ပြီး အဆိုပါဆုံးဖြတ်ချက်ကို ရင်ဆိုင်ရန် ပြင်ဆင်နေကြသည်။

“မြို့ထဲက တခြားအိမ်တွေ၊ တခြားအဆောက်အအုံတွေမှာလည်း ပန်းချီဆွဲထားတာတွေ ရှိပါတယ်။ ဒါဆိုရင် ကျွန်မတို့ကျမှ ဘာကြောင့် အရေးယူခံရတာပါလဲ” ဟု နန်စီက မေးခွန်းထုတ်သည်။

ဗင်းဆင့်ဗန်ဂိုး၏ ကြယ်တွေစုံတဲ့ည Starry Night ပန်းချီကားသည် ၁၈၈၉ ခုနှစ်တွင် ရေးဆွဲပြီးစီးခဲ့ပြီး လူ့သမိုင်းတစ်လျှောက် အကောင်းဆုံးပန်းချီလက်ရာများတွင် တစ်ခုဖြစ်သည်ဟု သတ်မှတ်ထားခြင်းခံရသည်။

အဆိုပါ ပန်းချီကားကို နယူးယောက်မြို့ရှိ မော်ဒန်ပန်းချီပြတိုက်တွင် ချိတ်ဆွဲပြသထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်ပြည်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး၏ နာမည်ကျော် ကြယ်တွေစုံတဲ့ည ပန်းချီကားပုံကို နေအိမ် အုတ်တံတိုင်းနှင့် နံရံများတွင် ဆေးသုတ်သည့် အိမ်ရှင် ဒဏ်ငွေချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး၏ နာမည်ကျော် ကြယ်တွေစုံတဲ့ည ပန်းချီကားပုံကို နေအိမ် အုတ်တံတိုင်းနှင့် နံရံများတွင် ဆေးသုတ်သည့် အိမ်ရှင် ဒဏ်ငွေချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး၏ နာမည်ကျော် ကြယ်တွေစုံတဲ့ည ပန်းချီကားပုံကို နေအိမ် အုတ်တံတိုင်းနှင့် နံရံများတွင် ဆေးသုတ်သည့် အိမ်ရှင် ဒဏ်ငွေချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service