ဟံသာဝတီလေဆိပ် တင်ဒါအောင်ကုမ္ပဏီ၏ တောင်းဆိုမှုကို သဘောတူလက်ခံခဲ့ကြောင်း ဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
7804 Views

ဟံသာဝတီလေဆိပ် တင်ဒါအောင်ကုမ္ပဏီ၏ တောင်းဆိုမှုကို သဘောတူလက်ခံခဲ့ကြောင်း ဝန်ကြီးပြော

ဟံသာဝတီလေဆိပ် စီမံ ကိန်းအကောင်အထည်ဖော်ရန် တင်ဒါအောင်ကုမ္ပဏီ၏ စီးပွား ရေးအရ လုပ်ငန်းတွက်ခြေကိုက် မှု ရှိ၊ မရှိ (Feasibility Study) ပြန်လည်သုံးသပ်ရန် တောင်းဆိုမှုကို သဘောတူလက်ခံခဲ့ပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

အဆိုပါ သဘောတူညီမှုအတွက် တင်ဒါအောင်ကုမ္ပဏီနှင့် ဧပြီ ၃၀ ရက်တွင် တွေ့ဆုံကာ တိကျပြတ်သားသည့် အဖြေပေးမည်ဟု ပြည်ထောင်စုဝန်ကြီးက ဧပြီ ၂၉ ရက်တွင် သတင်းထောက်များအား ပြောသည်။

‘‘ကုမ္ပဏီက Feasibility Study ကို ပြန်ပြီး Review (ပြန် လည်ဆန်းစစ်ခြင်း) လုပ်ချင်ကြ တယ်။ ကျွန်တော်က ခွင့်ပြုပါ တယ်။ ဒါပေမဲ့ သူတို့ဘက်က တိတိကျကျ လိုချင်နေတာပါ’’ဟု ဝန်ကြီးက ပြောသည်။

အဆိုပါ စီမံကိန်းအတွက် စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ၊ မရှိ လေ့လာမှုကို ယခင်အစိုးရ က လုပ်ဆောင်ခဲ့ပြီး တင်ဒါအောင် ထားသည့် ကုမ္ပဏီက ဒုတိယအ ကြိမ် ထပ်မံ လေ့လာခဲ့သည်။ ထို လေ့လာမှုနှစ်ခုတွင် ရင်းနှီးမြှုပ်နှံ မှုပမာဏ ကွာခြားနေပြီး ကုမ္ပဏီတင်ပြသည့် စီမံကိန်းလေ့လာမှု တွင် ယခင်အစိုးရပြုလုပ်ထား သည့် လေ့လာမှုထက် ရင်းနှီးမြှုပ် နှံရမည့် ငွေကြေးပိုမိုများပြားနေ ကြောင်း ဝန်ကြီးက ဆိုသည်။

ဟံသာဝတီလေဆိပ် စီမံ ကိန်းအကောင်အထည်ဖော်ရန် ဂျပန် JGC ၊ စင်ကာပူမှ Yong-nam Holdings နှင့် Changi Airport International ကုမ္ပဏီ သုံးခုပေါင်း အစုရှယ်ယာပိုင်သည့် စီးပွားရေးလုပ်ငန်းစုကြီးက ၂၀၁၄အောက်တိုဘာတွင် တင်ဒါရရှိခဲ့သည်။ ထိုတင်ဒါ အောင်ထားမှု သဘောတူညီချက် သက်တမ်းသည် ၂၀၁၈ ဇန်နဝါရီ၌ ကုန်ဆုံးသည်။

တင်ဒါအောင် ကုမ္ပဏီ တောင်းဆိုမှုတွင် ဟံသာဝတီလေ ဆိပ်ပြီးစီးပါက ရန်ကုန်လေဆိပ် ကို ပြည်တွင်းလေဆိပ်အဖြစ်သာ အသုံးပြုရန်လည်း ပါဝင်ပြီး ယင်း တောင်းဆိုချက်အပေါ် သဘော တူညီသည်ဟု ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားထားသည်။

အဆိုပါ စီမံကိန်းအတွက် ဂျပန်နိုင်ငံက အပြည့်အဝကူညီ လိုသော်လည်း ချေးငွေပမာဏ များပြား၍ ဂျပန်အစိုးရအနေဖြင့် ပြန်လည်တွက်ချက်နေကြောင်း ဝန်ကြီးက ပြောသည်။

ဟံသာဝတီလေဆိပ် စီမံ ကိန်းလုပ်ကိုင်မည့် တင်ဒါအောင် ကုမ္ပဏီတွင် ဂျပန် JGC က ရှယ် ယာ ၅၅ ရာခိုင်နှုန်း၊ စင်ကာပူ Yongnam က ၂၅ ရာခိုင်နှုန်းနှင့် Changi Airport Interna-tional က ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်သည်။

ဟံသာဝတီလေဆိပ် စီမံ ကိန်းအကောင်အထည်ဖော်ရန် မြန်မာအစိုးရနှင့် သဘောတူညီ ချက်သက်တမ်းကုန်ဆုံးပြီဖြစ် သော်လည်း ညှိနှိုင်းမှု အဆင်မပြေ ၍ သက်တမ်းမတိုးနိုင်သေး ကြောင်း စင်ကာပူ Yongnam Holdings ကုမ္ပဏီက ယခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် သတင်း ထုတ်ပြန်သည်။

ဟံသာဝတီလေဆိပ် စီမံ ကိန်းကို ၂၀၁၂ က စတင်တင်ဒါ ခေါ်ယူပြီး အစိုးရ၊ ပုဂ္ဂလိက ပူး ပေါင်းဆောင်ရွက်သောစနစ်ကို အခြေခံသည့် စီမံကိန်းဖြစ်သည်။ ပဲခူးမြို့ ကျောက်တိုင်ကန်ရွာအနီး ဂျပန်ခေတ်က လေဆိပ်သဖွယ် အသုံးပြုခဲ့သော မြေဧက ၉၀၀ ကျော်တွင် အကောင်အထည်ဖော် မည့် ယင်းစီမံကိန်းတည်ဆောက် လျှင် ကန်ဒေါ်လာ နှစ်ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းထား သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service