နွေရာသီအပူဒဏ်ကို ကာကွယ်ဖို့ အိမ်တွင်းမှာလုပ်ဆောင်သင့်တဲ့အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
4094 Views

နွေရာသီအပူဒဏ်ကို ကာကွယ်ဖို့ အိမ်တွင်းမှာလုပ်ဆောင်သင့်တဲ့အချက်များ

Knowledge | Posted by Hnin Ei Khin

ပူပြင်းလှတဲ့ နွေရာသီမှာ အ ပူဒဏ်ကိုခံနိုင်ဖို့ လေအေးပေးစက်ဖွင့်တာ၊ ပန်ကာကို အသုံးပြုကြပေမဲ့ ဒါတွေက အေးမြစေတဲ့ တစ်ခုတည်းသော နည်းလမ်းတွေ မဟုတ်ပါဘူး။ မီတာခကုန်ကျ ခြင်းမရှိဘဲ နေအိမ်ကို အပူဒဏ်မှ ကာ ကွယ်နိုင်တဲ့ နည်းလမ်းများစွာလည်း ရှိသလို ကိုယ်ပိုင်လုပ်ဆောင်နိုင်တဲ့ နည်းလမ်း တွေလည်း ဖြစ်ပါတယ်။

+++ လိုက်ကာများပိတ်ပါ +++

သည်လုပ်ဆောင်ချက်က  ရိုးရှင်းလွန်း လှပါတယ်။ မလိုအပ်တဲ့ အပူချိန် ၃၀ ရာ ခိုင် နှုန်းကျော်ဟာ  ပြတင်းပေါက်ကနေဝင်ရောက်လာလေ့ရှိတယ်။ အဲဒါကြောင့် အုပ်ဆောင်းနဲ့ လိုက်ကာတွေကို အသုံးပြုခြင်း က မီတာခကို ခုနစ်ရာခိုင်နှုန်းကျော် ချွေတာပေးနိုင်ပြီး အခန်းအပူချိန်ကိုလည်း ၂၀ ဒီဂရီ ကျော်ကျော် လျှော့ချပေးနိုင်ပါ တယ်။

+++ အခန်းတံခါးတွေပိတ်ပါ +++

နေ့တစ်နေ့ရဲ့ အပူဆုံးအချိန်တွေမှာ အခန်းအတွင်းမှာရှိတဲ့ လေအေးတွေ အပြင်ထွက်မသွားအာင် အခန်းတံခါးတွေ ကိုပိတ်ထားသင့်ပါတယ်။ ပိုအေးတဲ့ ညအချိန်တွေမှာလည်း နေအိမ်အတွင်းမှာ သဘာဝလေ ရရှိနေသလို ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။

+++ လေအေးပေးစက်အစားပန်ကာဖွင့်ပါ +++

လေအေးပေးစက်တစ်ခုတည်းက သာ အေးမြမှုမျိုးပေးနိုင်တာ မဟုတ်ပါဘူး။ ဒါ့အ ပြင် တခြားရိုးရှင်းတဲ့ နည်းလမ်းတစ်ခု ရှိပါသေးတယ်။ ပန်းကန်အလွတ်ထဲကို ရေခဲတုံးထည့်ထားပါ။ (ရေခဲထုပ်တစ်ထုပ် စာ အေးမြမှုကို ပေးစွမ်းနိုင်တဲ့ ရေခဲတုံး ဖြစ်ပါစေ) ရေခဲတုံးကိုဖြတ် တိုက်တဲ့လေက ပိုအေးမြပြီး နှင်းကျချိန်မှာ ဖြစ်တတ်တဲ့ အပူချိန်အတိုင်း ရရှိနိုင်တာကြောင့် အဲသည်ပန်းကန်လုံးကို ပန်ကာခပ်ကြီးကြီး ရှေ့မှာထားပါ။ သည်နည်းလမ်းက အရမ်းထိရောက်မှုရှိပါတယ်။

+++ အိမ်ရာခင်းများ လဲလှယ်ပေးပါ +++

ရာသီဥတုကိုလိုက်ပြီး အိပ်ရာခင်းလဲ ခြင်းက အခန်းကိုလန်းဆန်းစေရုံသာမက အအေးဓာတ်ကို ထိန်းသိမ်းဖို့အကောင်း ဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။

+++ မျက်နှာကြက်ပန်ကာကို ဘယ်ဝိုက်လည်အောင်လုပ်ပါ +++

မျက်နှာကြက်ပန်ကာတွေကို ရာသီ အလိုက် ပြင်ဆင်မှုတွေလုပ်ပေးဖို့ လိုအပ်ပါ တယ်။ နွေရာသီမှာ ပိုအေးမြစေဖို့အတွက်  မျက်နှာကြက်ပန်ကာကို ဘယ်ဝိုက်လည် အောင်လုပ်ပြီး အရှိန်တင်ထားမယ်ဆိုရင် လေပြေလေညင်းလေးတွေကို ဖန်တီးနိုင်မှာ  ဖြစ်ပါတယ်။

+++ ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုဂရုစိုက်ပါ +++

သင့်ဘိုးဘေးတွေက လေအေးပေး စက်မရှိဘဲ နေထိုင်နိုင်ခဲ့သလို သင်လည်း နေနိုင်ပါတယ်။ ခန္ဓာကိုယ်အေးမြစေဖို့ အ ရသာရှိတဲ့ ရေခဲရေကို တစိမ့်စိမ့်သောက် ခြင်းကစပြီး သွေးခုန်နှုန်းပြင်းထန်တဲ့ နေရာတွေ ဖြစ်တဲ့ လည်ပင်းနဲ့ လက်ကောက် ဝတ်တွေမှာ ရေခဲဝတ်ကပ်တာမျိုး လုပ် ဆောင်ခြင်းကလည်း ကောင်းမွန်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ တခြားနည်းလမ်း တွေအနေနဲ့ကတော့ အဝတ်အစားရွေး ချယ်ဝတ်ဆင်ခြင်းပါပဲ။

+++ ရေချိုးခန်းပန်ကာကို ဖွင့်ထားပါချိုး +++

ရေချိုးခန်းပန်ကာ ဒါမှမဟုတ်မီးဖို ချောင်က အခိုးထုတ်ပန်ကာကိုဖွင့်ပါ။ ဟင်းချက်ခြင်းဒါမှမဟုတ် ရေနွေးနဲ့ရေချိုး ခြင်းတို့ကြောင့် ဖြစ်လာတဲ့ လေပူတွေကို နှစ်ခုလုံးကစုပ်ယူပေးနိုင်ပါတယ်။

+++ ညလေးညင်းဝင်ပါစေ +++

နွေရာသီမှာ ညဘက်ဆိုရင် အပူချိန်လျော့ကျလေ့ရှိပါတယ်။ မအိပ်ခင်မှာ ပြတင်းပေါက်တွေဖွင့်ထားခြင်းဟာ သင်နေထိုင်တဲ့နေရာကို အေးမြလန်းဆန်းစေပါတယ်။ ပန်ကာတစ်လုံးတပ်ဆင်ပြီး လေဆန်ဖြစ်အောင် ဖန်တီးထားမယ် ဆိုရင် အခန်းထဲမှာ လေကြောင်းတစ်ခု ဖြစ်ပေါ်နေ စေမှာပါ။ မနက်ခင်းအပူချိန်များ မလာခင်မှာ ပြတင်းပေါက်တွေလိုက်ကာတွေကို ပိတ်ဖို့ လိုအပ်ပါတယ်။

+++ အလင်းရောင်ဖြာထွက်သော မီးလုံးကို မသုံးပါနဲ့ +++

အလင်းရောင်ဖြာထွက်တဲ့ မီးလုံးကအပူထုတ်လွှတ်ခြင်းအားဖြင့် စွမ်းအင် ၉၀ ရာခိုင်နှုန်းခန့်ကို ဖြုန်းတီးပစ်နိုင်တာကြောင့် သည်မီးလုံးတွေကိုစွန့်လွှတ်လိုက် မယ်ဆိုရင် အိမ်တွင်းအေးမြမှုကို အနည်းငယ်ပြောင်းလဲ ပစ်နိုင်ရုံသာမက မီတာခလည်း ချွေတာရာ ရောက်ပါတယ်။

+++ အိမ်အပြင်မှာချက်ပြုတ်ပါ +++

လူတိုင်းသိပေမဲ့လည်း ပြောရဦးမှာပါ ပဲ။ နွေရာသီမှာဒယ်အိုးတွေ၊ မီးဖိုတွေအသုံးပြုခြင်းက အိမ်ထဲမှာပိုမိုပူလောင် စေပါတယ်။ သည် နေရာမှာတော့ outdoor kitchen ရှိတဲ့ သူတွေကတစ်ပန်းသာပါတယ်။
မီးဖို ချောင်အသုံးအ ဆောင်ပစ္စည်း တွေကို အိမ်အပြင်ဘက်ထုတ်ပြီး ချက်ပြုတ်နိုင်ပါတယ်။

+++ ရေရှည်မှာကောင်းမွန်အောင် ပြုလုပ်ပါ +++

လေအေးပေးစက်လုံးဝမသုံးဘူးလို့ ဆုံးဖြတ်ထားတဲ့သူဆိုရင် အခုလာမယ့် နွေရာသီမှာအိမ်ကိုပိုမိုအေးမြအောင် ပြောင်းလဲမှုလေးတွေ လုပ်ဆောင်နိုင်ပါ တယ်။ ဥပမာအားဖြင့် ပြတင်းပေါက်ကို အပူကာဖလင်ပြားတွေနဲ့ ကာရံခြင်းကလည်း လိုက်ကာတွေလိုပဲလုပ်ဆောင်ပေးနိုင်ပါ တယ်။ အလင်းရောင်ထိုးတဲ့ပြတင်းပေါက် တွေမှာ အကာတွေတပ်ဆင်ခြင်း၊ အပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်ပေးနိုင်သလို အိမ်ကစုပ်ယူနိုင်တဲ့ အပူပမာဏကိုလည်း လျှော့ချပေးနိုင်ပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service