သင့်အိမ်ကလေး လုံခြုံစေဖို့ဆိုရင်..... - Property Knowledge in Myanmar from iMyanmarHouse.com
5090 Views

သင့်အိမ်ကလေး လုံခြုံစေဖို့ဆိုရင်.....

Knowledge | Posted by Si Thu Aung

အလုပ်ကိစ္စတစ်စုံတစ်ခု ပေါ်ပေါက်လာလို့ပဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ပဲဖြစ်ဖြစ် ရပ်ဝေးခရီးကိုရက်အကြာကြီးသွားရတော့မယ်ဆိုရင် ကိုယ့်အတွက် တန်ဖိုးအရှိဆုံးအရာဖြစ်တဲ့ အိမ်လေးကိုစိတ်မချဖြစ်တတ်ပါတယ်။ ခရီးသွားမယ်ဆိုရင် ကိုယ့်အိမ်ကလေးကို ဘယ်လိုကာကွယ်ရမလဲဆိုတဲ့အချက်တွေကို အကြံပေးလိုပါတယ်။

၁။ အိမ်မှာ သတိပေးစနစ်တပ်ဆင်ပါ။ သည်နည်းလမ်းက ကိုယ့်အိမ်ကိုစောင့်ကြည့်ဖို့နဲ့ ဖောက်ထွင်းခံရမယ့်ရန်ကနေ ကာကွယ်ပေးမယ့် အကောင်းဆုံးနဲ့အလွယ်ကူဆုံးနည်းတစ်ခုဖြစ်ပါတယ်။

၂။ ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ လူစိမ်းတွေကို အမြဲစောင့်ကြည့်နေဖို့ကလည်းအရေးကြီးပါတယ်။ ကိုယ့်အိမ်ရှေ့မှာ မမြင်ဖူးမတွေ့ဖူးတဲ့ ကားတွေလာရပ်တာမျိုး၊ အိမ်ပတ် ဝန်းကျင်မှာ မသင်္ကာစရာတစ်ခုခုတွေ့ပြီဆိုရင် ရဲစခန်းကိုအကြောင်းကြားပါ။

၃။ ခရီးသွားမယ်ဆိုရင် ဒေသရဲစခန်းနဲ့ အိမ်နီးချင်းတွေကို အကြောင်းကြားသွားပါ။ ခရီးသွားနေရင် အိမ်က စာတိုက်ပုံးမှာ စာတွေပုံမနေစေပါနဲ့။ သတင်းစာလည်း မပို့ခိုင်းပါနဲ့။ သည်အရာတွေ အိမ်ရှေ့မှာစုပုံနေတယ်ဆိုရင် အိမ်မှာလူမရှိမှန်းသတိထားမိသွားပြီး ကိုယ့်အိမ်ကဖောက်ထွင်းခံရဖို့ အလားအလာတွေရှိလာနိုင်ပါတယ်။

၎။ ခရီးသွားရင် ဖုန်းနံပါတ်တွေအကုန်ယူသွားပါ။ ဒေသရဲစခန်း ဖုန်းနံပါတ်၊ အရေးပေါ်ဖုန်းနံပါတ်၊ နယ်မြေလုံခြုံရေးမှူးဖုန်းနံပါတ်၊ အိမ်နီးချင်းတွေရဲ့ ဖုန်းနံပါတ်ပါပဲ။ သည်ဖုန်းနံပါတ်တွေ ကိုယ့်လက်ထဲမှာ အဆင်သင့်ရှိနေရင် အကူအညီတောင်းနိုင်ပါတယ်။

၅။ ခရီးသွားတဲ့အခါ တံခါးတွေကို အပြင်ကရောအတွင်းကပါ ဂျက်ချသွားပါ။ သည်လို ဂျက်ချထားတဲ့ တံခါးတွေကဖောက်ထွင်းရေးသမားတွေဖောက်ထွင်းဖို့ အခက်ခဲ ဆုံးနဲ့အကြောက်ဆုံးအရာတွေပါ။

၆။ အိမ်သော့တွေကို အိမ်အပြင်မှာဝှက်မထားပါနဲ့။ ဖောက်ထွင်းရေးသမားတွေက သော့တွေရှိမယ့်နေရာကို မှန်းခြေနဲ့ရှာဖွေပြီး အိမ်တံခါးကိုအလွယ်တကူဖွင့်ပြီးဝင် သွားနိုင်ပါတယ်။

၇။ ခရီးသွားရင် အိမ်စောင့်တစ်ယောက်ခေါ်ထားပါ။ အိမ်မှာအိမ်စောင့်မယ့်သူတစ်ယောက်ရှိနေရင်လည်း အိမ်ကိုဖောက်ထွင်းမခံရအောင် ကာကွယ်နိုင်ပါ
တယ်။

၈။ အိမ်တံခါး၊ ပြတင်းပေါက်တွေကို သစ်ပင်တွေကွယ်မနေပါစေနဲ့။ သည်လိုကွယ်နေခြင်းက ဖောက်ထွင်းရေးသမားတွေအတွက် အကာအကွယ်ကောင်းကောင်းရသွားစေနိုင်တယ်။ ကိုယ့်အိမ်ဖောက်ထွင်းခံနေရမှန်း အိမ်နီးချင်းတွေ၊ ဖြတ်သွားဖြတ်လာတွေကလည်း သတိထားမိမှာမဟုတ်ပါဘူး။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service